Thursday, July 23, 2015

မျက်စေ.လည်စရာအခင်းအကျင်းများ သရ၀ဏ်(ပြည်)

Leave a Comment

မျက်စေ.လည်စရာအခင်းအကျင်းများ
သရ၀ဏ်(ပြည်)
ယနေ.ခေတ်နိုင်ငံရေးအခြေအနေလောက် ရှုပ်ထွေးပွေလီသောအခင်းအကျင်းသည် မြန်မာ.သမိုင်း၌မရှိခဲ.ဖူးသေးချေ ။ အင်းဝနေပြည်တော်ကိုဟံသာဝတီမှလာရောက်တိုက်ခိုက်ပြီးဒုတိယမြန်မာနိုင်ငံတော်ကြီးပျက်ပြီးကာစတတိယ မြန်မာနိုင်ငံတော်ဟူ၍ ပီပီသသပေါ်မလာမီ အလောင်းမင်းတရားဦးအောင်ဇေယျ မုဆိုးဖိုရွာသူကြီးဘ၀နှင်.ရှိနေစဉ်ကအခြေအနေမျိုးနှင်. ခပ်ဆင်ဆင်တူမည်ထင်သည် ။ သူတလူငါတမင်း နှင်. မင်းလောင်းတွေကလည်းများလှသည် ။ ဟိုလူပဲမင်းဖြစ်တော.မလို ၊ သည်လူပဲဘုရင်ဖြစ်တော.မလို ၊ဟိုကမင်းလောင်း ၊ သည်ကမင်းလောင်းနှင်. မျက်စေ.လည်စရာကောင်းလှသည် ။ ထိုစဉ်ကပေါ်ပေါက်ခဲ.သောတဘောင်များအရ ဖို ၃ ဖို တစ်ဖိုမီးတောက်မည် (သိုမဟုတ် ) ဘိုသုံးဘို တစ်ဘိုမင်းဖြစ်မည်ဟူ၍ဖြစ်သည် ။ ထိုဘိုသုံးဘိုကား မုဆိုးဘိုရွာမှ ဦးအောင်ဇေယျ ၊ နဂါးဗိုလ်ရွာသားရွေနဂါးနှင်. ၊ အုတ်ဖိုနယ်မှကွေ.ကရင် ဂုဏ္ကအိမ် တို.မှာ မင်းဖြစ်မည်.သူများဟုကြော်ကြားကာ တိုင်းသူပြည်သားတို.မှာ ဟိုဘက်ပါရမလို ၊သည်ဘက်လိုက်ရမလိုဖြစ်နေကြသည် ။ ဤကြားထဲ ခင်ဦးစားငချစ်ညိုဆိုသူကတမှောင်. ပြည်သူလူထုမှာ မည်သူ.ကိုခေါင်းဆောင်ဟုသဘောထားရမှန်းမသိဖြစ်ခဲ.ကြဘူးသည် ။ ကွေ.ရှမ်းများနှင်. မွန်တို.မှာလည်းအင်အားကောင်းနေကြသည် ။ တိုင်းပြည်သည် နီးရာဓားကြောက်နေခဲ.ရသောကာလဖြစ်သည် ။ ထီးရေးနန်းရေးသည်ရှုပ်ရှုပ်ထွေးထွေးဖြစ်နေသောကာလဖြစ်ပါ၏ ။ ယခု ၂၀၁၅ ခုသည်လည်း ထိုဖြစ်ရပ်မျိုးနှင်.တထပ်တည်းမဟုတ်သော်လည်း ခပ်ဆင်ဆင်တူသည်.အနေအထားပင်ဖြစ်သည် ။ တိုင်းပြည်တွင်သမ္မတ ဦးသိန်းစိန်လက်ရှိအုပ်ချုပ်လျက်ရှိသည် ။ သူ၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်းပြည်သူလူထုလိုလားလျှင် ဒုတိယသက်တမ်းထပ်မံတာဝန်ထမ်းဆောင်မည်ဟုဆိုလာပြန်သည် ။ ပြည်ထောင်စုလွှတ်တော်နာယက (ပြည်သူ.လွှတ်တော်ဥက္ကဌ ) သူရဦးရွှေမန်းကလည်း သူသည်မြန်မာနိုင်ငံ၏ သမ္မတဖြစ်ချင်သည်ဟုဆိုလာပြန်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မူလက ၅၉(စ) အချိန်မီပြင်ဆင်နိုင်လိမ်.မည်ဟူသောမျှော်လင်.ချက်ဖြင်. သမ္မတလုပ်လိုသည်ဟုပွင်.ပွင်.လင်းလင်းပြောခဲ.ဖူးသည် ( ယခုသော်ဖွဲ.စည်းပုံဥပဒေပုဒ်မ၅၉ (စ) ယခင်အတိုင်းရှိနေသဖြင်.မဖြစ်နိုင်တော.) ၊ ထိုအခါ NLD မှ ပါတီဝင်ကိုသာ သမ္မလောင်းစာရင်းတင်မည်ဖြစ်သဖြင်. သူရဦးတင်ဦး နှင်. ဦးဝင်းထိန်တို. သမ္မတလောင်းများအဖြစ်ရေပန်းစားလာပြန်သည် ။ တဖန်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တပ်မတော်မှရွေးချယ်သော ဒုသမ္မတလောင်းတယောက်အဖြစ် သမ္မတပြိုင်ပွဲအတွင်းဝင်လာဖွယ်ရှိကြောင်းထင်မှတ်သူတို.ထင်မှတ်ပြန်သည် ။ အချို.က သမ္မတဦးသိန်စိန်သည် ရွေးကောက်ပွဲမ၀င်သော်လည်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကအမည်စာရင်းတင်သွင်းသော သမ္မတလောင်းတဦးအနေဖြင်. လွှတ်တော်သို. အပေါ်ပေါက်မှ ကျလာနိုင်သေးကြောင်း သုံးသပ်ကြသည် ။ သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးဖြစ်သူ ဒေါက်တာနေဇင်လတ်ကလည်း အမျိုးသားတိုးတက်ရေးပါတီ တည်ထောင်ပြီး ထိုပါတီမှ ဦးသိန်းစိန်ဝင်ရောက်ယှဉ်ပြိုင်မလိုလိုလဲ ထင်သူကထင်ကြသည် ။ ၈၈ အရေးတော်ပုံ၏အဓိကမောင်းနှင်အားဖြစ်ခဲ.သော ၈၈ မျိုးဆက်ကျောင်းသားများ ( ယခု ပွင်.လင်း လူ.အဖွဲ.အစည်း ) ကလည်း ဦးကိုကိုကြီးအပါအ၀င်ခေါင်းဆောင်အချို. ရွေးကောက်ပွဲဝင်မည်ဟုဆိုပြန်သည် ။ ဘယ်ပါတီက၀င်မလဲသေသေချာချာမပြောပဲ လျှို.၀ှက်သဲဖိုလုပ်နေသေးသည် ။ တိုင်းသိပြည်သိစာရေးဆရာများဖြစ်သော ဆရာဖေမြင်. ၊ဆရာဒေါက်တာခင်မောင်ညိုတို.ကလည်း NLD မှဝင်ရောက်အရွေးခံမည်ဟုသတင်းထွက်ပေါ်နေသည် ။ စာရေးဆရာဟိန်းလတ်နှင်. ၊ စာရေးဆရာ ကိုကို(စက်မှုတက္ကသိုလ်)တို.ကလည်း ဖက်ဒရယ်ပြည်ထောင်စုပါတီ မှဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရပြန်သည် ။ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကတော.ရွေးကောက်ပွဲမ၀င်ဟုဆိုပြန်၏ ။ တပ်မတော်သား ၂၀၀ ခန်.ကလည်းပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီမှဝင်ရောက်အရွေးခံရန်စာရင်းပေးထားရာ လောလောဆယ် ၅၇ ယောက်ကိုပါတီကလက်ခံလိုက်ပြီဟုသတင်းများထွက်လာပြန်သည် ။ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကိုပဲလုပ်တယ်ဟု တောက်လျှောက်ဝါဒဖြန်.ချိလာရာ ယခုအခါမှ တပ်မတော်သားအချို.ပါတီတခုထဲသို.ပြောင်းရွေ.ရွေးချယ်ခံခြင်းဖြင်. ပါတီနိုင်ငံရေးထဲသို.ပါဝင်ရန်ကြိုးစားလာရာ အမျိုးသားနိုင်ငံရေးနှင်.ပါတီနိုင်ငံရေးသည် ယခုအခါ အတူတူဖြစ်သွားပြီလားဟုဇဝေဇ၀ါရှိသူကရှိကြသည် ။ ခြုံ၍ဆိုရသော် ယခုအချိန်သည် နေရောင်လည်းလုံးလုံးမပျောက်သေး ၊လရောင်လည်းလုံးလုံးမထွက်သေးသော ညီအစ်ကိုမသိတစ်သိ ဒီမိုကရေစီ ၀ိုးတ၀ါးဆည်းဆာအချိန်ဖြစ်နေပါသည် ။ ဒီလူပဲ ဟိုကထွက်လာလိုက် ၊ သည်က၀င်လာလိုက်နှင်. မျက်စေ.လည်စရာပုံရိပ်များနှင်.ရှုပ်ရှက်ခတ်နေပါတော.သည် ။ မှောင်သည်လဲမဟုတ် ၊လင်းသည်လဲမဟုတ်သောပါတ်ဝန်းကျင်ဝယ် လူအမျိုးမျိုးသည် ရှုပ်ယှက်ခတ်နေသည်.ကြားမှမရိုးနိုင်အောင် လူလုံးပြနေသည်နှင်.တူပါသည် ။ ယခုထွက်လာသူသည် လူဟောင်းလား၊လူသစ်လား ၊ ဘောင်းဘီချွတ်၍ ပုဆိုးဝတ်သူလား ၊ ပုဆိုးချွတ်၍ဘောင်းဘီဝတ်သူလား ၊ ဘောင်းဘီနှင်.ဘောင်းဘီလဲတာလား ၊ ပုဆိုးနှင်.ပုဆိုးလဲတာလား ၊ ဘာတွေမှန်းမသိတော.ပေ ။တိုင်းရင်းသားပါတီတွေကလည်း ကျားဖြူဖြစ်လိုက် ၊ကျားခေါင်းဖြစ်လိုက် UNA နှင်. SNLD မဟာမိတ်လုပ်လိုက် ၊ CRPP နှင်. NLD မဟာမိတ်လုပ်လိုက် ။ ရခိုင်ပါတီများကလည်းပေါင်းသည်.ပါတီပေါင်း ၊ ကွဲသည်.ပါတီကွဲ ။ တပ်မတော်နှင်. အပစ်အခတ်ရပ်စဲရေးစာချုပ် (မူကြမ်း)ကိုလက်မှတ်ထိုးထားပြီးသော တိုင်းရင်းသားအချို.နှင်.ပင်ယခုအခါ မြန်မာနိုင်ငံအနှံ.၀ယ် တိုက်ပွဲများဖြစ်ပွားနေတာလည်းမျက်စေ.လည်စရာပင် ။ လွှတ်တော်နှင်.အစိုးရအားပြိုင်မှု ၊ အာဏာပွတ်တိုက်မှုကြားဝယ် အာဏာရပြည်ခိုင်ဖြိုးပါတီအတွင်း ဦးသိန်းစိန်ဂိုဏ်းနှင်. ဦးရွှေမန်းဂိုဏ်းအဖြစ်ကွဲပြားမှုပိုမိုပီပြင်လာတာလည်း ပြည်သူလူထုမှာနားမလည်နိုင်စရာဖြစ်သည် ။အဖွဲ.အစည်းအချို.ကလည်းဘာသာရေးကို နိုင်ငံရေးဘက်သို.နွယ်ကာစည်းရုံးနားချမှုများဖြစ်ပေါ်နေသည် ။ နိုင်ငံရေးအထည်ကြီးပျက်အချို.ကလည်း ရှင်ပြုတုန်းကရွှေထီးဆောင်းခဲ.ရတာတွေကိုစားမြုံ.ပြန်ကာ အမျိုးသားရေးလိုလိုဘာလိုလိုဖြင်.လူလုံးပြနေကြပြန်သည် ။ ထိုအခါ အားလုံးကပြောလာကြသည်မှာ ပြည်သူတွေသည်ဘာကိုဆက်လုပ်ရမလဲ ။ ဘယ်သူ.ကိုယုံရမလဲဆိုသောမေးခွန်းဖြစ်သည် ။ အခြေအနေတွေက အမယ်ဘုတ်ရယ်သူ.ချည်ခင်ဖြစ်နေသည် ။ အားလုံးကတော.ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်နှင်.ဆရာကြီးတွေချည်းဖြစ်သည် ။ ဦးအောင်ဇေယျတို.လက်ထက်က ဘိုသုံးဘိုတဘိုမင်းဖြစ်မည်ဆိုသကဲ.သို. ယခုအခါလည်း တပ်မတော်မှတင်သောဗိုလ် ၊ ပြည်ခိုင်ဖြိုးမှတင်သောဗိုလ် ၊NLD မှတင်သောဗိုလ် တဗိုလ်ဗိုလ်မင်းဖြစ်မည်.ကိန်းဆိုက်နေသည် ။ တိုင်းရင်းသားတို.ကြေနပ်စေရန် တိုင်းရင်းသားတို.ရွေးချယ်သောဗိုလ်တဗိုလ်ကိုလည်း အာဏာခွဲဝေမှု၌ ထည်.သွင်းတွက်ချက်ရမလိုရှိသည် ။ တိုင်းပြည်သည်ဘယ်ဘက်ကိုလိုက်ကြမည်နည်း ။
စာလေးမည်စိုးသဖြင်. ရှည်ရှည်ဝေးဝေးတော.မပြောလိုပါ ။ အကျဉ်းချုံးသုံးသပ်ကြည်.ပြီးရဲရဲပြောရလျင်အောက်ပါအတိုင်း (စာရေးသူ၏တဦးတည်း၏အမြင်အရ ) အဖြေထွက်ပါသည် ။
(က)ဦးသိန်းစိန်
၂၀၁၅ ရွေးကောက်ပွဲရအနိုင်အရှုံးရလာဒ် သဲသဲကွဲကွဲထွက်လာသည်အထိ တပ်မတော်သည် ဦးသိန်းစိန်ကိုအလောတကြီးပွဲထုတ်ဦးမည်မဟုတ် ။သေချာမှထုတ်သုံးမည်ဖြစ်သည် ။ သေချာစေရန် တပ်မတော်သား ၁၆၆ ယောက်၏ ၂၅ ရာခိုင်နှုန်းထောက်ခံမဲပြည်ထောင်စုလွှတ်တော်အတွင်းရရှိပြီးဖြစ်ရာ တပ်မတော်ကို ပူးပေါင်းထောက်ခံမည်. တပ်မတော်နှင်. လားရာအရပ်တူသည်. ၊ ရည်ရွယ်ချက်တူသည် . ပါတီများ ၊ တပ်မတော်ကိုမလွန်ဆန်နိုင်သော တိုင်းရင်းသား ကိုယ်စားလှယ်မဲများကို ခန်.မှန်ချေ အရင်အချိုးချကြည်.မည်ဖြစ်သည် ။ လွှတ်တော်တွင်း၌ တပ်မတော်မှမူသေရရှိထားသော မဲအရေအတွက် ၁၆၆ မဲရရှိထားပြီးဖြစ်ရာ နောက်ထပ် ၂၅ ရာခိုင်နှုန်းသောအရပ်သား လွှတ်တော်အမတ်မဲပေါင်း ၁၆၆ ဦးတပ်မတော်ဘက်ပါနိုင်မလားဆိုတာအဓိကကျသည် ။ ထိုလိုအပ်သော ရွေးကောက်ခံကိုယ်စားလှယ်မဲ ၁၆၆မဲ ရရှိအောင်(ကိုယ်.ဘက်ပါအောင်)တပ်မတော်သည်စည်းရုံးနိုင်မည်ဟုယူဆပါက (၁၆၆ မဲမစည်းရုံးနိုင်တောင် မဲ ၁၀၀ လောက်ကိုယ်.ဘက်ပါနိုင်သည်ဟုတပ်မတော်ဘက်မှထင်ပါက)တပ်မတော်အစုအဖွဲ.မှဒုသမ္မတလောင်းတစ်ဦး အမည်စာရင်းတင်သွင်းရမည်ဆိုလျင် ဦးသိန်းစိန်၏အမည်သည် တပ်မတော် အစုအဖွဲ.ဆီမှပေါ်ပေါက်လာနိုင်ပေ၏ ။ တပ်မတော်သား၂၅ ရာခိုင်နှုန်း၏မဲသက်သက် သာရှိပြီးအခြားမဲများမရနိုင်ပါက ဦးသိန်းစိန်နာမည်ကိုတပ်မတော်မှတင်သွင်းမည်မဟုတ်ချေ ။ အဘယ်.ကြောင်.ဆိုသော် မဲခွဲ၍ အနိုင်မရပါက ဦးသိန်းစိန်သည် ဒုသမ္မတဖြစ်သွားနိုင်သောကြောင်.ဖြစ်သည် ။ သမ္မတလုပ်လာသူသည် ဒုသမ္မတဆင်း၍လုပ်ရသည်ဆိုလျှင်ကျောင်းထိုင်ဆရာတော်ဘ၀မှ ကိုရင်ကြီးဘ၀သို.တော.ဦးသိန်းစိန်သည်နေချင်မည်မထင်ပေ ။ ထိုသို.