Monday, June 22, 2015

ကုန်ဈေးနူန်းမြင့်မားသွားမှုကြောင့် နေ့စားအလုပ်သမားများ ဈေးရောင်း/၀ယ်သူများအခက်အခဲများစွာရင်ဆိုင်နေရ

Leave a Comment
ကုန်ဈေးနူန်းမြင့်မားသွားမှုကြောင့် နေ့စားအလုပ်သမားများ ဈေးရောင်း/၀ယ်သူများအခက်အခဲများစွာရင်ဆိုင်နေရ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အတွင်း လွန်ခဲ့သော ၅.ရက်ခန့်မှစတင်ကာ  ဆန်ဈေး၊ဆီ၊ငရုတ်၊အအေးပစ္စည်းများနှင့် ကုန်စို ကုန်ခြောက်ပစ္စည်းများအားလုံးယခင်ထက်အစမတန်မြင့်မားနေကြောင်းသိရသည်။လတ်တလောကုန်ဈေးနူန်းများမြင့်မားသွားမှုကြောင့် ပြည်မြို့အတွင်း ဈေးရောင်း ဈေးဝယ်သူများနှင့်နေ့စားအလုပ်သမားများ အခက်အခဲများစွာရှိနေကြောင်းသိရသည်။

“ကျွန်မတို့ကိုမွဲသတက်မွဲအောင်လုပ်နေသလားလို့တွေးနေမိပါတယ်။ဈေးတက်တာ ဆန်းတွေဆီတွေတင်မဟုတ်ဘူးလေ။အကုန်လုံး ငရုတ်သီးကအစ ဆန်အဆုံး ကုန်ပစ္စည်းအင်းသီးဟင်းရွက်မှန်သမျှအကုန်တက်တာ။ယောက်ကျားက ပန်းရံသံလျှပ်ကိုင်ဆိုတော့ ၅၀၀၀-လောက်ရပါတယ်။အရင်ကဈေးထဲသွားရင် ၂၀၀၀-လောက်ဆိုအဆင်ပြေရုံနဲ့ဆိုတော့ တော်သေးတာပေါ့။ခု ၄၀၀၀-တောင်ဟင်းကောင်းမစားရတော့တဲ့ဘ၀ရောက်နေပြီ။ဆန်ဈေး သီးရွက်ဈေး ဟင်းဈေးအကုန်ကြီးကုန်တာ။အိမ်မှာမိသားစု ငါးယောက်ရှိတယ်တတိယတန်းကျောင်းသားလေးကို တနေကုန် ကျောင်းမုန့်ဖိုး ၃၀၀.မနည်းချော့ပေးနေရတယ်။ဝင်ငွေထွက်ငွေမမျှတော့ ပိုဖို့နေနေသာသာစားဖို့တောင်မနည်းရုန်းနေရတယ်။”ဟု ပြည်မြို့ အောင်မင်္ဂလာဈေးသို့ ဈေးလာရောက်ဝယ်ယူသူဒေါ်သူဇာမိုးမှသမဂ္ဂဂျာနယ်သို့ပြောသည်။

ပြည်မြို့တွင်ယခင်က ၂၄-ပြည်ဝင် ဆန်အိတ်များဖြစ်သော ရွှေဝါထွန်းဆန်တစ်အိတ် ၂၁၀၀၀-ကျပ်ပေးခဲ့ရာ ယနေ့ ၂၂၀၀၀-ကျပ်၊ပုသိမ်ပေါ်ဆန်းမွှေး တစ်အိတ် ယခင်၃၈၀၀၀-ကျပ်.ယခု၄၁၀၀၀-ကျပ်၊ကျောက်ရွေးတစ်အိတ် ယခင် ၂၂၀၀၀-ကျပ်.ယခု ၂၅၀၀၀-ကျပ်ဖြင့်ဝယ်ယူနေရကြောင်းသိရသည်။

“အကုန်လုံးကိုဈေးတက်တာ။ အမြတ်နည်းသွားသလို အရောင်းအ၀ယ်အရမ်းအေးသွားတယ်။ဆန်တစ်အိတ်မြတ်တာမှ ၁၅၀၀.လောက်။အရင်ကဆို ဆန်တစ်အိတ် ၂၄-ပြည်ကို ၃ရက်.၄ရက်ဆိုကုန်တယ် ခုချိန်ထိ ကုန်ဈေးနူန်းတက်ပြီးခုချိန်ထိ ဆန်၆.ပြည်ပဲရောင်းရသေးတယ်။မရှိတဲ့သူတွေအရမ်းဒုက္ခရောက်တာပေါ့။”ဟု ပြည်မြို့ ဆံတော်ရပ်ကွက်တွင်းကုန်စုံဆိုင် ပိုင်ရှင် ဦးထွန်းဝင်းမှပြောသည်။

ပြည်မြို့အတွင်း ကျွဲရိုင်းအအေးဗူး ၆-ဗှုးပါတစ်ကဒ်ကိုယခင် ၃၀၀၀-ကျပ်ရှိရာ ယခု ၃၅၀၀-ကျပ်နှင့် ၀င်းဆပ်ပြာမှုန့် အထုပ်တစ်ရာတစ်တွဲကိုယခင် ၈၄၀၀-ကျပ်ဖြင့်ဝယ်ယူခဲ့ကာ ယခုဆိုလျှင် ၉၆၀၀-ကျပ် နှမ်းဆီတစ်ပိဿာလျှင် ၂၅၀၀-ကျပ်ရှိရာ ယခု ၃၅၀၀-ကျပ်၊စားအုံးဆီယခင်တစ်ပိဿာ ၁၆၀၀-ကျပ်ရှိရာ ယခု ၂၀၀၀-ကျပ်မြင့်မားလျှက်ဖြစ်နေကြောင်းသိရပြီး လတ်တလောကုန်ဈေးနူန်းမြင့်မာလာမှုကြောင့် နေ့စားအလုပ်သမားများ၊ဈေးရောင်း၊ဈေးဝယ်သူများ ရရှိသောဝင်ငွေနှင့်ထွက်ငွေမျှတမှုမရှိသောကြောင့် အခက်ခဲများစွာရင်ဆိုင်နေရကြောင်းသိရသည်။
 မောင်ပန်ကာ(ပြည်)...သမဂ္ဂဂျာနယ် ဇွန်လ ၂၂ရက်နေ့ထုတ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိသည်။

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

0 comments:

Post a Comment

Facebook Like Page