8.10.2015
သတင်းတို
အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်မှာ ပြည်န၀ဒေးဟော်တယ်အနီး တွင် အမျိုးသမီးတဦးထံမှ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လက်ကိုင်ဖုန်းလုယူသွားမှု့ဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုယူထွက်ပြေးသူမှာ ပြည်မြို့၊ မြို့ရှောင်လမ်း (ခ) ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ မဂ္ဂင်တောရကျောင်းအနီး စက်ဘီးတစ်စီးအား ဝင်ရောက် တိုက်မိရာမှ ဖုန်းလုယူသူနှစ်ဦးမှ တဦးအား ဖမ်းမိခဲ့ပြီး အမှတ် (၂) ရဲစခန်းတွင် စစ်ဆေးမေးမြန်းလျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ပြည်မြို့တွင် အဆိုပါ ဖြစ်စဉ်မျိုး ( လက်ကိုင်ဖုန်းလုယူနေမှု ) မကြာခဏဆိုသလို ဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါသည်။
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment