Friday, November 20, 2015

Leave a Comment


ပြည်ရွှေဆံတော်ဗုဒ္ဓပှုဇနိယပွဲ ယခင်နျစ်များထက် ယိမ်းကားများလျော့နည်းလာ



ပြည်၊နိုဝင်ဘာ၊၂၀



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ လေးဆူးဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၀၄၆ နှစ်ပြည့် ဗုဒ္ဓပှုဇနိယပွဲတော်နှင့် ၁၁၆ နှစ်ပြည့်မြတ်စွယ်တော်အပှုဇော်ခံပွဲကို နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး သုံးနှစ်တစ်ကြိမ်မြတ်စွယ်တော်မြို့တွင်းလှည့်လည်အပှုဇော်ခံလေ့ရှိရာ ယခုနှစ်တွင် စွယ်တော်မြတ်အား မြို့တွင်းသို့ လှည့်လည်အပှုဇော်ခံသွားမည်ဖြစ်ပြီး ယခင်နှစ်များထက် ယခုနှစ်တွင် ယိမ်းကားများလျော့နည်းသွားကြောင်းသိရသည်။



မြတ်စွယ်တော်မြို့တွင်းလှည့်လည်အပှုဇော်ခံရာတွင် ပြည်မြို့ပေါ်ရပ်ကွက်ကြီးများမှ အလှပြယိမ်းကားကြီးများ လိုက်ပါပှုဇော်လေ့ရှိပြီး ယခုနှစ်မှာ ရပ်ကွက်ကြီးနှစ်ခုဖြစ်သည့် န၀င်းရပ်ကွက် နှင့် ဆင်စုရပ်ကွက်များမှ ယိမ်းကားကြီးများမလိုက်ပါနိုင်တော့ကြောင်းသိရသည်။



“အခုနှစ်မှာရေကြီးခဲ့လို့ အလှူငွေကောက်ခံရတာနဲ့ လုပ်ရကိုင်ရတာတွေအဆင်မပြေ အခက်ခဲတွေရှိနေလို့ဆိုပြီး န၀င်းရပ်ကွက်ယိမ်းကားမထထွက်နိုင်တော့တာပါ။ဆင်စုရပ်ကွက်က ရပ်ကွက်လည်းသေးတယ်။ဦးဆောင်လုပ်ရကိုင်ရမဲ့သူတွေနဲ့ အလှူငွေကောက်ခံဖို့အခက်ခဲတွေရှိနေဆင်စုယိမ်းလည်းမပါတော့ဘူး။” ဟု ရပ်ကွက်ယိမ်းကားဖြစ်မြောက်ရေးကော်မတီတစ်ခုမှ ဥက္ကဌတစ်ဦးကပြောသည်။



ပြည်မြို့တွင်မြို့ပေါ်ရပ်ကွက်ကြီး ၁၀ရပ်ကွက်ရှိပြီး ယခုနှစ် မြတ်စွယ်တော်မြို့တွင်းလှည့်လည်ပှုဇော်ပွဲတွင် လိုက်ပါလှည့်လည်မည့် လှေလှော်ယိမ်း၊စည်တော်ယိမ်း နှင့်အလှပြယိမ်းကားကြီး ၈ ယိမ်းပါဝင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်ယိမ်းများတွင် နာမည်ကြီးအနုပညာရှင်သရုပ်ဆောင်များ၊အဆိုတော်များ၊လူရွှင်တော်များပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။



“အရင်နှစ်တွေက ဗလာပွဲကိုအနောက်ဘက်မုဒ်မှာညလုံးပေါက်ကပြထည့်သွင်းပေးခဲ့ကြတယ်။အခုနှစ်နေရာပြောင်းထားတယ်။ရွှေဆံတော်ဘုရားခြေရင်း ဓါတ်လှေခါကွင်းမှာ အငြိမ့်သုံးရက်။ဆိုင်းပွဲသုံးရက်။စတိတ်ရှိုးတစ်ရက်။မြန်မာ့ရိုးရာ အလှပြခြင်းဝိုင်း ခြင်းပညာရှင်များပါဝင်တဲ့ ခြင်းဝိုင်းကသုံးရက် ပါဝင်သွားမယ်။”ဟု အဆိုပါဘုရားကြီးနားနေထိုင်သူတစ်ဦးကပြောသည်။



ပြည်မြို့လေးဆူးဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပှုဇနိယပွဲတော်ကြီးကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့အထိ ဆယ်ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့ညနေပိုင်းတွင် တွင်မြတ်စွယ်တော်အား ဖွင့်လှစ်အပှုဇော်ခံလျှက်ရှိပြီး တန်ဆောင်မုန်းလဆန်း၁၃ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ကာ မြို့တွင်းသို့ လှည့်လည်အပှုဇော်ခံမည်ဖြစ်ကြောင်းသိရသည်။ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓမြတ်စွယ်တော်မှာ သီရိလင်္ကာနိုင်ငံ သီဟိုရ်ကျွန်းမှ ဗုဒ္ဓမြတ်စွယ်တော်အစစ်နှင့်ထပ်တူကိန်းဝပ်ပွားယူတော်မှုခဲ့တာဖြစ်ပြီး မြန်မာ့မြေပေါ်ါ်သို့ ဦးစွာပထမဆုံးရောက်ရှိသည့် စွယ်တော်မြတ်တစ်ဆူတစ်ဖြစ်ကြောင်း ၄င်းစွယ်တော်သမိုင်းစာအုပ်မှသိရသည်။



K3(pyay)
ပြည်သတင်း
www.facebook.com/pyaynews

0 comments:

Post a Comment

Facebook Like Page