Saturday, July 27, 2013

မျိုးသုခ(ဆေးရုံ) မိသာစု မှ လူနာများ နှင့် ဆေးရုံ ၀န်ထမ်းများအား (၁၇)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အမှတ်တရ ဆုမဲများပေးအပ်မည် (28.7.2013)

Leave a Comment

မျိုးသုခ(ဆေးရုံ) မိသာစု မှ လူနာများ နှင့် ဆေးရုံ ၀န်ထမ်းများအား (၁၇)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အမှတ်တရ ဆုမဲများပေးအပ်မည် (28.7.2013)
**********************************************************************************************
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့


ဆံတော်နယ်မြေ ရွှေဆံတော်ဘုရားကြီး မြောက်စောင်းတန်းလမ်းရှိ မျိုးသုခ(ဆေးရုံ) ကြီး တွင်ဆေးကုသမှု့ခံယူလျှက်ရှိသော
ရပ်ဝေး ရပ်နီးမှ လူနာများ နှင့် အဆိုပါ ဆေးရုံကြီး မှ ၀န်ထမ်းများအား မျိုးသုခ(ဆေးရုံ)မိသားစုမှ (၁၇) ကြိမ်မြောက် နှစ်ပတ်လည်နေ့အဖြစ် ဆုမဲများမဲစနစ်ဖြင့် ပေးအပ်သွားမည်လို့သိရပါသည်။
အဆိုပါ ဆေးရုံတွင် 28.7.2013 ရက်နေ့ မနက်(၅း၀၀)ချိန်တွင် ဆရာတော် ပင့်သံဃာ (၅)ပါးအား အရုဏ်ဆွမ်းများကပ်လှုသွားပြီး ညနေ(၆း၀၀)မှာ အဆိုပါဆေးရုံတွင် ဆေးကုသမှု့ခံယူလျှက်ရှိ
သော လူနာများ နှင့် ဆေးရုံမှဝန်ထမ်း များအား ဆုမဲပေါင်း(၂၀၀)ကို ပေးအပ်ချီးမြင့်သွားမည်ဟုသိရပါသည်။အဆိုပါ ဆုမဲများထဲမှာ ....ဟန်းစက်များ အပြင်
၁။ ရွှေဆွဲသီး ၂။ စက်ဘီးများ ၃။ တီဗွီ နှင့် အောက်စက်များ ၄။ ထ္မင်းပေါင်းအိုးများ ၅။ ခရီးဆောင်အိပ်များ နှင့် အခြားဆုမဲပေါင်းများစွာကို မဲဖောက်ပေးသွားမည်ဟု သိရပါသည်။

“ကျွန်တော်တို့ ဆေးရုံမှာလာရောက်ဆေးကုသမှု့ ခံယူကြတဲ့ မိတ်ဆွေများကို တနည်းအားဖြင့် ကူညီမှု့တစ်ခုအနေ နှင့်ဆုမဲများပေးအပ်တာပါ ဆေးရုံဝန်ထမ်းများကိုလည်း ပျော်ရွှင်စရာအနေ
တစ်ခုဖြင့် အခုလို နှစ်စဉ် နှစ်တိုင်းပြုလုပ်ပေးခြင်းပါ အားလုံးစိတ်ချမ်းသာစွာနေနိုင်ရေးကို ကျွန်တော်တို့ မျိုးသုခ(ဆေးရုံ)မိသားစု ရဲ့စေတနာ ဆရာ/မ တွေရဲ့ စေတနာ အားလုံးသော ၀န်ထမ်း
တွေရဲ့ စေတနာတွေနဲ့ အထူးကုသမားတော်ကြီးများ၊လက်ထောက်ဆရာဝန်များ၊ကျွမ်းကျင်သောသူနာပြုဆရာမ များနှင့် ပေါင်းစပ်ပြီး လူနာတွေကို နွေးထွေးစွာ ပြုစုပေးနေပါတယ် စေတနာအရင်းခံတဲ့ ဆေးရုံဖြစ်လို့
လာရောက်ဆေးကုသမှု့ခံယူကြသူတိုင်း လည်းစိတ်ချမ်းသာမှု့ ကိုယ်ချမ်းသာမှု့တွေကို ရရှိခဲ့ကြရပါတယ် ကျွန်တော်တို့ မျိုးသုခ(ဆေးရုံ) ကိုဆက်သွယ်လို့ရမဲ့ဖုန်းနံပါတ်တွေကတော့......
.(၀၅၃.၂၄၃၀၉ / ၀၅၃.၂၄၂၆၇ / ၀၅၃.၂၄၁၅၁ / ၀၅၃.၂၄၀၇၈) ပြည်မြို့ ရွှေဆံတော်ဘုရားကြီး မြောက်စောင်းတန်းလမ်း ဆံတော်ရပ် ဖြစ်ပါတယ် ” လို့ မျိုးသုခ (ဆေးရုံ) မှ မန်နေဂျာ ဦးဥာဏ်ဦး မှ ပြောကြားသွားခဲ့ပါသည်။.......

0 comments:

Post a Comment

Facebook Like Page