Wednesday, February 10, 2016

အရန်မီးသတ်ဖွဲ့အား စေတနာရှင်ရဲဝန်ထမ်းဟောင်းတစ်ဦးမှ မီးလောင်ပြင်စီး ဖိနပ်လှူဒါန်း ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

အရန်မီးသတ်ဖွဲ့အား စေတနာရှင်ရဲဝန်ထမ်းဟောင်းတစ်ဦးမှ
မီးလောင်ပြင်စီး ဖိနပ်လှူဒါန်း

ပြည် ဖေဖော်ဝါရီ( ၁၀ )
ယခုရာသီသည် ပူပြင်းခြောက်သွေ့သော နွေရာသီကိုရောက်
ရှိလာတာနဲ့အမျှအမြို့မြို့အနယ်နယ်မှာ အကြောင်း အမျိုးမျိုးကြောင့် မီးလောင်မှုများဖြစ်ပေါ်နေသဖြင့် ပြည်သူများ၏အသက်အိုးအိမ်
စည်းစိမ်များ ဆုံးရှုံးခဲ့ရသည်ကို မိဘပြည်သူများ အမြင် ၊ အသိ ၊ 
အကြားပင်ဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ရင်း 
အသက်ပေးဆပ်သွားခဲ့ရတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီး 
သတ်တပ်ဖွဲ့ဝင်များလဲရှိခဲ့သည်ကိုလဲ မိဘပြည်သူများအသိပင်ဖြစ်ပါ
သည်။

စေတနာ ဝါသနာ အနစ်နာ နာ(၃)နာကိုဦးထိပ်ထားပြီး ဆောင်ရွက်ေ
နသော အရန်မီးသတ်တပ်ဖွဲ့များထဲမှ ပြည်မြို့၊ ဆံတော်နယ်မြေ ၊တပ်ခွဲ
(၂)၊ တပ်စု(၅)၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် တပ်ဖွဲ့ ဝင်များအန္တရာယ်ကင်းဝေးစေရန်နှင့်တပ်ဖွဲ့စည်းမျဉ်းစည်းကမ်းအတိုင်း၊
တူညီဝတ်စုံဝတ်ဆင်နိုင်ရေးအတွက် ရည်ရွယ်ပြီး၊အရောင်အဆင်းမရှိ
ပရဟိတစိတ်တစ်ခုထဲကိုရင်ဝယ်ပိုက်ကာ ၊တန်ဖိုးငွေ(၆၀၀၀၀ိ/ကျပ်)ရှိမီး
လောင်ပြင်စီး လယ်ရှည်ဖိနပ်(၅)ရံအားမီးသတ်တပ်ဖွဲ့စခန်းသို့လာရောက် 
လှူဒါန်းခဲ့ ပါသည်။
ထိုသို့ ဆံတော်နယ်မြေ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဖိနပ်
လှူ ဒါန်းပေးခဲ့သော အလှူ ရှင်မိသားစုမှာအောင်ဆန်းပြည်သာယာ
ရပ်ကွက်နေ ဦးမျိုးဆွေဦး ဇနီး ဒေါ်ဝင်းမင်းသန်း ၊သမီး မဆုသီရိမင်း၊
မကြယ်စင်မှူးဆွေ တို့မှလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဦးမျိုးဆွေဦးသည် ရဲပရ
ဟိတလုပ်ငန်းများဖြစ်သော ရဲတပ်ဖွဲ့ဝင်များ၊မိသားစုများ၊ရဲဝန်ထမ်းေ
ဟာင်း များ၏ သာရေး/နာရေးများတွင်လဲ တတ်စွမ်းသမျှပါဝင်ကုသို
လ်ယူသော သူလဲဖြစ်ပါသည်။
ယခုကဲ့သို့ တတ်စွမ်းသမျှကုသိုလ်ယူ လှူဒါန်းရသောအကျိုးအားကြောင့် 
အလှူရှင်ဦးမျိုးဆွေဦး တို့ မိသားစုသည်ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ 
ကျပါစေ ၊အသက်ရှည်ခြင်းအနာရောဂါကင်းရှင်းကျပါစေ ၊ရွှေ ငွေ ဥစ္စ ဒီရေ 
အလားဆထက်တစ်ခိုး တိုးတက်ကျပါစေ ၊ သွားလေရာ လာလေရာခလုတ်
မထိ ဆူးမငြိပဲသွားလမ်း သာလို့လာလမ်းဖြောင့်ကျပါစေ ၊ သားသမီးများသည်
လဲ စာမေးပွဲတွေဖြေဆိုနိုင်ပြီး ဂုဏ်ထူးများလဲရကျပါစေလို့ ဆံတော်နယ်မြေ ၊ 
တပ်စု(၅) ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များကိုယ်စားဆုမွန်ကောင်းများပေးပို့အပ် 
ပါသည်။
 
ပြည့်သဲမောင်(ပြည်)09-4236 71883
 
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page