သရ၀ဏ်(ပြည်)
ထူးကြီးနှင်.မူးကြီးသည် အလုပ်အကိုင်မရှိသဖြင့် ယောင်တောင်ပေါင်တောင်ဖြစ်နေရာမှ ရွေးကောက်ပွဲ အထူးရဲတပ်သားများလိုသည်ဆိုသဖြင့် ၀င်ရောက်လျှောက်ထားကြလေသည်။ ထို့နောက် အထူးရဲတပ်သားအသစ်စက်စက်များဖြစ်သော ထူးကြီးနှင်.မူးကြီးသည် နိုင်ငံရေးပါတီများ စည်းရုံးရေးခရီးစဉ်များတွင်
လိုက်ပါတာဝန်ထမ်းဆောင်ရလေ၏ ။ အတိုက်အခံပါတီကြီးတစ်ခုသည် ရွာတစ်ရွာတွင် ရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်တရားပွဲကျင်းပရာ ထိုနိုင်ငံရေးတရားဟောစင်မြင့်ထက်တွင် လူတစ်ယောက်သည် အရက်မူးကာ သူနှင်.မဆိုင်ပဲအတင်းဝင်ထိုင်နေလေသည် ။
“ ဟေ. ဘယ်ခွေးမှလူမထင်ဘူး ၊ ဘယ်လူ.မှလည်းခွေးမထင်ဘူး ၊ မင်းတို.ပါတီကိုသောက်ဂရုမစိုက်ဘူးကွ ..မိုက်တဲ.လူကြီးထွက်ခဲ. ကျန်တဲ.ကလေးတွေနဲ.ချမယ် ၊ သာဒင်ကိုဘာထင်သလဲ ကျုပ်က အဘတို.ပါတီကကွ ၊ဒို.ရွာကိုဘယ်ပါတီမှလာစရာမလိုဘူး တစ်ရွာလုံးကို ထီပေါက်စဉ်တွေအလကားဝေပေးထားပြီးသားကွ ၊ ထီကတော.ကိုယ်.ဘာသာကိုယ်ထိုးကြ ဂေ. အစ် … ထွီ“
“နောင်ကြီး…..နောင်ကြီး ခင်ဗျားမူးရင်အေးအေးဆေးဆေးနေပါ ၊ ဒီလိုနှောက်ယှက်ရင် ကျုပ်တာဝန်ဝတ္တရားအရဖမ်းချုပ်ရလိမ်.မယ် “
“ ဟေ. ဖမ်းချုပ်လဲသောက်ဂရုမစိုက်ဘူးကွ “
ထူးကြီးသည် အနှီပုဂ္ဂိုလ်အား နားပန်တစ်ချက်ကျင်းလိုက်ပြီး လက်ထိပ်ခပ်ကာ အနီးဆုံးရဲစခန်းသို.သွားရောက်အပ်နှံလိုက်လေ၏ ။ ထိုအခါစခန်းမှူးသည် မျက်နှာကြောတင်းတင်းနှင်.ဤသို.မေးလေ၏ ။
“ ဘာအမှုနဲ.ဖမ်းလာတာလဲကိုယ်.လူ “
“ NLD ပါတီတရားပွဲမှာ ဒီလူမူးပြီးဝင်ရှုပ်နေလို.ပါ “
ထိုအခါ ရဲစခန်းမှူးသည် ထူးကြီး၏နားနားသို.ကပ်ပြီး တစ်စုံတစ်ခုပြောလိုက်ရာ ချက်ဆိုနားခွက်ကမီးတောက် အကင်းပါးလှသောထူးကြီးသည် တရားခံကို ချက်ခြင်းလက်ထိပ်ဖြုတ်ကာ လွှတ်ပေးလိုက်ပြီး အလေးပြုလိုက်ပေ၏ ။
ရွာသားများ- “ ဘယ်လိုဖြစ်တာလဲဗျ … မူးယစ်ရမ်းကားမှုနဲ.အရေးမယူတော.ဘူးလား “
ထူးကြီး- “ ဘာဘာ …ဘာမှမသိဘူး ၊ အဲလေ အရေးယူစရာဘာမှမရှိဘူး ဒီကိစ္စက ရွေးကောက်ပွဲကော်မရှင်နဲ.ပဲဆိုင်တယ် ၊ ကျုပ်တို.ရဲအရေးမပိုင်ဘူး ငှဲငှဲငှဲ “
ထိုအချိန်တွင် မူးကြီးသည်လည်းပြသနာတက်နေ၏ ။ သူတာဝန်ယူရသောမဲဆွယ်စည်းရုံးပွဲတစ်ခုတွင် ရွာခံတစ်ဦးသည်အရက်မူးကာ အားလုံးအားအော်ဆဲနေ၏ ။ လိုက်လံတားဆီးသော နိုင်ငံရေးပါတီတစ်ခုလူငယ်များကို ကိုယ်ထိလက် ထိုးကြိတ်နေသဖြင်.အားလုံးက ရှောင်တိမ်းနေရသည် ။
