ပြည်မြို့ရှိ အခမဲ့ဆေးခန်းသို့တစ်ရက်လျှင် လူနာတစ်ရာခန့်လာရောက်ပြသ
ပြည်မြို့ လှိုင်ဂတ်လမ်းရှိ ပီတိ အခမဲ့ဆေးခန်းသို့ တစ်ရက်လျှင် လူနာတစ်ရာခန့် လာရောက်ပြသမှုရှိနေကြောင်း သတင်းရရှိသည်။
ပီတိ အခမဲ့ဆေးခန်းသည် ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်းကြီးက ထပ်မံ ဖွဲ့စည်းထားသော ဆေးခန်းတစ်ခုဖြစ်ပြီး ငွေကြေးချို့တဲ့ကာ ကျန်းမာရေးမကောင်းသူများအား အခမဲ့ ကုသ၀န်ဆောင်မှုပေးခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။
‘‘အခုကာလတွေမှာ လူနာတွေ လာရောက်ပြသမှုအတော် များလာတယ်။ တစ်ရက်ကို လူ နာတစ်ရာခန့် ကုသပေးနေရ တယ်’’ ဟု ပီတိအခမဲ့ဆေးခန်းမှ တာဝန်ရှိသူ ဦးကျော်သူစိုးကပြော သည်။ယခုအခါ ဆေးခန်းသို့ ပြည် မြို့အနီးရှိ သဲကုန်း၊ ရွှေတောင်၊ ပန်းတောင်းစသည့် ရပ်နီးမြို့များ သာမက ဧရာဝတီတိုင်းရှိ ကြံခင်း၊ မြန်အောင်၊ ဘတ်ရဲ စသည့်မြို့ များနှင့် မကွေးတိုင်းရှိ အောင်လံ၊ မင်းတုန်း၊ ကံမ စသည့်မြို့များ၊ ရန်ကုန်တိုင်းရှိ ဥက္ကံ၊ ပဲခူးတိုင်းရှိ သာယာဝတီ၊ သုံးဆယ်အစရှိသည့် ရပ်ဝေးမြို့များမှလူနာများပင်လာရောက်ပြသမှုရှိနေကြောင်း သိရသည်။
ပီတိအခမဲ့ဆေးခန်းတွင် လူနာများအား စနေ၊ တနင်္ဂနွေနေ့မှလွဲ ၍ နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီ အထိ စမ်းသပ်ကုသပေးလျက်ရှိ ပြီး ရပ်ဝေးနေလူနာများကို တည်း ခိုဆောင်တွင်ထားရှိကာ ကျန်းမာ ရေးစောင့်ရှောက်ပေးနေသည်။
ဆေးခန်းတွင် အမြဲတမ်း ဆရာဝန် ငါးဦး၊ သူနာပြု ၁၀ ဦး၊ ခေတ္တရာသာရေးနာရေးအသင်း သားများ၊ ပြည်ဆေးရုံကြီးမှဆရာ ၀န်ကြီးများအပြင် အထူးကုဆရာ ၀န်ကြီးများကလည်း အလျဉ်းသင့် သလို အထွေထွေရောဂါပေါင်းစုံ ကုသမှုပေးနေခြင်းဖြစ်သည်။
‘‘အခုလို ဆယ်နှစ်ကျော်ရပ်တည်လာနိုင်တာ အလှူရှင်တွေ ရဲ့ စေတနာကြောင့်ပါ။ အခုကာ လမှာတော့ အဓိကက တီဘီရောဂါ၊ သွေးတိုးဆီးချိုရောဂါ စတဲ့နာ တာရှည်ရောဂါ လူနာတွေ၊ နေမ ကောင်းသူတွေကို ကုသပေးနေ တယ်။ အိတ်ခ်ျအိုင်ဗီရောဂါသည်တွေကိုလည်း ကုသပေးနေရတာမျိုးရှိတယ်။ အသုံးများတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်လို့ကတော့ လိုအပ်တဲ့ဆေးကို ၀ယ်ယူပေးနိုင်ဖို့ ငွေကြေးအလှူသာ အဓိကပါ’’ဟု ပီတိအခမဲ့ဆေးခန်းမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာအောင်သန့်ဇင်ကပြောသည်။
ခွဲစိတ်ကုသမှုနှင့်ပတ်သက်၍ ရောက်ရှိလာသောလူနာများအား ထုံဆေးနှင့်ပြီးနိုင်မည့် အသေး စားခွဲစိတ်မှုများကို ဆေးခန်းတွင် သာ ပြုလုပ်ပေးပြီး ကြီးမားသော ခွဲစိတ်မှုများကို ပြည်ဆေးရုံကြီး နှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေ ကြောင်း သိရသည်။
ပီတိအခမဲ့ဆေးခန်းတွင်တစ်ရက်လျှင် ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါးများ တန်ဖိုးကျပ်တစ်သိန်းခန့်ရှိပြီး ဆယ်နှစ်ကျော် ကာလအတွင်း အလှူရှင်များ၏ လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်းလေး ထောင်ကျော်ဖြင့် အခမဲ့ကျန်းမာ ရေးစောင့်ရှောက်မှု ပေးနေခြင်း ဖြစ်သည်။
By
ဇော်မင်းထိုက်
7DayNews Journal
ပီတိအခမဲ့ဆေးခန်းတွင် ပြသရန်စောင့်ဆိုင်းနေသောလူနာများ /ဓါတ်ပုံ ပီတိအခမဲ့ဆေးခန်း
0 comments:
Post a Comment