Friday, October 3, 2014

HHAL (Happy and Healthy Adolescent Life) ပျော်ရွှင်တက်ကြွလူငယ်ဘဝ အမည်ရှိ သင်တန်းအမှတ်စဉ်(၆ )အား ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်မည်

Leave a Comment


ပြည်မြို့တွင် မြန်မာနိုင်ငံဆရာဝန်အသင်းဗဟို မှဖွဲ့စည်းသော Youth Development Programme-YDP(လူငယ်ဖွဲ့ဖြိုးရေးအစီအစဉ်) ၏ HHAL (Happy and Healthy Adolescent Life)
ပျော်ရွှင်တက်ကြွလူငယ်ဘဝ အမည်ရှိ သင်တန်းအမှတ်စဉ်(၆ )အား
ယခင်နှစ်များ၌ အထက(၁)ပြည် တွင်ကျင်းပခဲ့သော်လည်း ယခုနှစ် ၁၀။၁၀။၁၄ တွင် ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ယခုသင်တန်းသည် ပြည်မြို့၌ ၆ ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပါသည်။
သင်တန်းကာလမှာ ၄ ရက်သာဖြစ်သည်။နံနက် ၉ နာရီမှ နေ့လည် ၃ နာရီထိ ဖြစ်ပါသည်။ သင်တန်းကို အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း မည်သူမဆို တက်ရောက်နိုင်ပါသည်။

Breakfast, Morning Tea break, Lunch, များ ဖြင့် ကျွေးမွေးပြုလုပ်သွားမည်ဖြစ်ပါသည်။
သင်တန်းကာလတွင်ဝတ်ဆင်ရန် သင်တန်းT- Shirt များပေးပါမည်။
ကျား၂၀ဦး မ၂၀ ဦး ကန့်သတ်ထားပါသည်။
စာရင်းနောက်ဆုံးပေးသွင်းရမည့်ရက်မှာ ၇။၁၀။၁၄ ဖြစ်ပါသည်။

သင်တန်း၌ ကျန်းမာရေးအကြောင်းများပို့ချပေးပြီး လူငယ်များအပြန်အလှန်ဆွေးနွေးခြင်း။ အားလပ်ချိန်တွင် သင်တန်းသား သင်တန်းသူများ ဂိမ်းများကစားခြင်း ကိုပြုလုပ်သွားမည်ဖြစ်ပါသည်။ လူငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသောသင်တန်းဖြစ်သဖြင့် ယခုသင်တန်းကိုတက်ရောက်ခြင်းဖြင့်
ကျန်းမာရေးပညာများစွာနှင့် ပျော်ရွှင်ဖွယ်ရာများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

ယခင် HHAL အမှတ်စဉ်1/2/3/4/5
တက်ရောက်ခဲ့ဖူးသော သင်တန်းသား/သူဟောင်း များကိုလည်း Volunteer အဖြစ်ပါဝင်ပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။

။"သူငယ်ချင်းတွေနဲ့ ပျော်ရွှင်တက်ကြွစွာပါဝင်တက်ရောက် ကြရအောင်

ဆက်သွယ်စာရင်းပေးရန်

Dr. တင်သိန်း - 09-5312045
ရှင်းခန့်ဇော် - 09 423663538

0 comments:

Post a Comment

Facebook Like Page