Sunday, June 28, 2015

တောင်သူ ၅၀-ကျော် ထွန်တုံးတိုက်ပွဲများပြုလုပ်ခဲ့

Leave a Comment

တောင်သူ ၅၀-ကျော် ထွန်တုံးတိုက်ပွဲများပြုလုပ်ခဲ့


ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ၀က်ထီးကန် လေးထပ်ပြင်ဒေသရှိ ကျေးရွာများမှ မြန်မာ့ကြံလုပ်ငန်းက သိမ်းယူထားသည့် လယ်/ယာမြေများပြန်လည်ရရှိရန် ဒေသခံတောင်သူ ၅၀.ကျော်တို့မှ နွား၁၀.ရှဉ်းဖြင့် ဇွန်လ ၂၁.ရက်နေ့ နံနက်တွင် ထွန်တုံးတိုက်ပွဲပြုလုပ်သွားကြောင်းသိရသည်။

အဆိုပါဒေသရှိ တဲကြီးကုန်း၊လွှစင်၊ကံကျိုးစသည့်ကျေးရွာအုပ်စုများမှ ဘိုးဘွားစဉ်ဆက်လယ်ယာမြေများလုပ်ဆောင်ခဲ့ပြီး ၁၉၇၉ ခုနှစ်ခန့်တွင် နိုင်ငံတော်မှ စိုက်ပျိုးရေးသုတေသနခြံပြုလုပ်ရန်လယ်/ယာမြေ ဧက ၈၀၀-ကျော်ကိုသိမ်းယူခဲ့သည်။ထို့နောက် ၁၉၉၆ ခုနှစ်တွင် န၀ဒေးသကြားစက်(မြရွာ)အတွက် စက်မှုသီးနှံ ကြံစိုက်ပျိုးရန် မြန်မာ့ကြံလုပ်ငန်းမှ ထပ်ဆင့်ပြန်လည်သိမ်းယူခဲ့ပြီး ၄င်းသကြားစက်အား ပုဂ္ဂလိထံ လွဲပြောင်းပေးအပ်လိုက်ကြောင်းဒေသခံတောင်သူများထံမှသိရသည်။

“တိုင်စာတွေ၊အသနားခံစာတွေ၊စာပေါင်းများစွာတင်ပြပြီးပြီ။အခုထိဒီကိစ္စတွေရှင်းမပေးဘူး။ကျွန်တော်တို့ဘယ်လောက်ထိနစ်နာ ဘ၀ပျက်နေလည်းဆိုတာ သိသိကြီးနဲ့ ပြန်မပေးဘဲပစ်ထားတဲ့လယ်ယာတွေ။ခုဝမ်းစာအတွက်ထွန်တုံးတိုက်ပွဲလုပ်တယ်။ကိုယ့်ဘိုးဘွားမြေပေါ်ကိုယ်လုပ်တာပါ။နိုင်ငံတော်က လယ်မြေတွေပြန်ပေးတယ်သာဆိုတယ် ဘယ်မှာလည်းကျွန်တော်တို့လယ်တွေ။တောင်သူတွေဘ၀ပျက်နေပြီဗျ။” ဟုဒေသခံတောင်သူ ဦးစိန်ဌေး တဲကြီးကုန်းရွာနေသူမှ သမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါထွန်တုံးတိုက်ပွဲတွင်တောင်သူများမှ ထွန်ယက်ခြင်း၊ပျိုးကျဲခြင်းများပြုလုပ်ခဲပြီး ကိုလိုနီမြေသိမ်းစနစ်ကျဆုံးပါစေ၊ကိုယ့်လယ်ယာမြေ ကိုယ်ပြန်ရရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့်ပြုလုပ်ခဲ့သည်။

“ခွင့်ပြုမိန့်တင်ထားတာမရှိဘူး။အရေးယူမှုကတော့ အထက်ကညွှန်ကြားတဲ့အတိုင်းလုပ်မယ်။မှုခင်းတွေ၊မလိုလားအပ်တဲ့ပြဿနာတွေဖြစ်မှာဆိုးလို့ လုံခြုံရေးလာယူတာပါ။”ဟု ၀က်ထီးကန်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်ဝင်းမှ သမဂ္ဂဂျာနယ်သို့ပြောသည်။

၎င်းထွန်တုံးတိုက်ပွဲကို ၀က်ထီးကန်တိုက်နယ် လေးထပ်ပြင်ဒေသရှိ သိမ်းဆည်းခံထားရသော ကွင်းအမှတ်(၃၁၅)ပေါ်တွင်ဆင်နွဲကြတာဖြစ်ပြီးနယမြေခံရဲတပ်ဖွဲ့များအနေဖြင့် မှတ်တမ်းဓါတ်ပုံများရိုက်ယူမှုများပြုလုပ်ခဲ့သော်လည်း တားမြစ်ပိတ်ပင်မှုမရှိကြောင်းသိရသည်။

                                                                                               မောင်ပန်ကာ(ပြည်) မိုးရွာသွန်းမှုအလွန်များသောကြောင့် ပုံရိုက်ယူ၍မရခဲ့ပါ...သမဂ္ဂဂျာနယ်..
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

0 comments:

Post a Comment

Facebook Like Page