မရေရာသောအချေအနေတွင် တပ်မတ်ာသည် ဦးသိန်းစိန်နာမည်အစား အခြားတပ်မတော်ခေါင်းဆောင်တစ်ဦးကိုအမည်စာရင်း လွှတ်တော်သို.ပေးပို.လိမ်.မည် ။ သေချာသည်ကတော. ရွေးကောက်ပွဲအဖြေထွက်မလာမချင်းတပ်မတော်သည်ဆုံးဖြတ်နိုင်မည်မဟုတ်ပေ ။တရားဝင်မဟုတ်သောကြိုတင်လျာထားမှုသာရှိပေမည် ။
(ခ) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တပ်မတော်မှမူသေမဲအပြင် ၊ နောက်ထပ် ဟိုပါတီ သည်ပါတီ ၊ ဟိုတိုင်းရင်းသား ၊ သည်တိုင်းရင်းသား ၊ ကြံ.ခိုင်ရေးပါတီမဲများစသည်ဖြင်.ပေါင်းလိုက်၍ လွှတ်တော်အတွင်း အမတ်များထံမှ ၁၆၆ မဲသေချာပေါက်ထပ်ရခဲ.မည်ဆိုလျှင် ဦးသိန်းစိန်ကို အမည်စာရင်းတင်သွင်းမည်.အစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုယ်.အမည်ကိုသာကိုယ်တင်သွင်း၍ သမ္မတတက်လုပ်မည်ဖြစ်သည် ။ သို.သော်အဓိကအချက်မှာ တပ်မတော်မူသေမဲသက်သက်ဖြင်. လုပ်၍မရ ။နောက်ထပ် ၂၅ ရာခိုင်နှုန်းမဲထပ်ရမှ ၅၀ ရာခိုင်နှုန်းကျော်ကာ သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်မည်ဖြစ်သည် ။ ထို.ကြောင်.၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်၏ဒေါက်တိုင်ပါတီများမဲနိုင်ဖို.တောလိုပေသည် ။ ကာချုပ်သည် ကိုယ်.နာမည်ကိုယ်တင်သွင်းခွင်.မရှိဘူးဆိုလျှင် လက်ရှိကာချုပ်သည် နောက်ကာချုပ်တစ်ယောက်ကိုရာထူးလွှဲလိုက်ပြီး သက်ပြည်.ပင်စင်ယူလိုက်လဲရသည်ပဲဖြစ်သည် ။ ဒီလိုလဲလုပ်လာနိုင်ပါသည် ။ေ၇ွးကောက်ပွဲမှာထင်တိုင်းပေါက်ခဲ.လျှင်ပေါ.။
(ဂ) သူရဦးရွှေမန်း
သူရဦးရွှေမန်းသမ္မဖြစ်ဖို.ရာခိုင်နှုန်းအလွန်နည်းသည် ။ဒုသမ္မတဖြစ်နိုင်ရန်ပင်မလွယ်ပေ ။ ဖြစ်နိုင်ခြေမှာတပေါက်တည်းရှိသည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ.ခိုင်ရေးပါတီမှ ပြည်ထောင်စုလွှတ်တော်တွင်အမတ်ပေါင်း ၃၀၀ ကျော်အရွေးခံရဖို.လိုသည် ။အနည်းဆုံးအဆင်.ဆန်ကာတင်သမ္မတလောင်းအဆင်.တွင်ပါနိုင်ရန်အမျိုးသားလွှတ်တော်တွင်ပြည်ခိုင်ဖြိုးပါတီမှ ၁၁၃ ယောက်အရွေးခံရမှ ဦးရွှေမန်းနံမည် ပြည်ထောင်စုလွှတ်တော်သို.တက်လာနိုင်မည် ။ ဒါမှမဟုတ် ပြည်သူ.လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှအနိုင်ရအမတ် ၂၂၁ ယောက် အရွေးချယ်ခံရမှဖြစ်မည် ။ ထိုအရေအတွက်မရလျှင် ဦးရွှေမန်းနာမည်သည် ပြိုင်ပွဲစာရင်းသို.တက်မလာနိုင် ။ တပ်မတော်အစုအဖွဲ.ကလည်းဦးရွှေမန်းနာမည်ကိုတင်မည်မဟုတ် ၊ NLD ကလည်း ဦးရွှေမန်းနာမည်ကိုအဆိုပြုမည်မဟုတ် ။ ကြံ.ခိုင်ရေးမဲအပြတ်အသတ်နှင်.မနိုင်ပါက ဦးရွှေမန်းသည် ဘယ်လိုမှ ဒုသမ္မတပင်မဖြစ်နိုင်ပါ ။ နိုင်မနိုင်စောင်.ကြည်.ကြပါကုန် ။