ပါတီဝင်များ- ကယ်ပါဦးမူးကြီး ကယ်ပါ မူးကြီး ၊ သူတောင်းစားမူးကြီး (အဲဟုတ်ပေါင် ) အမူးသမားကိုတားပေးပါ ။
မူးကြီး- စိတ်သာချ ဒီကောင်.ကိုချက်ခြင်းရဲစခန်းခေါ်သွားမယ် ။
ရဲစခန်းရောက်သောအခါတာဝန်ကျရဲအရာရှိက မူးကြီးကိုအလိုက်ကမ်းဆိုးမသိရလေသလောဟု ဆဲဆိုကြိမ်းမောင်းကာ ပြစ်ဒဏ်ချလေသဖြင်. တရားခံအားလွှတ်ပေးလိုက်ရရုံမျှမက လမ်းစားရိတ်ပင်ထုတ်ပေးလိုက်ရပြန်လေသည် ။
အရာရှိ- မှတ်ထား နောက်ဆို အဘတို.ဘက်ကလူတွေဆိုလုံးဝဖမ်းမလာနဲ. ၊ ပြောတာကြားလား
မူး- ဒါတိုကျွန်တော်တို.ကရဲတပ်သားတွေလား ၊ အဘတပ်သားတွေလား
အရာရှိ- အဘတပ်ပေါ.ကွ ၊ အဲလေ မင်းတော်တော်လေရှည်ပါလား ၊ဘယ်လိုကောင်တွေရဲထဲရောက်လာပါလိမ်. ၊ ဟိုပါတီဆိုဖမ်းခဲ. ၊ဒီပါတီဆိုမဖမ်းနဲ.ဆိုတာ ဒို.တာဝန်နှစ်ပါးပဲ ၊ မင်းရဲကျောင်းမှာမသင်ခဲ.ရဘူးလား
မူး- ပေါက်ပါပြီ ဗိုလ်ကြီး
ထို.နောက်ထူးကြီးနှင်.မူးကြီးသည် ၊ အနည်းငယ်ရဲပါးဝသွားသဖြင်. ပြည်သူ.ချဉ်ဖတ်ပါတီ မဲဆွယ်စည်းရုံးရေးဆင်းရာတွင် လမ်းဖယ်မပေးပဲ လမ်းပိတ်၍ကားရပ်နေသော လူတစ်ယောက်ကို လက်ပြန်လက်ထိပ်ခတ်ကာ ရဲစခန်းသို.ပို.ခြင်း ၊ ပြည်သူ.ချဉ်ဖတ်ပါတီအမတ်လောင်းများ၏ကြော်ငြာဆိုင်းဘုတ်ကိုသေးနှင်.ပန်းသူကို မမိမချင်း ကင်းပုန်းဝပ်ဖမ်းဆီးခြင်း ၊ အဘတို.ပါတီ ဒံပေါက်ဝေရာတွင် ဒံပေါက်ခြင်းတောင်းများကိုသယ်ပေးခြင်းစသော နိုင်ငံ.တာဝန်များထမ်းရွက်သဖြင်. အထက်အရာရှိများ၏ချီးမွမ်ခြင်းကိုခံခဲ.ရလေသည် ။
တစ်နေ.တွင် ဘုန်းကြီးနှစ်ပါးသည်လက်ဘက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည်.ရာမှ ကျောင်းဒကာမောင်ဘသောင်းလှူဒါန်းထားသော မောင်ဘသောင်းကျောင်းတိုက်ကိုယ်တော်နှင်. ဒီမိုကရေစီကျောင်းတိုက်မှကိုယ်တော်သည် သူ.အသင်းသာသည် ငါ.အသင်းသာသည်ငြင်းခုန်အားပေးကြရာမှ စိတ်မထိမ်းနိုင်ပဲ ထကာနပန်းလုံးရန်ဖြစ်ကြလေသည် ။
မောင်ဘသောင်းကိုယ်တော်- ဘာမှတ်သလဲ အစိမ်းသင်းကွ အစိမ်းသင်း ၊
ဒီမိုကရေစီကိုယ်တော်- ဆွမ်းငတ်သွားချင်သလားမောင်ဘသောင်း ၊ ကျုပ်တို.အသင်းကမှအနီရောင်
ရဲရဲတောက်အသင်းဗျ
မဘသ - ကျုပ်တို.အသင်းနိုင်ရင် မြန်မာ.ဘောလုံးရွှေခေတ်ကိုရောက်ပြီဗျ
