Wednesday, November 18, 2015

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးဗုဒ္ဓပှုဇနိယပွဲတော်တွင် ဗလာပွဲအားနေရာပြောင်းရွေ့ထည့်သွင်းပေးမည်

Leave a Comment



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် လေးဆူဓါတ်ပျော် ပြည်ဆံတော်စေတီတော်မြတ်ကြီး စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပှုဇော်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး နှစ်စဉ်ထည့်သွင်းလာသည့် ဗလာပွဲနေရာအခက်ခဲများရှိနေမှုကြောင့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဓါတ်လှေခါအနီးတွင် နေရာအစားထိုးထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ယခင်နှစ်များစွာကတည်းက ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပှုဇနိယပွဲတော်တိုင်းတွင် နာမည်ကြီးဇာတ်ကြီးများရှိပြီး ပြည်ယဉ်ကျေးမှုဇာတ်ရုံ မိုးလုံလေလုံဇာတ်ရုံတွင်အခကြေးငွေဖြင့်ပြသခဲ့သည်။  ပြည်မြို့နယ်အတွင်းရှိ ဇာတ်ပညာရှင်များကတော့ ရွှေဆံတော်စေတီတော်မြတ်ကြီး အနောက်ဘက်မုဒ်အနီးတွင် နှစ်စဉ်ဗလာပွဲ(အခမဲ့-၀င်ကြေးပေးစရာမလို)ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ထိုနေရာတွင် တောင်တော်ထိန်းသိမ်းပြုပြင်ရန် နှင့် သုံးထပ်ဆောင်ဓမ္မာရုံပြုပြင်မှုများကြောင့် အလုပ်သမားများနေထိုင်စရာအဖြစ်ခေတ္တယာယီသတ်မှတ်ပေးထားသောကြောင့် ထိုကျင်းပနေကျနေရာတွင် ဗလာပွဲအားကျင်းပနိုင်ခြင်းမရှိကြောင်းသိရသည်။

“ဒီနေရာမှာ ဘိုးဘွားတွေလက်ထက်ကတည်းကကျင်းပလာတာ ဒီနှစ်ကမြေပြင်ကို စွယ်တော်လှည့်မယ့်နှစ်ပါ။မြို့ထဲကိုစွယ်တော်ကြွချီမယ့်နှစ်က သုံးနှစ်မှတစ်ကြိမ်ဖြစ်တာ။နှစ်စဉ်ဘုရားရင်ပြင်မျာပဲလှည့်လည်လေ့ရှိတယ်။အခကြေးငွေနဲ့ ပြသတဲ့ဇာတ်ရုံမှာ လူတိုင်းမကြည့်နိုင်ဘူး။ဒီဗလာပွဲကိုပဲကြည့်ကြရတာ။ဒီဗလာပွဲမှာနားကြတယ်။အိပ်ကြတယ်။တစ်နေ့တာအပန်းဖြေကြရတယ်။ဒီနှစ်ဗလာပွဲမလုပ်ဘူးလို့ဂေါပကအဖွဲ့ကပြောနေတယ်။ဒီဗလာပွဲက လူသားတွေတွင်ကြည့်ဖို့မဟုတ်ဘူး ဘုရားမှာစောင့်လျှောက်ကြတဲ့ မမြင်ရတဲ့သူတွေကြည့်ဖို့ နှစ်စဉ်မပါမဖြစ်လုပ်ပေးလာတာ။အဖိုးအဘွားတွေပြောခဲ့လို့ပါ။ဗလာပွဲမဖြစ်ရင် ဘုရားပေါ်မှာ တစ်ခုခုဖြစ်တတ်တယ်လို့လည်းအဘိုးအဘွားတွေကပြောခဲ့တယ်။” ဟု အနောက်ဘက်စောင်းတန်းလမ်းနေထိုင်သူ ဒေသခံ ကိုသောင်းထိုက် ကပြောသည်။

“မကျင်းပပေးဘူးမဟုတ်ဘူး။ကျင်းပပေးမှာ။ခုကမြေနေရာအခက်ခဲရှိနေတယ်။ခါတိုင်းကျင်းပပေးတဲ့နေရာမဟုတ်ဘဲ ဓါတ်လှေခါးနားမှာ ဆိုင်းဝိုင်း၊ခြင်းဝိုင်း နှစ်စဉ်ထည့်ပေးတဲ့နေရာမှာ အစားထည့်ပေးမှာ။ကျွန်တော်တို့လည်း ထည့်ပေးချင်တာပေါ့။ခရက ကနေရာချပေးရင် ပေးတဲ့နေရာမှာကျွန်တော်တို့တွေ ကျင်းပပေးသွားမှာ။” ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပက ဥက္ကဌ ဦးမြ၀င်း(ပြည် တက္ကသိုလ်ပါမောက္ခချုပ်-ငြိမ်း) ကပြောသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် တားစီးပိတ်ပင်ထားတာမရှိကြောင်း ဂေါပကအဖွဲ့တွေအဆင်ပြေသည့်နေရာမှာကျင်းပပြုလုပ်ပေးသွားမျာဖြစ်ပြီး နှစ်စဉ်ထည့်သွင်းကျင်းပလာသည့် ဗလာပွဲနေရာအခက်ခဲရှိနေပြီး။ယခုနှစ်မှာတော့ ပွဲကျင်းပရက် ၁၀ ရက်ကို ခြင်းပွဲ၊ဆိုင်းပွဲ၊ဗလာပွဲ သုံးမျိုးအား အဆင်ပြေအောင် ဓါတ်လှေခါးအနီးမှာကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ပွဲတော်အား နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့ကနေ လပြည့်ကျော် ၂ ရက်နေ့အထိ ရွှေဆံတော်စေတီတော်မြတ်ကြီး မြောက်ဘက်စောင်းတန်းနှင့် အနောက်ဘက်စောင်းတန်းတို့မှာစည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး အနောက်ဘက်စောင်းတန်းတွင် အဓိကစည်ကားရခြင်းမှာ ဗလာပွဲရှိ၍ စည်ကားနေခြင်းဖြစ်သည်။ နှစ်စဉ် ရွေဆံတော်စေတီမြတ်ကြီးရင်ပြင်တော်ပေါ်တွင်လှည့်လည်အပှုဇော်ခံအဖူးမျှော်ခံလေ့ရှိပြီး သုံးနှစ်တစ်ကြိမ် မြို့တွင်းအနှံ့ မြေပြင်တွင် အပှုဇော်ခံအဖူးမျှော်ခံလျှက်ရှိရာ ယခုနှစ်မှာတော့ မြို့တွင်းသို့ ဗုဒ္ဓမြတ်စွယ်တော်အဖူးမျှော်ခံရန်ကြွချီလှည့်လှည်ပေးသွားမှာဖြစ်၍ ယခင်နှစ်များထက်ပိုမိုစည်ကားသိုက်မြိုက်မည်ကြောင်းသိရသည်။

ထိုဗလာပွဲမကျင်းပမည်ကို ပြည်မြို့ဒေသခံများက ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး ဘုရားဂေါပကအဖွဲ့အား အင်တာနက်ပေါ်များနှင့်ဒေသခံပြည်သူတွေက ပြစ်တင်ဝေဖန်မှုတွေလည်းရှိနေကြောင်းသိရသည်။

K3(pyay)


0 comments:

Post a Comment

Facebook Like Page