Wednesday, February 24, 2016

တပို့တွဲလပြည့်နေ့တွင် ထမင်းနဲထိုးပွဲများနှင့် ထူးခြားစွာဥာဏ်ရိုးပှုဇော်ပွဲ ပြည်ခရိုင်အ တွင်းကျင်းပပြုလုပ်

Leave a Comment




တပို့တွဲလပြည့်နေ့တွင် ထမင်းနဲထိုးပွဲများနှင့် ထူးခြားစွာဥာဏ်ရိုးပှုဇော်ပွဲ ပြည်ခရိုင်အ တွင်းကျင်းပပြုလုပ်



ပြည်၊ဖေဖော်ဝါရီ၊၂၃



ပဲခူးတိုင်းဒေသကြိး ပြည်ခရိုင်အတွင်းရှိ စေတီပုထိုးများတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၃း၃၀ မိနစ်အချိန်ခန့်မှစတင်ကာ တပို့လပြည့်နေ့အထိမ်းအမှတ်အနေဖြင့် ထမင်းနဲထိုးခြင်း နျင့် ဥာရိုးပှုဇော်ခြင်းများကို ယခင်နှစ်များထက်ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါ ပြည်ခရိုင်အတွင်းရှိ စေတီပုထိုးများနှင့် သရေခေတ္တရာသာသနာအစ ဖိုးဦးတောင်မှ ဆိုသည့် စကားပုံရှိရာ ပြည်တစ်ဘက်ကမ်းရှိ ပန်းတောင်းမြို့နယ်အတွင်းမှ ဖိုးဦးတောင်စေတီတော်မြတ်ကြီးတွင် နှစ်စဉ် နှစ်တိုင်း ထမင်းနဲများ၊ဒန်ပေါက်များ၊အိန္ဒိယထမင်းဟင်း(ချစ်တီးထမင်း)များအား ကိုယ်တိုင်ပြုလုပ်ကာ ချက်ပြုပ်ကာ ဗုဒ္ဓမြတ်စွာဘုရားအားလှူဒါန်းဆပ်ကပ်ခြင်း၊ဘုရားဖူးလာပြည်သူများအား အလှူဒါနပြုခြင်းများကျင်းပပြုလုပ်ခဲ့သလို ထိုနည်းတူစွာ သရေခေတ္တရာပြည်မြို့ လေးဆူးဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် နှစ်စဉ်နှစ်တိုင်း ထမင်းနဲ့ထိုးပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ပြီး ဥာဏ်ရိုးပှုဇော်ပွဲကိုပါ ပူးတွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရသည်။



“တပို့တွဲလပြည့်နေ့ရောက်တိုင်း တစ်ခြားမြို့တွေမှာမရှိတဲ့ တစ်နှစ်မှာတစ်ရက်တည်းသာကျင်းပတဲ့ ဥာဏ်ရိုးပှုဇော်ပွဲဟာ အထူးခြားဆုံးနဲ့ မြန်မာပြည်တစ်ပြည်လုံးမှာ ပြည်မြို့တစ်မြို့တည်းမှာပဲ ထုံးတမ်းဓလေ့သဖွယ် ကျင်းပပြုလုပ်လာတဲ့ ဥာဏ်ရိုးပှုဇော်ပွဲပါ။ ဥာဏ်ပင်ကို ခုတ်ဖြတ်ပြီး နေလှန်းတယ်။ဥာဏ်ပင်ဟာ နေလှန်းလို့ခြောက်လာတာတဲ့ ဖြူဖွေးစွပ်နေတဲ့အဖြူရောင်အချောင်း ဥာဏ်ချောင်းလို့လည်းခေါ်တယ်။အလွယ်ခေါ်ကြတာတော့ဥာဏ်ရိုးပေါ့။အဲဒါကို တပို့တွဲလပြည့်နေ့ နံနက် သုံးနာရီခွဲ လေးနာရီမှာ ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်မုဒ်ဝ အပြင်ဘက်မှာ စည်ကားစွာကျင်းပတယ်။ ဥာဏ်ရိုးကို ဘုရားမှာပှုဇော်ရခြင်းကြောင့် ဥာဏ်ပညာအမျှော်အမြင်ကြီးမားတယ်လို့ယူစတာတွေလည်းရှိတယ်။ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပေါ့။နှစ်စဉ်ချမ်းအေးလွန်းတဲ့ဆောင်းတွင်းပိုင်းမှာ တစ်ကြိမ် တစ်ရက် တစ်နေရာတည်းမှာပဲကျင်းပတဲ့ဥာဏ်ရိုးပှုဇော်ပွဲပါ။တစ်ချို့ကလည်း ဘုရားကိုရည်မှန်းပြီးဆောင်းတွင်းမှာအေးလွန်းလို့ အနွေးငွေ့ပေးတာတွေလို့လည်းယူစကြတာတွေရှိတယ်။ဒွတ္တပေါင်မင်းကြီးလက်ထပ်ကတည်းက ကျင်းပလာတာယနေ့အထိပါပဲ။” ဟု ဥာဏ်ရိုးလာရောက်ပှုဇော်သူ ပြည်မြို့ဒေသခံ အသက် ၅၀-ကျော် ဒေါ်ပန်းမွှေးကပြောသည်။



