Monday, October 12, 2015

ရဲတပ်ဖွဲ့၏ cctv တပ်ဆင်ထားသော ဖုန်းတိုင်လဲကျ ယခုအချိန်ထိ ပြုပြင်မှု့မရှိသေး

Leave a Comment












12.10.2015

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ရွှေတစ်ချောင်း
လမ်းမပေါ်တက္ကသိုလ်ရှေ့၌ အောက်တိုဘာလ(၁၂)
ရက်နေ့ နံနက်(၂း၃၀) အချိန်ခန့် ဖုန်းတိုင်တစ်တိုင်
လဲကျကြောင်းသိရသည်။

အဆိုပါ ဖုန်းကြိုးများသွယ်တန်းထားသော သံတိုင်
တွင် ရဲတပ်ဖွဲ့၏ cctv ကင်မရာတက်ဆင်ထားပါ
သည်။၎င်းကင်မရာအား တက္ကသိုလ်ကျောင်းထဲ
တွင်အထိုင်ထားရှိကာ လမ်းမပေါ်မှကြိုးကိုသွယ်
တန်းထားကြောင်းလဲသိရသည်။ ၄င်းသွယ်တန်း
ထားသောကြိုးမှာနိမ့်နေပြီး ကားကြီးဖြတ်သည့်
အတွက် အဆိုပါကြိုးကိုတိုက်မိပြီး၊လမ်းဘေးဖုန်း
တိုင်အပါအဝင် ၊ ကွမ်းယာဆိုင်တစ်ဆိုင်၏ဆိုင်း
ဘုတ်ပါလဲကျသွားခဲ့သည်။

ထို့ကြောင့် တာဝန်သိပြည်သူတစ်ဦးကအကြောင်း
ကြားရာရဲတပ်ဖွဲ့မှ၎င်းcctv ကင်မရာကိုဖြုတ်သိမ်း
သွားပြီး၊ဆက်သွယ်ရေးက ရဲတပ်ဖွဲ့နှင့်ရှင်းရအုံး
မည်ဟုပြောသွားခဲ့သည်ဟု ၄င်းတာဝန်သိပြည်
သူကပြောသည်။

ယခုဆိုလျှင် မည်သည့်ဌာနဆိုင်ရာကမှနေ့လည်
(၁)နာရီအချိန်အထိ ပြု ပြင်ခြင်းမရှိသေးတာကို
တွေ့မြင်ရပါသည်။ဖုန်းကြိုးဖြစ်၍အန္တရာယ်မရှိ
သော်လည်းလဲ ပြည်မြို့၏ဂုဏ်ကျက်သရေဆောင်
ပြည်တက္ကသိုလ်ရှေ့တွင် ကောင်းကင်မှာရှိရမည့်
ဖုန်းကြိုးကိုမြေပြင်မှာတွေ့နေရပြီး၊ပြည်သူတွေက
ခေါင်းငုံ့သွားနေရတာဟာ လုံးဝ(လုံးဝ)အဓိပ္ပါယ်
မရှိပါဘူး။

သို့ပါသောသက်ဆိုင်ရာ ဌာနအချင်းချင်းမည်သူ့
တွင်တာဝန်ရှိသည်ကိုနောက်ထားပြီး ပြည်သူများ
အမြင်မတင့်တဲ့ဖုန်းတိုင်လဲနေခြင်း၊ဖုန်းကြိုးများပျက်
တောက်နေခြင်းကို ဦးစားပေးဆောင်ရွက်ပေးပါရန်
ပြည်သူများကိုယ်စား ကျွန်တော်ပြည့်သဲမောင်(ပြည်)
သတင်းထောက်တစ်ဦးမှ အပြုသဘောဆောင်ကာ
အကူညီတောင်းခံအပ်ပါသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883

ပြည်​သတင်း


0 comments:

Post a Comment

Facebook Like Page