( ဃ) သူရဦးတင်ဦး (သို.မဟုတ် )ဦးဝင်းထိန်
သူရဦးရွှေမန်းအတွက်ရှင်းပြခဲ.သလိုပင်ဖြစ်သည် ။ NLD သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း၃၃၃ ဦး ရွေးကောက်ခံခဲ.ရပါက ပြည်ထောင်စုလွှတ်တော်တွင် ၆၆၄ ဦး ရှိရာ ၅၀ ရာနှုန်းကျော်ဖြစ်သော ၃၃၃ ဦးကိုယ်.ဘက်မှာရှိသဖြင်. NLD မှတင်မြောက်သော ဦးတင်ဦးဖြစ်စေ ၊ ဦးဝင်းထိန်ဖြစ်စေ သမ္မနှင်. ဒုသမ္မတများဖြစ်လာကြပေမည် ။ ၃၃၃ ဦး ဟုဆိုရာ၌ NLD ပါတီဝင်အမတ်ပင်မဟုတ်သော်လည်း NLD ကရွေးသောသမ္မတလောင်းကို ထောက်ခံမဲပေးမည်. မဟာမိတ်ပါတီများမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်းပါဝင်နိုင်သည် ။ NLD က အမတ် ၃၀၀ ရ၍ မဟာမိတ်ဖွဲ.ထားသော တိုင်းရင်းသားများ ၃၃ ဦး နိုင်ခဲ.လျင်လည်း ဖြစ်ပေသည် ။
ဤသို.ယထာဘူတကျကျလေ.လာကြည်.သောအခါ မည်သူတွေကမည်မျှသမ္မလုပ်လိုသည်ဟုပြောနေသည်ဖြစ်စေ သမ္မတတကယ်ဖြစ်နိုင်သည် မှာ ပြည်သူတွေက ရွေးကောက်ပွဲတွင်မဲပေးရွေးချယ်မှသာ ဖြစ်နိုင်မည်ကိုတွေ.ရမည်ဖြစ်သည် ။ တပ်မတော်မှတင်မြှောက်သော ကိုယ်စားလှယ်သည်သာ ရွေးကောက်ပွဲတွင်မနိုင်လဲ ဒုသမ္မတတယောက်တော. သေချာပေါက်ဖြစ်နိုင်ပေသည် ။ သို.သော် ဦးသိန်စိန်ရော ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရော ဒုသမ္မတရာထူးတော.ယူချင်မည်မဟုတ်ပေ ။ ထို.ကြောင်. ရွေးကောက်ပွဲတွင် တပ်မတော်ကမျှော်လင်းအားထားသောပါတီများ မနိုင်ခဲ.ပါက ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ လူစာရင်းမှချန်လှပ်နေခဲ.ဖွယ်ရှိသည် ။ လောလောဆယ် လူ ၄ ဦးတွင် ( ဃ)သည် အားအသာဆုံးဖြစ်နေပါသည် ။ ၂၀၁၅ နိုဝင်ဘာလကုန်အထိ တိုင်းပြည်တည်ငြိမ်၍ရွေးကောက်ပွဲ သမာသမတ်ကျကျပြုလုပ်ခဲ.လျှင် ၊ ၁၉၉၀ လိုမဟုတ်ပဲ ငြင်သာစွာ အာဏာလွှဲခဲ.မည်ဆိုလျှင် ပြည်သူလူထုလိုလားသောအစိုးရအဖွဲ.တက်လာနိုင်ပါသည် ။
ယခုအခါတွင်အရာရာသည်ရှုပ်ထွေးလျက်မဲမှောင်နေသောအခိုက်ဖြစ်ပါသည် ။ ပါတီအသီးသီးသည် သူတို.ပါတီကောင်းကြောင်းများကိုမစားရ၀ခမန်းပြောလာတော.မည်.ကာလဖြစ်သည် ။ သင်တို.ကျွန်တော်တို.လမ်းထဲသို. ကွန်ကရစ်လမ်းများ ရောက်လာနိုင်ပါသည် ။ ချေးငွေများ ရောက်လာနိုင်ပါသည် ။ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများ ကျေးရွာများသို.ရောက်လာနိုင်ပါသည် ။ အ၀ီစိစက်ရေတွင်းများ မိုးနည်းရေရှားကျေးရွာများသို.ရောက်လာနိုင်ပါသည် ။ စပါးခြွေလှေ.စက်များ ၊ လက်သုံးထွန်စက်များ ၊ ဓါတ်မြေသြဇာများ ၊ ပိုးသတ်ဆေးများ ၊ မျက်နှာချိုချိုနှင်. ပုဂ္ဂိုလ်များသင်တို. အိမ်နား ၊ ကျောင်းနား၊ ရွာနား၊မြို.နားမှာခြေခြင်းလိမ်နေနိုင်ပါသည် ။သန်းခေါင်စာရင်းလုပ်ပေးမည်ဆိုသူများ၊မှတ်ပုံတင်ရစေရမယ်ဆိုသူများ ၊ တိုင်းရင်းသားဖြစ်စေရမယ်ဆိုသူများ ၊ကူညီမစမယ်ဆိုသူများ သင်.တို.အနားဝယ် ပလူပျံနေပါလိမ်.မည် ။ ငွေလိုချင်သူကိုငွေဖြင်. ၊ အခွင်.အရေးလိုချင်သူကိုအခွင်.အရေးဖြင်. ၊ ပျော.ကွက်ရှိသူကိုနိုင်ကွက်ဖြင်.၊မသိသူကို လှည်.ဖျားခြင်းဖြင်. လူများစွာကအပြိုင်အဆိုင်စည်းရုံးကြပါလိမ်.မည် ။ သင်.ကိုယခင်က တသက်လုံးလူရာ မသွင်းခဲ.သော်လည်းသင်.လက်ထဲမှ မဲတပြား သည် ငမောက်ပတ္တမြားသဖွယ်တန်ဘိုးကြီးလွန်းလှသဖြင်. လိုချင်သူများအလုအယက်ဖြစ်နေပါလိမ်.မည် ။ သင်.ကိုသူတို.ကလုသောအခါ မဟော်သဓာဇာတ်တော်ထဲမှ သားတရားစီရင်ခန်းကိုသာသတိရလိုက်စေချင်ပါသည် ။ မိခင်အရင်းသည် မိမိသားငယ်ကို မည်သည်.အခါမှငါနိုင်ရင်ပြီးစတမ်းကြမ်းကြမ်းတမ်းတမ်း အသားနာစေရန် လုယက်ယူငင်မည်မဟုတ်ပါ ။ ဘီလူးမသည် ကလေးမိမိဘက်ပါလျှင်ပြီးစတမ်းအကြင်နာကင်းမဲ.ရက်စက်ပြပါလိမ်.မည် ။ ထိုအခါ သင်.လက်ထဲမှမဲတပြားကို ထိုလူနှစ်ဦး၏ရှေးယခင်နှင်. ယခုလုပ်ရပ်များကို တွေးတောဆုံးဖြတ်ပေးအပ်ပါလေ ။
ဘယ်သူသည် သင်.ကိုမိခင်လိုချစ်ခဲ.သလဲ ။
ဘယ်သူသည်သင်.ကို ဘီလူးတကောင်လို ကိုက်ဖြတ်ဝါးမြိုစားသောက်ခဲ.သလဲ ။
သူများကိုမေးစရာမလို
သတင်းစာဖတ်စရာမလို
နိုင်ငံရေးတရားပွဲသို.သွားစရာမလို
သြ၀ါဒတွေခံစရာမလို
ရုပ်မြင်သံကြားကြည်.စရာမလို
သင်အလိုလိုသိနှင်.နေပြီးဖြစ်ပါ၏ ။ ကျွန်ုပ်ဘာမှမပြောလိုတော.ပါ ။
သရ၀ဏ်(ပြည်)
၂၄.၇.၂၀၁၅
စောင်.ကြည်.News Watch ဂျာနယ်

0 comments:

Post a Comment

Facebook Like Page