Thursday, October 22, 2015

အင်းလေး ဖောင်တော်ဦးဘုရားနှစ်ဆူမှ ရွှေသားနှစ်ကျပ်သားခန့်ခိုးယူခံရ

Leave a Comment


ရန်ကုန်၊ အောက်တိုဘာ ၂၁- အင်း လေးဖောင်တော်ဦး ဘုရားငါးဆူအ နက်နှစ်ဆူမှ ရွှေသားနှစ်ကျပ်သား ခန့်ခိုးယူခံရသည့်ဖြစ်စဉ် အောက်တို ဘာ ၂၀ ရက်ကဖြစ်ပွားခဲ့ကြောင်း ဂေါပကအဖွဲ့များထံမှသိရသည်။

ယင်းဖြစ်စဉ်မှာ ဖောင်တော်ဦး ဘုရားများ ဒေသစာရီကြွချီပြီး ညောင် ရွှေမြို့ ၌ ရွှေသင်္ကန်းဆက်ကပ်ချိန် အတွင်းဖြစ်ပွားခဲ့ကြောင်း ဘုရားနှစ် ဆူ၏ကိုယ်လုံးတော်ပေါ်တွင် မာကြော သောအရာတစ်ခုခုဖြင့် ထိုးခဲ့ပုံရ သော အပေါက်နှစ်ခုကိုတွေ့ရှိခဲ့ရ ကြောင်း ခန့်မှန်းခြေရွှေနှစ်ကျပ်သား ခန့်ရှိမည်ဖြစ်ကြောင်း ဖောင်တော်ဦး ဘုရားဂေါပက ဒုတိယဥက္ကဋ္ဌ ဦးသန်း ဝင်းက ပြောသည်။

''အပေါက်ဖြစ်သွားတဲ့နေရာ ကနေ ခန့်မှန်းခြေရွှေနှစ်ကျပ်သား လောက်တော့ ပါသွားမယ်။ အဘတို့ က ဖောင်တော်ဦးကျောင်းတော်မှာ ပဲကျန်ခဲ့တော့ မနေ့ကသိသိချင်း ညောင် ရွှေကိုလိုက်သွားပြီးတော့ စစ်ဆေး တာတွေလုပ်ခဲ့တယ်။ စီစီတီဗွီကလဲ ဖောင်တော်ဦးကျောင်းတော်မှာပဲ ရှိတာ။ ဒေသစာရီကြွရင်တော့ ဘုရား နောက်တော်ပါတွေက ဘယ်လိုစီမံ ကြလဲအဘတို့မသိဘူး။ နောက်ဆိုရင်တော့ ပိုသတိပြုရတော့ မယ်။ပေါ့ပေါ့ဆဆထားလို့မရတော့ဘူး ပေါ့။ ဗုဒ္ဓဘာသာဝင်တွေပဲဆိုတော့ လဲ ဒီလိုမျိုးဖြစ်လိမ့်မယ်မထင်ဘူး ပေါ့။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အ ခုလောလောဆယ်တော့ ဘယ်ကိုမှအ ကြောင်းကြားတာမျိုးမရှိသေးပါဘူး။ တကယ်လို့မိခဲ့ရင်တော့ ဥပဒေအရ အရေးယူရမှာပေါ့''ဟု ယင်းက ဆက် လက်ပြောသည်။

ဖောင်တော်ဦးဘုရားများဒေသ စာရီကြွချီချိန်တွင် ရှစ်ဦးပါဝင်သော ဘုရားနောက်တော်ပါ အဖွဲ့တစ်ဖွဲ့က သာလိုက်ပါ၍ ဘုရား၏ဝေယျာဝစ္စနှင့် သင်္ကန်းကပ်လှူခြင်းကိစ္စရပ်များကို ပြုလုပ်ပေးကာ ယခုဖြစ်စဉ်ကို သစ် စေးသင်္ကန်းကပ်ချိန်တွင် တွေ့ရှိခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

''အရင်က ဒီလိုမျိုးတစ်ခါမှမဖြစ် ဖူးဘူး။ စီစီတီဗွီကလဲ မှတ်တမ်းယူ ထားတာမျိုးမရှိဘူး။ ရိုးရိုးမြင်ရရုံပဲ တပ်ထားတာဆိုတော့ ကျူးလွန်တဲ့ သူဘယ်သူဆိုတာတော့ မသိနိုင်ဘူး ပေါ့။ လက်ရှိတော့ ဘုရားတွေကို ဒီ အတိုင်းပဲထားထားတယ်။ သံဃနာ ယကအဖွဲ့တွေနဲ့ ဂေါပကအဖွဲ့ဝင်တွေ နဲ့တိုင်ပင်ပြီးတော့ ရွှေကပ်ဖို့ ပြန်လုပ် ကြမှာပေါ့''ဟု ဘုရားနောက်တော်ပါ အဖွဲ့မှ သစ်စေးသင်္ကန်းကပ်လှူခြင်း နှင့် ရွှေထိန်းတာဝန်ယူထားသူ ကိုဆန်း ထွဋ်ကပြောသည်။

လက်ရှိတွင် သံဃာတော်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် များမှ လုံခြုံရေးတာဝန်ယူထားပြီး အ လှူရှင်ရှိသည့်အတွက် အပေါက်ဖြစ် သွားသောနေရာများတွင် ရွှေသင်္ကန်း ကပ်ပူဇော်သွားမည်ဖြစ်သည်။

MTZ
‪#‎Democracytoday‬

Photo Caption: ဖောင်တော်ဦးဘုရားများကိုတွေ့ရစဉ်။
Photo: TZO Myanmar
Democracy today


0 comments:

Post a Comment

Facebook Like Page