Saturday, July 11, 2015

လယ်ယာမြေ များအားပုံစံ(၇)ထုတ်ပေးရာတွင် ငွေတစ်သိန်းနှစ်သောင်း ပေးဆောင်မှရသည် ဟုလယ်သမားများကဆို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

လယ်ယာမြေ များအားပုံစံ(၇)ထုတ်ပေးရာတွင် ငွေတစ်သိန်းနှစ်သောင်း
ပေးဆောင်မှရသည် ဟုလယ်သမားများကဆို

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်ဝက်ထီးကန်လေးထပ်ပြင်ဒေသ
ခံတောင်သူများ ဓါးမဦးချစဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့သော လယ်ယာမြေများ
ကို ပထမဦးစွာ လေးထပ်ပြင်ဗဟိုစိုက်ပျိုးရေး သုတေသနခြံမှသိမ်ယူခြင်းခံခဲ့
ရသည့်တောင်သူများအား အစိုးရမှပြန်လည်ပေး အပ်သော လယ်ယာမြေ
၂၈.၇၅ ဧကကို ပုံစံ(၇)ထုတ်ယူရာတွင် တစ်ဧကတစ်သိန်းနှစ်သောင်းပေးရ
သည်ဟု ဇူလိုင်(၉)ရက်နေ့တွင် လယ်သမားများက ပြောသည်။

“၂၈.၇၅ ဧကမှာ၁၃.၁၃ ဧကပဲရသေးတယ်။၁၅.၆၂ ဧက ကျန်နေသေးတယ်။
၁၃.၁၃ဧကပေးတုန်းက ပုံစံ(၇)ရဖို့ တစ်ဧကကိုတစ်သိန်းနှစ်သောင်းပေးရ
တယ်။အခုကျန်တဲ့၁၅.၆၂ဧကကိုလဲ အဲဒီလိုပဲတစ် သိန်းနှစ်သောင်းရမယ်
ထင်လို့စောင့်နေတဲ့ပုံစံမျိုးဖြစ်နေတယ်။ပုံစံ(၇)စာရွက်တစ်ရွက်ကို ဧကငါးဧက ပါ ဆယ်ဧကပါပါတစ်ဧကပါပါ ငွေငါးရာပဲပေးရမယ်လို့တရားဝင်ဥပဒေမှာ
ပါပြီးသား။အခုတော့တစ်ဧက သမားက တစ်သိန်းနှစ်သောင်းခွဲ တစ်ဧက
ခွဲလယ်သမားက တစ်သိန်းရှစ်သောင်းပေးနေရတယ်”ဟု လယ်သမား
ကိုဇော်ကြီးပြောသည်။
စသိမ်းတာ လေးထပ်ပြင်စိုက်ပျိုးရေးသုတေသနကသိမ်းတယ်။အလုပ်မဖြစ်
တော့မြန်မာ့ကြံဌာနကသိမ်းတယ်။သူလဲအလုပ်မဖြစ်တော့ မြန်မာစူးတက်(စ်)
ကုမဏ္ဏီကသိမ်းတယ်။delicious foods ကုမဏ္ဏီ နဲ့ပူးပေါင်းလုပ်တယ်။အခု
လုပ်နေတဲ့ကုမဏ္ဏီတွေကလုပ်ပိုင်ခွင့်မရသေးဘူးဒါပေမဲ့လုပ်နေတာအနှစ်နှစ်
ဆယ်နီးပါးရှိနေပြီး၊မူလပိုင်ရှင်တွေကတော့လုံးလုံးဘဝပျက်နေတယ်ဟု၎င်းကောင်း
ကဆက်လက်ပြောခဲ့သည်။

အခုလာတာကတော့မြေစာရင်းရုံးကိုလာပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်
တို့ရုံးကိုရောက် လာတယ်။ဒါကလဲကောင်းပါတယ် ဘာကြောင်း
အရာလဲဆိုတာတိုက်ရိုက်သိရတာပေါ့။မြေစာရင်းမေးမ နေရတော့ဘူး။
အခုမြေစာရင်းကအဖွဲ့တွေဒီနေ့သင်တန်းရှိတယ်။ဘာပဲဖြစ်လယ်ယာမြေနဲ့
ပတ်သက်ရင်ကျွန်တော်တို့လယ်ယာမြေစီမံခန့်ခွဲမှုမှာလဲတာဝန်ရှိတယ်ဟုမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ပြောသည်။

အဆိုပါဝက်ထီးကန်လေးထပ်ပြင်မှလယ်သမားနှစ်ဆယ်ကျော်ကမြို့နယ်မြေစာ
ရင်းဦးစီးဌာနမှဦးကြည်ဝင်း ၏၉၁၉.၆.၂၀၁၅)ရက်နေ့ဒေသခံတောင် သူလယ်
သမားငါးဦးနှင့် တွေ့ဆုံမှုတွင် ခုနှစ်ရက်အတွင်းဖြေရှင်းဆောင်ရွက်ပေးမည်ဟု
ကတိပြုထားခဲ့သော်လည်းဆောင်ရွက်ပေးခြင်းမရှိသဖြင့်ထပ်မံ၍လာရောက်တွေ့
ဆုံခြင်းဖြစ်သည်ဟုသိရသည်။ သို့သော်လည်း မြို့နယ်လယ်ယာမြေစီမံခန့်
ခွဲမှုအဖွဲ့နှင့် သာတွေ့ဆုံခဲ့ရပြီးမြို့နယ်မြေစာရင်း နှင့်မတွေ့ခဲ့ရကြောင်းသိရ
သည်။
ကလောင် ပြည့်သဲမောင်(ပြည်)09 4236 71883

0 comments:

Post a Comment

Facebook Like Page