ဒီမို- အဲလိုပြောနေတာဘယ်လောက်ကြာပြီလဲ ၊ အပြောရွှေမန်းအကချိုမိုင်မိုင်မလုပ်ပါနဲ.ဗျ
မဘသ- မင်းတို.အသင်းနိုင်ဖို.က မိုးပေါ်ကအပ်တစင်းနဲ. လူ.ပြည်ကအပ်တစ်စင်းဆုံသလိုဝေးပါသေးရဲ.ကွာ
ဒီမို လူပြောလူယုံ ၊ဟိုဟာပြောဟိုဟာယုံပေါ.ကိုယ်တော် ၊ ကိုယ်တော်တို.အသင်းနိုင်ဖို.ကတော.လေးသင်္ချေနဲ.ကမ္ဘာတစ်သိန်းထက်တောင်ဝေးပါသေးတယ်…ကမ္ဘာပျက်တဲ.အထိနိုင်မှာမဟုတ်ပါဘူး
မဘသ- မင်းကရိုင်းလှချည်လားကွ
ဒီမို- ကိုယ်တော်ကရော ယဉ်ကျေးလို.လား
မ- တယ်..ကဲကွာ
ဒီ- ဒီလိုလားရော.ဟာ (အုန်းဒိုင်းဖုန်းခွပ် )
ထိုသို.ကိုယ်တော်နှစ်ပါးသတ်ကြသည်ကိုတွေ.ရသောအခါထူးကြီးနှင်.မူးကြီးသည် မည်သူ.ကိုအရေးယူရမှန်းမသိပဲ အထက်လူကြီးသို.ဖုန်းဆက်မေးရလေသည် ။
ထူး/မူး မဘသ နဲ.ဒီမိုကရေစီ ဘုန်းကြီးနှစ်ပါးသတ်ကုန်ပြီ ဘယ်ကိုယ်တော်ကိုဖမ်းရမလဲ
အရာရှိ- အဘနဲ.သိတဲ.ကိုယ်တော်ကိုလွှတ် ၊ကျန်တဲ.ကိုယ်တော်ကိုဖမ်းလိုက်
ထူး-မူး ရန်ဖြစ်နေတဲ.ကိုယ်တော်တွေ ၊ခနနေဦးခနနေဦး ဘုန်းဘုန်းတို.နှစ်ယောက် ဘယ်သူကအဘနဲ.သိလဲ
ဘုန်းဘုန်းတစ်ပါးက သူသိပါသည်ဆိုသဖြင်.အခြားဘုန်းဘုန်းတစ်ပါးကို သာသနာညှိုးနွမ်းစေမှုဖြင်.အရေးယူရန်စခန်းသို.ပင်.ဆောင်လာလေသည် ။ထိုကိုယ်တော်ကိုမြင်သောအခါ ရဲအရာရှိသည် ရင်ဘတ်စည်တီးကာ
အရာရှိ- နင်ဘယ်သူ..ကိုလျှောက်ဖမ်းလာခဲ.တာလဲ အဲဒါငါတို.ကိုယ်တော်ဟဲ.
ထူးကြီး- ဟိုကိုယ်တော်ကသူ အဘနဲ.သိတယ်ပြောလို. ပြန်လွှတ်လိုက်တာပါ
မူးကြီး- ဟုတ်တယ်၊ဟုတ်တယ် ဒီမိုကျောင်းတိုက်ကကိုယ်တော်က အဘနဲ.သိတယ်ပြောပြီးဒီကိုယ်တော်ကဘာမှမပြောလို. အမိန်.အတိုင်းခေါ်လာတာပါ ဗျ
အဟီး
မဘသ- တယ်လေငါဖနောင်.နဲ.ထပေါက်လိုက်ရ ၊ နပန်းလုံးနေတုန်းငါကအောက်ကရောက်နေလို. မပြောနိုင်တာဟ ၊ ဟိုကိုယ်တော်ပြောတာက အဘနဲ.သိတာဒီကဗျ ဆိုပြီး ငါ.ကိုလက်ညှိုးထိုးပြတာနင်တို.ကမှမမြင်ပဲ ၊သေပေတော. သောက်သုံးမကျတဲ. ရဲ
ထူးကြီးနှင်.မူးကြီးသည်အခြေအနေမဟန်သည်ကိုသိသည်နှင်.ရဲစခန်းထဲမှဖနောင်.နှင်.တင်ပါးတစ်သားတည်းကျကာခြေထောက်များကို စကြာလိုမွှတ်နေအောင်လည်စေ၍ပြေးထွက်လာခဲ.ပြီး အထူးရဲတပ်သားတာဝန်မှတစ်ခါတည်းနှုတ်ထွက်ခဲ.ပါကြောင်း ။
သရ၀ဏ်(ပြည်)
Politics Journal
၁၆.၁၀.၂၀၁၅
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment