အခြေခံမဲဆန္ဒရှင်စာရင်းတွင်
မွေးနေ့ မွေးလတူနေသူ ပြည်မြို့တွင် သောင်းကျော်ပါဝင်
ပြည်၊ဇွန်၊၂၄
ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများထုတ်ြ ပန်ရာတွင်မွေးနေ့ မွေးလများတစ်ရင်တည်းတစ်လတည်ြး ဖစ်နေသူသောင်းချီပါဝင်နေကြောင်း သိရသည်။၎င်းမွေးရက်နှင့်မွေးလများမှာ
၃၀ရက် ၆လများဟုအများဆုံး ဆန္ဒမဲပေးပိုင်ခွင့်စားရင်ပါရှိေ နပြီး ပြည်မြို့ပေါ်ရှိ ရွာဘဲ၊ဆင်စု၊ခေတ္တရာရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးများတွင်အများ ဆုံးတွေ့ရှိရသည်။
“ကျွန်မတို့မိသားစုမဲစာရင်းမှာ မပါဘူး ဒါကပြဿနာမရှိသေးဘူး။ပုံစံ
၃နဲ့ပြန်ပြင်လို့ရတယ်ခု ပုံစံ၃နဲ့ ၄(ဂ) လိုအပ်တာတွေပြန်ပြင်လို့ရတယ်ဆို ပေမယ့် အုပ်ချုပ်ရေးမှူးရုံးတွေမှာအဆင် သင့်မရှိဘူး။စာရွက်တွေမရှိတာတင် မဟုတ်ဘူး
လူတွေလည်းတစ်ယောက်မှမရှိဘူး တကယ်တော့ကျွန်မတို့တွေမဲပေးရမှာ တစ်ရက်တည်းပါ။ဒီတစ်ရက်ကကျွန်မတို့ဘ၀တွေပြောင်းလည်းသွားနိုင်တယ် ။ဒါကိုရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွေပေါ့ပျက်ပျက်လုပ်နေကြတယ်။” ဟု
မဲစာရင်းလာကြည့်သူ ရွာဘဲနယ်မြေ အောင်သုခရပ်ကွက်နေထိုင်သူ ဒေါ်အေမီအောင် မှပြောသည်။
အဆိုပါအခြေခံမဲဆန္ဒရှင်စာရင်းများကြေငြာသည့်နေ့များမှစတင်ကာ
ပြည်တွင်းရှိကျေးရွာ/ရပ်ကွက် အများစုမှာ မွေးနေ့
မွေးလများတူညီနေမှုများဖြစ်ပေါ်လာ ခဲ့သည်။ ၄င်းမဲဆန္ဒရှင်စာရင်းများကပ်ရှိ ထားမှုများကို
လာရောက်ကြည့်ရှုပြီး မဲစာရင်းတွင်မပါဝင်မှု၊အချက်အလက် မှားယွင်းမှုများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးများနှင့်နိုင်ငံရေးပါတီ၊လှုမှုရေး အဖွဲ့အစည်းများ၊မဲဆန္ဒရှင်များကိုယ်တိုင်ပါဝင်
ပြင်ဆင်တင်သွင်းမှသာ အမှန်မဲစာရင်းရရှိမှာဖြစ်ကြောင်း ဇွန်လ ၂၂ရက်ထုတ် ဒီမိုကရေစီတူဒေးသတင်းစာတွင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်၏ ဇွန် ၁၉ ရက်နေ့ကြေငြာစာအရသိရသည်။
“မွေးနေ့ မွေးလတွေတူနေတာပြည်ခရိုင်အတွင်း အရမ်းများနေတာ
ဒါ့ကြောင့် ကိုယ့်ဘောလုံးကိုယ်ကန် ကိုယ်တိုင်ဒိုင်လုပ် ကိုယ်ပိုင်ကွင်းထဲမှာနိုင်အောင် ကန်မယ့်ပွဲအာဏာကိုသူတို့ပဲဆက်ယူ ထားလိမ့်မယ်လို့သုံးသပ်မိတယ်။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြည်) ဦးကျော်ကျော်ဥာဏ်ဝင်း မှပြောသည်။
အဆိုပါအခြေခံမဲဆန္ဒရှင်များစာရင်းကို
ဇွန် ၂၂ရက်နေ့တွင်ပြည်ခရိုင်အတွင်းထု တ်ပြန်ခဲ့တာဖြစ်ပြီး မဲဆန္ဒရှင်စာရင်း ၆-သိန်းကျော်ရှိရာအမှားပြင်ဆင် ချက်များ၊မဲစာရင်းတွင်မပါဝင်သူ များလည်းပါရှိနေခြင်းကြောင့်
အခြေခံမဲဆန္ဒရှင်စာရင်းဟာ တိကျသေချာခိုင်မာမှုမရှိသေးကြော င်းပြည်ခရိုင် ၆-မြို့နယ်အတွင်းရှိမြို့နယ်ရွေးကောက်ပွဲကော်မရှင်များနှင့်တွေ့ ဆုံးသည့်
ဇွန်လ ၁၈ ရက်နေ့တွင် ပြည်ခရိုင်ကော်မရှင်(အဖွဲ့ခွဲ) ရုံးဥက္ကဌ ဦးကျော်ညွှန့်မှပြောကြားချက် အရသိရသည်။
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment