Friday, July 3, 2015

ပညာရေးသပိတ်မှောက်ကျောင်းသားများရုံးချိန်တွေမှာဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်အား သာယာဝတီတရားရုံးမှ ထောင်နှစ်နှစ်ချမှတ်

Leave a Comment
ပညာရေးသပိတ်မှောက်ကျောင်းသားများရုံးချိန်တွေမှာဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်အား သာယာဝတီတရားရုံးမှ ထောင်နှစ်နှစ်ချမှတ်

ပြည်၊ဇူလှိုင်၊၂

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကျောင်းမှ သပိတ်မှောက်ကျောင်းသားများ သာယာဝတီမြို့နယ် တရားရုံးထုတ်ရက်တွေမှာ၊ဆန္ဒပြမှု နဲ့ ၊ပဲခူးတိုင်းပြည်မြို့ မှာ တကိုယ်တော် ဆန္ဒပြမှုတွေကြောင့်၊၊သာယာဝတီထောင်မှာပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းစီးချုပ်နှောင်ထားသည့် ပြည်မြို့က ကိုဝင်းလှိုင် ကို သီးခြားခွဲထုပ်ပြီး ဇူလိုင်လ(၁)ရက်နေ့တွင်သာယာဝတီမြို့နယ် တရားရုံးကနေအမိန့်ချမှတ်လိုက်ကြောင်းသိရသည်။

“တရားဥပဒေရဲ့ အပေါ်မှာ သိန်းစိန်ရှိတယ်၊သိန်းစိန်ရဲ့အပေါ်မှာ ငရဲပြည်ရှိတယ်၊ဆိုတဲ့ စာကိုအင်္ကျီ ပေါ်မှာရေးလာပြီး၊ ဖမ်းစီခံကျောင်းသားတွေ နဲ့ ၀ိုင်းရံသူတွေကိုလွှတ်ပေးဖို့သာယာဝတီတရားရုံးရှေ့မှာ ဆန္ဒပြတယ်၊သူတို့ရေးစွဲထားတဲ့(၂၀၀၈)ဖွဲ့စည်းပုံအရ ဆန္ဒပြတယ်၊ဒါကို အခုလိုထောင်ချတယ်၊ဒီတိုင်းပြည်မှာတရားဥပဒေစိုးမိုးမှုလုံးဝမရှိဘူး၊ဆိုတာသိသာထင်ရှားနေပါပြီ”ဟု ကိုဝင်းလှိုင်မှပြောသည်။

“ရွေးကောက်ပွဲနားနီးလို့ အာဏာကို သူတို့ဆက်လက်လိုချင်လို့ ကျောင်းသားပြည်သူနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊သတင်းမီဒီယာတွေကိုဖမ်းဆီးထားတာ။သာယာဝတီမြို့နယ်တရားရုံးက ကိုဝင်လှိုင်ကို ချမှတ်လိုက်တဲ့ ထောင်နှစ်နှစ်ဆိုတာ မတရားဘူး။တရားဥပဒေစိုးမှုမရှိသေးဘူးဆိုတာပြသလိုက်တာပဲ” ဟုတရားရုံးလာရောက်နားထောင်သူတစ်ဦးမှပြောသည်။

ကိုဝင်းလှိုင်ကို မေလ(၂၅)ရက်နေ့မှာ၊သာယာဝတီမြို့မရဲစခန်းက၊တရားရုံးဖမ်းဝမ်း နဲ့လာရောက် ဖမ်းစီးခဲ့တာဖြစ်ပြီး(၂၆)ရက်နေ့မှာ၊ပထမဆုံးအကြိမ်ရုံးထုပ်ခဲ့ပြီး၊ကျောင်းသားတွေ နဲ့အတူ ရုံးမထုပ်ပဲ ညနေ(၄)နာရီကျော်မှတယောက်ထဲသီးခြားရုံးတင်စစ်ဆေးခဲ့ပါတယ်၊နောက်ဆုံးရုံးချိန်း(၅)ခါမြောက်မှာ၊အမိန့်ချလိုက် တာဖြစ်ပြီး။ရှေ့နေမပါပဲ ကိုယ်တိုင်လျှောက်လဲခဲ့တာဖြစ်ပါတယ်။ ကိုဝင်းလှိုင် ကိုပုဒ်မ(၁၈)တွေနဲ့ ထောင်(၃)လ(၂)ခါ၊ဒဏ် ငွေ(တစ်သောင်း) (၃)ခါ၊ အပြစ်ပေးခံခဲ့ရပြီး၊နောက်ထပ်၊ပြည်မြို့နယ်တရားရုံးမှာ၊ပုဒ်မ(၁၈)(၈)မှု နဲ့ ပုဒ်မ(၁၉)(၁)မှု တို့ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019


0 comments:

Post a Comment

Facebook Like Page