သရ၀ဏ်(ပြည်)
ယခုတလောအစိမ်းရောင်များကိုအတော်တွေ.ရသည် ။ ရပ်ကွက်အတွင်း ကားဖြင်.သီချင်းများဖွင်.ကာ ဖြတ်သွားကြသော ပါတီစည်းရုံးရေးကားများကိုတွေ.ရသလို ၊တစ်အိမ်တက်ဆင်းလက်ကမ်းစာစောင်များလိုက်ဝေသော အစုအဖွဲ.များကိုလည်းတွေ.ရပါသည် ။ လူထုစည်းဝေးပွဲသဏ္ဍန်ဖြင်. စုကြဝေးကြ စည်းရုံးဟောပြောကြသည်များကိုလည်းတွေ.ရပါသည် ။ စည်းရုံးမဲဆွယ်ရာတွင် အပြောမတတ်အဆိုမတတ်ဖြင်. ပြောမိပြောရာ ရောက်မိရောက်ရာပြောကြသည်များကိုလည်း ကြားရဖတ်ရပါသည် ။ ယခုအခါ ၂၀၁၅ နိုဝင်ဘာ (၈)ရက် အထွေထွေရွေးကောက်ပွဲကြီးနီးသထက်နီးကပ်လာရာ ရှုံးမှာကိုကြောက်လာသော လူပုဂ္ဂိုလ်အချို.၏ကယောင်ကတမ်းစကားသံများလည်းနားနှင်.မဆံ.အောင်တနေ.တမျိုးပျံ.လွင်.လာချေသည် ။ ရန်ကုန်တိုင်းတွင်အစိမ်းရောင်လွှမ်းရမည် ၊ အနီရောင်ဆိုသည်မှာ အာဇာနည်ဗိမာန်တွင် ဇင်ဘိုနှင်.ကင်မင်ချူးတို.ဗုံးဖောက်သဖြင်.အနီရောင်(သွေးရောင်)လွှမ်းသောသင်္ကေတဖြစ်သည် ဟု ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦမြညိမ်းက သုဝဏ္ကမြို.ဦးစေတီအနီးဘောလုံးကွင်းတွင် အောက်တိုဘာ ၁၀ရက်မနက် ၈ နာရီ ၌ပြောကြားခဲ.၏ ။ သူ၏ဟောပြောပွဲဆိုလိုရင်းမှာရန်ကုန်တိုင်းတွင်အစိမ်းရောင်လွှမ်းတော.မည်ဟူသတည်း ။ အစိမ်းရောင်ပါတီကိုထောက်ခံကြဖို.ဆိုလိုရင်းဖြစ်သည် ။ ကျွန်တော်တို.သည် ပါတီစွဲမရှိ အစိမ်းရောင်ကောင်းလျှင်အစိမ်းရောင်ကိုမဲထည်.မည် ။အနီရောင်ကောင်းလျှင်အနီရောင်ကိုထောက်ခံမည် ။အစိမ်းရောင်သည်ပြည်သူလူထုအပေါ်တကယ်ကောင်းလျှင်ပြည်သူလူထုကထောက်ခံမည် ။သို.သော် အစိမ်းသည် ပြည်သူလူထုအပေါ်တကယ်ကောင်းသည်မကောင်းသည်ထားဦးအစိမ်းအချင်းချင်းအပေါ်တွင်ပင်မေတ္တာထားနိုင်ရဲ.လားဟု ဆန်းစစ်ကြည်.ရမည်ဖြစ်သည် ။
အစိမ်းရောင်သည်အေးမြသောသဘောသရုပ်ကိုဆောင်၏ ။ အစိမ်းရောင်ကို ကိုယ်စားပြုသည်မှာပါတီတစ်ခုအသင်းအဖွဲ.တစ်ခုသာမဟုတ် ။အစိမ်းရောင်ကိုကိုယ်စားပြုသော အသင်းအဖွဲ.များစွာရှိနိုင်သည် ။ဥပမာအားဖြင်. အခြေခံပညာကျောင်းသားကျောင်းသူများအမြတ်တနိုးဝတ်ဆင်သော ကျောင်းဝတ်စုံမှာအဖြူနှင်.အစိမ်းဖြစ်သည် ။ အစိမ်းသည် ကျောင်းသားကျောင်းသူများ၏သင်္ကေတဖြစ်သည် ။ နိုင်ငံရေးပါတီကြီးတစ်ခုသည်လည်းသူ.ကိုယ်သူအစိမ်းရောင်၏သင်္ကေတဟုဆိုပြန်သဖြင်. ကျောင်းသားထု၏သင်္ကေတလည်းအစိမ်းရောင်ပင်ဖြစ်သဖြင်. အစိမ်းအချင်းချင်းဖြစ်သည် ။ အစိမ်းအချင်းချင်းဖြစ်၍ ကြင်နာမည် ယုယမည် ပံ.