Monday, June 22, 2015

ပြည်ခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများထုတ်ပြန်..

Leave a Comment

ပြည်ခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများထုတ်ပြန်..

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ရန်မဲစာရင်းများနှင့် ပြည်သူများသိရှိနိုင်စေရန် လက်ကမ်းစာစောင်များ၊ဗီနိုင်ပိုစတာများပေးအပ်ရန် ဇွန်-၁၈ ရက်နေ့ နံနက် ၉း၃၀ ချိန်ခန့်မှာ ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် ပြည်ခရိုင် ၆.မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မီဒီယာများသတင်းရယူနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဥပဒေ နည်းဥပဒေများနှင့်ကိုက်ညီအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပွင့်လင်းမြင်သာစွာ ပြည်သူ့အတွက်မှန်မှန်ကန်ကန်ဖြစ်အောင်အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
“ကျွန်တော် ပြည်ခရိုင်အတွင်း စာရင်းထုတ်ပြန်မှုနောက်ကျရခြင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားချက်အတိုင်းလုပ်ဆောင်နေရလို့ပါ။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုတော့နောက်ကျသွားတာပါ။မီဒီယာသတင်းယူခွင့်ကို ဥပဒေနဲ့အညီဆောင်ရွက်ပေးသွားမှာပါ။အသက် ၁၈.နှစ်ပြည့်ပြီးသူတိုင်းမဲပေးနိုင်ဖို့လိုပါတယ်။အခု လက်ကမ်းစာဆောင်တွေ ပိုစတာဗီနိုင်းတွေ လော်စပီကာတွေနဲ့ မဲပေးစာရင်းတွေကြေငြာသွားဖို့အစီအစဉ်ရှိပါတယ် ဘက်မလိုက်ဘဲ တရားမျှတစွာ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရေးအတွက်ကြိုးစားနေပါတယ်။”ဟု ပြည်ခရိုင်ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေနော် မှ သမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါ ၂၀၁၅ ရွေးကောက်ပွဲအတွက်နှင့်ပတ်သက်ပြီး ဇွန်.၁၉.ရက်နေ့တွင် CSO(အရပ်ဖက်အဖွဲ့အစည်း)များနှင့်တွေ့ဆုံသွားမှာဖြစ်ပြီး ဇွန်-၂၂.ရက်နေ့တွင် အခြေခံမဲဆန္ဒရှင်များစာရင်းကပ်သွားမည်ဖြစ်ကြောင်းသိရသည်။
“မီဒီယာတွေနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ မီဒီယာတွေလိုအပ်တဲ့သတင်းအချက်တွေထုတ်ပြန်ပေးဖို့သင်တန်းမှာသင်ကြားဖို့ချထားပြီးဖြစ်ပါတယ်။အခုထုတ်ပြန်တဲ့ အခြေခံမဲဆန္ဒရှင်များစာရင်းက အတည်သတ်မှတ်လို့မရသေးပါဘူး အမှားတွေပါအုံးမှာပါ။လိုအပ်ချက်တွေရှိနေပါတယ်။နာမည်မပါသေးတဲ့သူတွေ၊သေဆုံးသွားသူတွေ အမှားပြင်ဆင်ချက်တွေအများကြီးရှိနေအုံးမှာပါ။မဲဆန္ဒရှင်တွေဟာ မိမိမဲတပြား နှင့်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည့်မိမိနိုင်ငံအတွက်ခေါင်းဆောင်ကောင်းတွေရွေးရမှာဖြစ်ပါတယ်။အခုထုတ်ပြန်တဲ့အခြေခံမဲဆန္ဒရှင်စာရင်းကအတည်မပြုနိုသေးတဲ့အတွက်မဲပေးနိုင်မှုစာရင်းကပြောလို့မရသေးပါဘူး။ရွေးကောာက်ပွဲရက်ကလည်းမကြေငြာသေးတဲ့အတွက် အခုလက်ရှိကတော့ နည်းဥပဒေတွေနဲ့ပဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရက်ပေါင်းတစ်ရာ့ရှယ်ဆယ်အတွင်းနေထိုင်ခဲ့သူများစာရင်းတော့မပါသေးပါဘူး။” ဟု ပြည်ခရိုင်ကော်မရှင်(အဖွဲ့ခွဲ)ရုံး ဥက္ကဌ ဦးကျော်ညွှန့် မှသမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါပြည်ခရိုင် အခြေခံမဲဆန္ဒရှင်စာရင်းများတွင် လမ်းဘေးနေသူများ၊ရဲတပ်ဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များမပါသေးကြောင်း မိမိအမည်မပါသေးသူများ ပုံစံ(၃)၊ကွယ်လွန်သူများစာရင်းများပါနေပါက ပုံစံ(၄)၊ အချက်အလက်မှားသတ်ပုံမှားနေပါက ပုံစံ ၄-(ဂ)နဲ့ ပြန်လည်တင်ပြလျှောက်ထာရမှာဖြစ်ကြောင်း ရွေးကောက်ပွဲရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလုံခြုံရေးများအားနယ်မြေအလိုက်ဆောင်ရွက်သွားမှာဖြစ်ပြီး ယခုကောက်ယူထားသည့်စာရင်းများသည် အထွေထွေအုပ်ချုပ်ရေးရုံးမှ မိသားစုစာရင်းနှင့်လ.၀.က ရဲ့ ပုံစံ ၆၆/၆ ပေါ်မှာအခြေခံကောက်ယူထားတာဖြစ်ပြီး ပြည်၊ပန်းတောင်း၊ပေါင်းတည်၊သဲကုန်း၊ရွှေတောင်၊ပေါက်ခေါင်းခြောက်မြို့နယ်အတွင်းမှ အခြေခံမဲဆန္ဒရှင်များစာရင်းထုတ်ပြန်ခဲ့တာဖြစ်ကြောင်းသိရသည်။

မောင်ပန်ကာ(ပြည်)...သမဂ္ဂဂျာနယ် ဇွန်လ ၂၂ရက်နေ့ထုတ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိသည်။
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019


0 comments:

Post a Comment

Facebook Like Page