အဆိုပါ ဥာဏ်ရိုးပှုဇော်ပွဲအား တစ်နိုင်ငံလုံးတွင် ပြည်မြို့တစ်ခုတည်းမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်စဉ်တစ်ပို့တွဲလပြည့်နေ့ရောက်တိုင်း ပြည်မြို့လေးဆူးဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်မုဒ်ဝအပြင်ဘက်မှာ ပြုလုပ်ပေးလေ့ရှိပြီး ထမင်းနဲ့ထိုးပြိုင်ပွဲများကိုပါ ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးမှာ ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရသည်။



“အဘတို့က မှော်ဘီကနေ ဖိုးဦးတောင်မှာလာရောက်အလှူဒါနပြုကြတာ။နှစ်စဉ်နှစ်တိုင်းအဘရဲ့တပည့်သားသမီးတွေနဲ့ ဖိုးဦးတောင်မှာ ထမင်းနဲ့ကိုယ်တိုင်ထိုးတယ်။ဘုရားလှူတယ်။ဘုရားဖူးလာသူတွေအားလုံးကို ထမင်းနဲတွေပေးဝေပြီး ထမင်းနဲအလှူလုပ်လေ့ရှိတယ်။အဘတို့ထမင်းနဲတွေတင်မဟုတ်ဘူး။ဒီဖိုးဦးတောင်မှာ ထူးခြားဆန်းပြားမှုတွေ ဘ၀ပဌာန်းဆက်တွေရှိကြလို့ ချစ်တီးထမင်းလို့ခေါ်တဲ့ အိန္ဒိယအစားအစာတွေလာလှူတာတွေလည်းရှိတယ်။သီးစုံသတ်သတ်လွတ်ဒန်ပေါက်တွေလာလှူတာတွေရောအစုံပါပဲ။နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွေမှာ ရှမ်းအိုးစည်တွေလည်းပါဝင်တီးခတ် လုပ်အားဒါန အလှူဒါနတွေ ဒီဖိုးဦးတောင်ပေါ်မှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။နောင်နှစ်တွေမှာ ဒီပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်ထဲက ဖိုးဦးတောင်နဲ့ ပဌာန်းဆက်ရှိသူအားလုံးကို ဖိတ်ခေါ်ပါတယ်။” ဟု မှော်ဘီအဘဖြူ ဆိုသူကပြောသည်။



အဆိုပါ နှစ်စဉ် နှစ်တိုင်းတပို့တွဲလပြည့်နေ့များတွင် ပြည်ခရိုင်အတွင်းရှိ ဘုရားစေတီများနှင့် ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး နှင့် ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ဖိုးဦးတောင်စေတီတော်မြတ်ကြီးတို့တွင် ဗုဒ္ဓဘာသာတို့၏ ထုံးတမ်းအစဉ်အလာအတိုင်း အလှူဒါနမျိုးဆုံကိုကျင်းပပြုလုပ်လေ့ရှိပြီး အနယ်နယ်အရပ်ရပ်ရှိ ဘုရားဖူးများအပါဝင် ဒေသခံ ပြည်သူများဖြင့် အင်မတန်စည်ကားသိုက်မြို့က်စွာ ထမင်းနဲထိုးပြိုင်ပွဲများ၊ဥာဏ်ရိုးပှုဇော်ပွဲများနှင့်ဘုရားပွဲတော်များဖြင့် ကျင်းပပြုလုပ်လေ့ရှိကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019

0 comments:

Post a Comment

Facebook Like Page