ပိုးမည် လေးစားမည် စေတနာမေတ္တာထားခဲ.မည်ဟုထင်စရာရှိ၏ ။ သို.သော်အထင်နှင်.အမြင်တက်တက်စင်အောင်လွဲလေသည် ။ ထိုအစိမ်းရောင်အဖွဲ.တွင်အမာခံအဖြစ်ပါဝင်ခဲ.သောဗိုလ်ချုပ်ကြီးတို.၏ ဥသျှောင် ဗိုလ်ချုပ်နေ၀င်း သည် ဗိုလ်ချုပ်အောင်ကြီးကိုကြီးကြပ်စေလျက် ကျောင်းသားသမဂ္ဂအဆောက်အဦကို ၁၉၆၂ တွင် ဒိုင်းနမိုက်လက်နက်ဖြင်. (ရီကွိုင်းလက်နက်ဖြင်.) ဖြိုချဖျက်စီးခဲ.လေသဖြင်. သမဂ္ဂအဆောက်အဦထဲတွင်ရှိနေသော ကျောင်းသားကျောင်းသူများမှာ ရက်ရက်စက်စက် အသတ်ခံခဲ.ကြရလေသည် ။ ဦးနေ၀င်းအမွေကိုဆက်ခံသော မ.ဆ.လ အစိုးရသည် လည်း ၁၉၈၈ ဘုန်းမော်အရေးအခင်းတွင် အင်းလျားကန်ဘောင်နဘေးမှချီတက်လာသောတက္ကသိုလ်ကျောင်းသူကျောင်းသာရာပေါင်းများစွာကို လုံထိန်းများအင်အားသုံး၍ ၁၉၈၈ မတ်လ ၁၆ ရက်နေ.တွင်ရက်ရက်စက်စက်ရိုက်နှက်ဖြိုခွင်းသောကြောင်. အင်းလျားကန်သည်သွေးချင်းချင်းနီခဲ.ကာကျောင်းသားတို.အသက်ဆုံးရှုံးခဲ.ရသည် ။တဖန် ၈.၈.၁၉၈၈ တွင်ဖြစ်ပွားခဲ.သော ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် အာဏာရှင်စနစ်ဆန်.ကျင်ရေး ၊ဒီမိုကရေစီရရှိရေး ဆန္ဒပြချီတက်လာသော ကျောင်းသားကျောင်းသူကလေးများအား စစ်တပ်မှပစ်ခတ်နှိမ်နှင်းသောကြောင်. န.၀.မ.တန်းကျောင်းသူလေး ၀င်းမာဦးအပါအ၀င်ကျောင်းသားကျောင်းသူများသေဆုံး ဒဏ်ရာရကြလေသည် ။ အချို.ကျောင်းသားကျောင်းသူများမှ နိုင်ငံတွင်းမှထွက်ပြေးကာ လက်နက်ကိုင်သောင်းကျန်းသူများထံသို.ပင်သွားရောက်ခိုလှုံခဲ.ကြ ပူးပေါင်းခဲ.ကြသည် ။
လတ်လတ်ဆတ်ဆတ် လက်ပန်တန်းအရေးအခင်းတွင်ကြည်.ပါ ။ ၂၀၁၅ မတ်လတွင် မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေကိုသပိတ်မှောက်ချီတက်ဆန္ဒပြကြသော ကျောင်းသားကျောင်းသူများကို မူလက အကြမ်းဖက်မနှိမ်နင်းပါဟု ကတိပြု စာချုပ်များတွင်သမ္မတရုံးဝန်ကြီး မှ လက်မှတ်ရေးထိုးသဘောတူခဲ.သော်လည်း တကယ်.လက်တွေ.တွင် မြင်မကောင်းရှုမကောင်းအကြမ်းဖက်ရိုက်နှက်သောသက်သေသက်ကာယ ဗီဒီယိုဖိုင်လ်များ၊ဓါတ်ပုံများ ၊မျက်မြင်သက်သေများငြင်းမရအောင်ပေါ်ထွက်ခဲ.သည် ။ ရိုက်နှက်ဖမ်းဆီးသည်.အထဲတွင် အဖြူအစိမ်းဝတ်အထက်တန်းကျောင်းသားပင်ပါရှိခဲ.ပေသည် ။ ဆန္ဒပြချီတက်သူများထဲတွင်လည်း အစိမ်းရောင်လုံချည်ဝတ် အထက်တန်းကျောင်းသူများပါဝင်ခဲ.ပေ၏ ။သို.သော်အစိမ်းအချင်းချင်းဟူ၍ကြင်နာသနားမှုမရှိခဲ.ပါပေ ။ဟိုကရိုက်လို.ဒီကပြန်ရိုက်ရတာပါဟုပင် လက်နက်မဲ.ကျောင်းသားကျောင်းသူများကိုအပြစ်ဖို.ခဲ.လေသည်။ ယခုထက်တိုင်ကျောင်းသားများမှာထောင်သွင်းအကျဉ်းချခံထားရဆဲဖြစ်သည် ။
