Saturday, October 10, 2015

ပြည်ရတနာလမ်းရှိ တပတ်ရစ်ဟန်းစက်ရောင်းဝယ်ရေးဆိုင်များအား အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ခိုင်း

Leave a Comment



ပြည် အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ပြည်မြို့၊ ရွာဘဲရပ်ရှိ ပြည်ရတနာလမ်းတွင် ခေတ်စားလာသည့် ဟန်းစက်ရောင်းဝယ်ရေးဆိုင်များအား လမ်းကြပ်သည်ဟုဆိုကာ ရပ်ကွက်နေသူတစ်ချို့၏ တိုင်တန်းမှုကြောင့်
အောက်တိုဘာလ ၁၀ ရက်နေ့နေ့လည် ၁၂ ခန့်က ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံကာ အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့​ပေးရန်​ ညှိနိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“ ခေတ်အခြေအနေတစ်ခုကြောင့် ကျွန်တော်တို့ ဖုန်းအဟောင်းရောင်းဝယ်ရေးဆိုင်တွေ ပေါ်လာလို့ ဖုန်းခိုးတဲ့သူတွေများလာတယ်ဆိုတာ လက်မခံပါဘူး။ ဖုန်းတစ်လုံးလာရောင်းရင် အချက်၅ ချက်လောက် စစ်မေးလိုက်တာနဲ့ လာရောင်းသူဖုန်း ဟုတ်မဟုတ် သိနိုင်ပါတယ်။ ကျွန်တော်လည်း အရောင်းအဝယ် စာရင်းလုပ်ထားသလို အခြားရောင်းဝယ်သူတွေလည်း စည်းကမ်းလေးထားပြီး စာရင်းလုပ်ထားဖို့ လိုအပ်ပါတယ်၊ ဖုန်းဆိုင်လေးတွေသာ လမ်းဘေးထွက်တာမဟုတ်ပါဘူး အခြားဆိုင်လေးတွေလည်း လမ်းဘေးမှာ ဈေးကောက်ပေးပြီး ထွက်ကြတာပါပဲ” ဟု ဖုန်းရောင်းဝယ်လုပ်သူ တစ်ဦးမှ  ပြည်သတင်းသို့ ပြောသည်။

“ သူတို့ဘက်ကလည်းမမှားပါဘူး။ ကျွန်တော်တို့ဘက်ကလည်း အရောင်းဝယ်ဆိုင်ဆိုတော့ လာရောက်ရောင်းဝယ်သူတွေ စီးနင်းလာတဲ့ ဆိုင်ကယ်တွေနဲ့တော လမ်းပေါ်ပိတ်မိတာတွေလည်း ရှိပါတယ်။ နေရာတစ်ခုခု သတ်မှတ်ပေးစေချင်ပါတယ်။ ”ဟု
ဟန်းဆက်ရောင်းဝယ်ရေး ပြုလုပ်သူ ကိုလွင်ဦးက ပြည်သတင်းသို့ ပြောသည်။

အဆိုပါ ဟန်းစက်ရောင်းဝယ်ရေး ဆိုင် ၆ ဆိုင်ထဲမှ
၎ ဆိုင်မှာ ဆိုင်ခန်းနှင့် ထွက်ရန်နေရာရှိနေသော်လည်း ကျန်နှစ်ဆိုင်မှာ ဆိုင်ထွက်ရန်နေရာ အခက်ခဲရှိသည်ဟုသိရပြီး
လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ရွေ့ပြောင်းခိုင်းထားကြောင်းနှင့် ထိုဆိုင်များ စထွက်သည့်နေမှ ယနေ့အချိန်ထိ မည်သည့်အခွန်၊ အခကြေးငွေမှ လာရောက်ကောက်ခံခြင်းများမရှိကြောင်း ၄င်းတို့ထံမှ သိရှိရသည်။

ပြည်ရတနာလမ်းရှိ ဟန်းဆက်အရောင်းအ၀ယ်ဆိုင်လေးများမှာ မှုလတွင် နှစ်ဆိုင်ခန့်ရှိရာမှ ယခု ဆိုင် ၆ ဆိုင်အထိ တိုးတက်လာသည့်နှင့်အမျှ ယခင်ထက် လာရောက် ရောင်းဝယ်သူများဖြင့် စည်ကားလျှက်ရှိကြောင်းသိရသည်။

ပြည်သတင်းလူငယ်

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page