Wednesday, November 18, 2015

ဘာသာပေါင်းစုံပါဝင်သောငြိမ်းချမ်းရေးအထိမ်းအမှတ် ကျောက်တိုင်အား ပြည်တစ်ဖက်ကမ်း ပရဟိတ တောင်ကုန်းပေါ်တွင် စိုက်ထူခဲ့

Leave a Comment




ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူဦးဆောာင်တည်ထားသော  ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ် အောင်တော်မူစေတီတည်ရှိရာ ပရဟိတတောင်ကုန်းပေါ်တွင် ဘာသာပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေးအထိမ်းအမှတ်ကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး အခမ်းအနားကို နာရေးကူညီမှုအသင်းရန်ကုန် ဥက္ကဌ ဦးကျော်သူက  ဗြဟ္မာစိုရ်တရား ကမ္ဘာကိုလွမ်းစေရမည် စာတမ်းပါဗီနိုင်ပိုစတာ အားမိုးပျံပူဖောင်းတွင်ချိတ်လွှတ်၍ ဖဲကြိုးဖျက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


“လူတွေဗြရ်မစိုတရားတွေကင်းမဲ့တယ် မြန်မာနိုင်ငံမှာတောင်မဟုတ်ဘူး ကမ္ကာ့နိုင်ငံအသီးသီးမှာ ဒါကြောင့် စစ်ပွဲတွေ လူမျိုးရေးပဋိပက္ခတွေဖြစ်တယ် ဒါငြိမ်းချမ်းမှုအတွက် ကျောက်တိုင်လုပ်ဖို့စဉ်းစားတယ် ဘုရားသခင်တိုင်းက ငြိမ်းချမ်းရေးကိုချစ်တယ် ငြိမ်းချမ်းရေးကိုလိုလားတယ် ကျနော်တို့ ဘာသာကြီးလေးမျိုးရဲ့ဘုရားသခင်တွေရဲ့စကားကိုလိုက်နာပြီးတော့ ငြိမ်းချမ်းရေးကျောက်တိုင် ထူတာ။” ဟု ရန်ကုန်နာရေးကူညီးမှုအသင်း ဥက္ကဌ ဦးကျော်သူကပြောသည်။


အဆိုပါကျောက်တိုင်မှာ ပရဟိတတောင်တော်ပေါ်ရှိ မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီတော်မြတ်ကြီး ပုရ၀ုတ် ၀န်းအတွင်း အောင်မြေဟုသတ်မှတ်ထားသည့် မြေနေရာတွင်စိုက်ထူခဲ့ခြင်းဖြစ်ပြီး ကျောက်တိုင်ပုံစံမှာ ကျောက်စာကိုင်သည့်ပင်မလက်ရုပ်ထုအား အခြားလက်ခြောက်ခြောင်းမှ မြေလွှများအားဖောက်ထွက်ယှက်နွှယ်ထားပြီး ဖောက်ထွက်ကွဲအက်လာသောအုပ်ချပ်များအတွင် ဘာသာကြီးလေးမျိုး၏ သင်္ကေတများဖော်ကျူးသရုပ်ပြသထားခြင်းဖြစ်သည်။


“ဒီလိုအားလုံးတစ်နေရာတည်းမှာ ဆုံစည်းရတာ အင်မတန်မှကောင်းပါတယ် အားလုံးဟာ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ သူတွေပဲဖြစ်ပါတယ်”ဟု အဆိုပါပွဲအားတက်ရောက်လာသော အစ္စလမ်ဘာသာရေးခေါင်းဆောင်တစ်ဦးကပြောသည်။


အဆိုပါဖွင့်ပွဲတွင် ပြည်ခရိုင် ဒေသရှိ ဘာသာကြီးလေးခုမှ ဘာသာရေးခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး ဦးကျော်သူအပါအ၀င် မြန်မာနိုင်ငံအနှံအပြားရှိ ပရဟိတလုပ်ငန်းဆောင်ရွက်သူများအပြင် မော်ဒယ် ထားထက်ထက်၊ နန်းခင်ဇယျာ၊ ဂရပ်ဖတီရေးဆွဲသူ အာကာကျော် ၊တေးရေးနိုင်မြန်မာ၊ ဗေဒင်ဆရာ ဇင်ယော်နီ  အစရှိသည့် နယ်ပယ်ပေါင်းစုံမှ ဂမ္ဘီရဗေဒင်မှော်ဆရာများနှင့်အနုပညာလောကတွင် ကျော်ကြားသူများပါ ရောက်ရှိခဲ့ကြောင်းသိရသည်။


အဆိုပါပွဲတွင် ဘာသာပေါင်းစုံမှ လူကြီးလူငယ်အများအပြားတက်ရောက်ခဲ့ပြီး ဘာသာရေးတစ်ခုစီအလိုက် ရိုးရာအတီးအမှုတ်များဖြင့် ဖျော်ဖြေခြင်းများကိုလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းပရဟိတအောင်တော်မူစေတီတွင် ယခု ဘာသာပေါင်းစုံငြိမ်းချမ်းရေးကျောက်တိုင်အပြင် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းလက်ဆောင်ပေးထားသော ဗောဓိညောင်ကိုလည်းစိုက်ထူထားကြောင်းသိရသည်။



K3(pyay)


0 comments:

Post a Comment

Facebook Like Page