Monday, October 12, 2015

မြန်​မာ့ပထမဆုံးအမှိုက်မှစွမ်းအင်ထုတ်လုပ်မည့်စက်ရုံ ရွှေပြည်သာမြို့နယ်တွင်စတင်တည်ဆောက်

Leave a Comment



ရန်ကုန်၊ အောက်တိုဘာ ၁၁-မြန်မာ နိုင်ငံ၏ ပထမဆုံးဖြစ်သော အမှိုက် မှစွမ်းအင်ထုတ်လုပ်မည့် စက်ရုံကို ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည် သာမြို့နယ်တွင် အောက်တိုဘာ ၁၀ ရက်မှစတင် တည်ဆောက်နေ ပြီဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက် တန်ချိန် ၁၆၀၀ ကျော်ထွက်ရှိပြီး အ မှိုက်စုပုံရန် မြေနေရာရှားပါးနေခြင်း ကြောင့် အမှိုက်မှစွမ်းအင်ထုတ်လုပ် သည့်နည်းလမ်းများအရ စွန့်ပစ်အ မှိုက်တန် ၈၀၀ အား မီသိန်းဓာတ်ငွေ့ မှတစ်ဆင့် လျှပ်စစ် ၂၀ မီဂ္ဂါဝပ်ထုတ် ယူရန်နှင့် စွန့်ပစ်အမှိုက်တန် ၆၀၀ အား အမှိုက်မီးရှို့သည့်စနစ်ဖြင့် လျှပ် စစ်ဓာတ်အား ၁ရ ဒသမ ၄ မီဂ္ဂါဝပ် ထုတ်ယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း အောက်တိုဘာ ၁၀ ရက်က ရွှေပြည်သာမြို့နယ်တွင်ပြုလုပ်သည့် အမှိုက်မီးရှို့စက်ရုံ ပန္နက်တင်ပွဲအခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးလှ မြင့် ပြောကြား ခဲ့သည့်မိန့်ခွန်းမှ သိရ သည်။

ယင်းနှင့်ပတ်သက်ပြီး ရန်ကုန် မြို့တော်ဝန်က ''အမှိုက်က စွမ်းအင် ထုတ်လုပ်တဲ့လုပ်ငန်းကို အထူးစိတ် ဝင်စားပြီးတော့ waste to energy လုပ်ငန်းများ၊ Renewable Energy လုပ်ငန်းတွေက လျှပ်စစ်ဓာတ်အား ထုတ်ယူပြီး အများပြည်သူသုံးစွဲနိုင်ဖို့ ဦးတည်ဆောင်ရွက်နေတဲ့ လုပ်ငန်းများ ကို အထူးအားပေးဆောင်ရွက်လိုပါ တယ်''ဟု ပြောသည်။

အဆိုပါစက်ရုံတည်ဆောက်ရန် အတွက် ကုန်ကျစရိတ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၄ သန်း၊ ၂၀၁၆- ၂၀၁ရ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆ဒသမ ၆ သန်းလျာထား ပြီး ၂၀၁၅ ခုနှစ် မေလတွင် ဂျပန်နိုင်ငံ ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ အဆိုပြုလွှာတင်ရာ တွင် ပူးတွဲတင်ပြရမည့် International Consortium Agreement ကို လက် မှတ်ရေးထိုး ဆောင်ရွက်ထားပြီးဖြစ် ကြောင်း၊ ယင်းစက်ရုံတည်ဆောက် ရေး၏ ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်း ကို ဂျပန်အစိုးရမှ ထောက်ပံ့ပေးမည် ဖြစ်ပြီး၊ ကျန် ၅၀ ရာခိုင်နှုန်းကို သက် ဆိုင်ရာနိုင်ငံမှ စိုက်ထုတ်ရမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါစက်ရုံသည် ယခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် စတင် တည်ဆောက်နေပြီး ၂၀၁ရ ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း၊ စက်ရုံမှထွက်ရှိလာမည့် လျှပ်စစ်ဓာတ် အား ၇၀၀ ကီလိုဝပ်/နာရီ အနက် ၄၀၀ ကီလိုဝပ်/နာရီအား စက်ရုံမှ ပြန်လည်သုံးစွဲမည်ဖြစ်ပြီး ပိုလျှံသော ၃၀၀ ကီလိုဝပ်/နာရီကို National Grid Lineသို့ ထည့်သွင်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းအမှိုက်မှ စွမ်းအင်ထုတ် လုပ်မည့် စက်ရုံတည်ဆောက်ရေးကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် JFE\Director ဦးဆောင်သောအ ဖွဲ့နှင့် မြို့တော်ခန်းမတွင် လက်ခံတွေ့ ဆုံခဲ့ပြီး ၂၀၁၃-၂၀၁၄ တွင် ဂျပန်နိုင်ငံ ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ Leaf Frog Program ဖြင့် မြန်မာ နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင် ရာ ထောက်ပံ့ရန်လျာထားကြောင်း သိရသည်။

MMA
‪#‎Democracytoday‬ မှ ကူးယူ​ဖော်​ပြပါသည်​။

ပြည်​သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page