တဖန် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင်.စပါးခင်းများပေါများလှသည် ။ စပါးခင်းများသည်အစိမ်းရောင်ဖြစ်သည် ။ အစိမ်းရောင်ဟုပြောလျှင် စပါးခင်းများ ၊တောင်သူလယ်သမားများလည်းအစိမ်းရောင်တွင်ပါဝင်ပါသည် ။ အစိမ်းရောင်ကိုသိပ်ကြိုက်သောပါတီကြီးကြောင်. လယ်သမားနှင်. ထိုပါတီမှာ ဂိုဏ်းတူ သွေးတူမွေးတူ များဖြစ်သည်ဟုထင်စရာ၇ှိ၏ ။ သို.သော် အစိမ်းခြင်းတူသော်လည်း ၊ အနှစ်သာရခြင်းမတူကြောင်းသက်သေပြသည်.အနေနှင်. အာဏာရအစိုးရသည် အကြောင်းအမျိုးမျိုးဖြင်.လယ်သမားများ ၏လယ်ယာမြေများကိုသိမ်းပိုက်ခဲ.ပါသည် ။ ကုမ္မဏီ ၊ဦးပိုင် ၊ တပ်မြေတိုးချဲ.မှု ၊နိုင်ငံတော်စီမံကိန်း ၊ ပုဂ္ဂလိကဂရံချထားမှုစသည်.ခေါင်းစဉ်များအောက်တွင်အစိမ်းရောင်စပါးခင်းများဘူဒိုဇာ နှင်.တွေ.ခဲ.ရသည် ။ခြံစည်းရိုးသံကြိုးတန်းများနောက်သို.ပို.ခံရသည် ။လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒပြသူများ ၊ ထွန်တုံးတိုက်ပွဲဆင်နွှဲသူများ ထောင်ထဲသို.အပို.ခံရသည် ။ဒေါ်ခင်ခင်ဝင်းလို ကံဆိုးသူများသည် သေနတ်ဖြင်.ပစ်သတ်ခံရသည် ။ အစိမ်းကိုအစိမ်းကအနိုင်ကျင်.ခြင်းဖြစ်ပါသည် ။
မြန်မာနိုင်ငံတွင်အစိမ်းရောင်အသိုင်းအ၀ိုင်းကြီး လေးခုရှိသည်ဟုပြောနိုင်ပါသည် ။ ပထမအစိမ်းမှာ စစ်တပ် ၊ဒုတိယအစိမ်းမှာ ပြည်ခိုင်ဖြိုးပါတီ ၊တတိယအစိမ်းမှာ ကျောင်းသားများ ၊ စတုတ္ထအစိမ်းမှာ လယ်သမားများဖြစ်သည် ။ ပြည်ခိုင်ဖြိုးနှင်.တပ်မတော်သည်တစ်သဘောတည်းဖြစ်သည်ဟုအကြိမ်ကြိမ်ဝန်ခံပြောကြားခဲ.ပြီးဖြစ်ရာ အမှတ်(၁) အစိမ်းနှင်. အမှတ်(၂)အစိမ်းမှာတစ်ဖွဲ.တည်းဖြစ်ပါသည် ။ ထိုအစိမ်းအဖွဲ.သည် အမှတ်(၃) အဖွဲ.နှင်. အမှတ်(၄) အစိမ်းအဖွဲ.များအပေါ်တွင်လည်း အစိမ်းခြင်းတူပါလျက် ဖိနှိပ်အရေးယူမှုများသာ သမိုင်းတစ်လျှောက်တွေ.ခဲ.ရသည်ဖြစ်ရာ ရန်ကုန်တိုင်းသာမက တစ်နိုင်ငံလုံးတွင်အစိမ်းရောင်လွှမ်းမိုးလိုသည်ဆိုပါက မစိမ်းသေးသူများကိုနောက်ထား အစိမ်းရောင်ခြင်းတူသူများအပေါ်မှာပင် သနားကရုဏာအရင်ဆုံးထားပြရမည်ဖြစ်သည် ။ ထိုသို.မဟုတ်ပဲ အစိမ်းဟာအစိမ်းကိုပင်မချစ်နိုင်ပါက ကျန်သူများကိုချစ်နိုင်ဖို.ဆိုသည်မှာယုံရခက်ခက်ပင်ဖြစ်နေဦးမည်ဖြစ်ပါကြောင်း ။
သရ၀ဏ်(ပြည်)
Politics ဂျာနယ်
၂၃.၁၀.၂၀၁၅
0 comments:
Post a Comment