ပဲခူးတိုင်း အနောက်ပိုင်း ပေါက်ခေါင်းမြို့နယ် တောင်လယ်အုပ်စု ညောင်ဝန်းကျေးရွာရှိ ကက်သလစ် သီလရှင်ကျောင်းအား ၂၇.၉.၂၀၁၅ ည ၈ နာရီခန့်က အဖျက်၌ဆီးခံခဲ့ရပြီး ထပ်မံဖြစ်ပွားမှုမရှိစေရန် အာဏာပိုင်များမှ လုံခြုံရေးချထားကြောင်း သိရသည်။
အဆိုပါ ဖျက်ဆီးခံရမှုမှာ ကက်သလစ်ကျောင်းရှိ သီလရှင်များထံ အပ်နှံထားသည့် အသက် ၄ နှစ်အရွယ်တစ်ဦးအား ကျောင်းတွင်နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက သတ်ဖြတ်ခဲ့သည့်အပေါ် မကျေလည်မှုများဖြစ်ပွားပြီး မိသားစုဝင်များနှင့် ကျေးရွာနေဒေသခံအချို့မှ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment