Wednesday, July 8, 2015

“မြန်မာ့ခေတ်ဂျာနယ်တိုက်ကို ရဲများနှင့် အရပ်ဝတ်များ ဝင်ရောက်ရှာဖွေ” 7Day News Journal

Leave a Comment

“မြန်မာ့ခေတ်ဂျာနယ်တိုက်ကို ရဲများနှင့် အရပ်ဝတ်များ ဝင်ရောက်ရှာဖွေ”

ပုစွန်တောင်မြို့နယ်တွင် ရုံးခန်းဖွင့်လှစ်ထားသည့် မြန်မာ့ခေတ်ဂျာနယ်တိုက်
သို့ ဇူလိုင်၆ရက် ညသန်းခေါင်ယံအချိန်တွင် ရဲဝန်ထမ်းများနှင့်အရပ်ဝတ် စုစုပေါင်းအယောက်သုံးဆယ်ကျော်က ဧည့်စာရင်းစစ်မည်ဟုဆိုပြီး ဝင်ရောက်
ရှာဖွေခဲ့ကြောင်း ဂျာနယ်မှ ဒါရိုက်တာကိုအောင်ကျော်ကပြောသည်။
"သူတို့လာစစ်တဲ့အထဲမှာ ရဲတွေလဲပါတယ်။ စွမ်းအားရှင်တွေပါလာတယ်။ ရုံးခန်းတွေအကုန်လုံးကိုလည်းရှာတယ်။ ဓာတ်ပုံလည်းရိုက်တယ်။ ဗီဒီယိုလည်း
ရိုက်တယ်။အိမ်သာခန်းတောင်မကျန်ဘူး။ဘာလို့လဲမေးတော့လဲ သေသေချာချာရှင်းမပြဘူး"ဟု ကိုအောင်ကျော်ကပြောသည်။
ယနေ့(ဇူလိုင်၇ရက်)နံနက် ၁၀နာရီအချိန်တွင် ပုစွန်တောင်မြို့နယ်မှရဲအရာရှိ
တစ်ဦး ဂျာနယ်တိုက်သို့လာရောက်ပြီး ဧည့်စာရင်းတိုင်ကြားရန်နှင့် ဧည့်စာရင်း
မတိုင်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟုလာရောက်
ပြောဆိုခဲ့သည်ဟု ကိုအောင်ကျော်ကပြောသည်။
7Day News Journal

0 comments:

Post a Comment

Facebook Like Page