Saturday, July 4, 2015

အောင်မင်္ဂလာကျောင်းတိုက်သစ် တက္ကသိုလ်ဝင်တန်းအခမဲ့ပညာဒါနကျောင်းတွင် အလှူငွေနှင့်ကျောင်းသုံးပစ္စည်းများ လိုအပ်ချက်ရှိနေ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment



အောင်မင်္ဂလာကျောင်းတိုက်သစ် တက္ကသိုလ်ဝင်တန်းအခမဲ့ပညာဒါနကျောင်းတွင်
အလှူငွေနှင့်ကျောင်းသုံးပစ္စည်းများ လိုအပ်ချက်ရှိနေ


ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွှေလက်လှရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက်သစ်ရှိ တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါနကျောင်းတွင် ၂၀၁၃-၂၀၁၄ပညာသင်နှစ် ကျောင်းသား /
ကျောင်းသူ ဦးရေ (၈၀)ယောက်ရှိခဲ့ပြီး အောင်မြင်သူ(၅၄)ယောက်အနက် သင်္ချာဂုဏ်ထူး(၁)
ယောက်၊ဘောဂ ဂုဏ်ထူး(၁၇)ယောက်၊စုစုပေါင်း(၁၈)ဦး၊၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်
ကျောင်းသား /ကျောင်းသူ ဦးရေ (၇၆)ယောက်ရှိခဲ့ပြီး အောင်မြင်သူ(၅၆)ယောက်အနက်
ရှုပ/ဇိဝ နှစ်ဘာသာ ဂုဏ်ထူး(၁)ယောက်၊ရှုပ/ဘောဂ နှစ်ဘာသာ ဂုဏ်ထူး(၁)ယောက်၊
သင်္ချာ ဂုဏ်ထူး(၂)ဦး၊ဘောဂဂုဏ်ထူး (၄)ဦး၊စုစုပေါင်း(၈)ဦး အသီသီဂုဏ်ထူးရရှိကာ
အောင်မြင်ခဲ့ပါသည်။

ယခုနှစ်၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာတော့ ကျောင်းသား/ကျောင်းသူ(၁၂၈)ဦးအထိရောက်
ရှိခဲ့ပါသည်။ထို့ကြောင့် ကျောင်းသား/ကျောင်းသူများ အတွက်စာသင်ဆောင်များ၊ကျောင်းသုံး
ပစ္စများလိုအပ်လာပါသည်။ဆရာတော်ဘုရားကြီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေချိန်နီးကပ်
လာသည့်အခါကျောင်းတွင် စခန်းသွင်းလေ့ကျင့်မှုများကိုဆောင်ရွက်ပေးခဲ့ပါသည်။

သို့ပါသောကြောင့် မိဘပြည်သူများအနေဖြင့် အခမဲ့ပညာဒါနကျောင်းတွင် ပညာနို့သောက်စို့နေကျ
သောကျောင်းသား/ကျောင်းသူများအား မိမိတို့၏ရင်သွေးများသဖွယ်သဘောထား၍ တတ်နိုင်သည့်
ဘက်မှသတ္တာတရားနဲများမဆို ကုသိုလ်တော်များပါဝင်ခြင်းဖြင့် နောင်တခေတ်အတွက် ပညာတံခွန်
လူရည်ချွန်များဖြစ်ကြောင်း ဝိုင်ဝန်းကုသိုလ်ယူပေးကြပါရန် အပြုသဘောဆောင်၍နှိုးဆော်အပ်ပါသည်။

 
ဆက်သွယ်လှူဒါန်းလိုပါက

ဘန္ဒန္တ ၀ီရိယ(သန္ဓမ္မ ဇောတိကဓဇ)
ဦးစီးပဓာန နာယက
အောင်မင်္ဂလာကျောင်းတိုက် ရွှေလက်လှရပ်ကွက် ပြည်မြို့
09 531 2530

ဘန္ဒန္တ လက္ခဏ
အောင်မင်္ဂလာကျောင်းတိုက် ရွှေလက်လှရပ်ကွက် ပြည်မြို့
09-796996108 /09-254977349 သို့တိုက်ရိုက်ဆက်သွယ်၍လှူဒါန်းနိုင်ပါသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883







0 comments:

Post a Comment

Facebook Like Page