Sunday, June 28, 2015
ရှေးဟောင်းအမွေအနှစ်များနှင့်မြန်မာ့လောဘသားကောင်အန္တရာယ် ဒို့..ကာကွယ် ယူနစ်စကိုအသိအမှတ်ပြု(၁)နှစ်ပြည့်ဆောင်းပါး..ပြည်သတင်းလူငယ်(ပြည်သတင်း)ရေးသားသည်။
Leave a Comment
ရှေးဟောင်းအမွေအနှစ်များနှင့်မြန်မာ့လောဘသားကောင်အန္တရာယ် ဒို့..ကာကွယ်
ယူနစ်စကိုအသိအမှတ်ပြု(၁)နှစ်ပြည့်ဆောင်းပါး..
ယနေ့ ဇွန်လ ၂၂-ရက်သည် မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းပျူမြို့တော်များဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင် မှ သရေခေတ္တရာ၊စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်မှ ဟန်လင်း၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်မှ ဗိဿနိုး မြို့ဟောင်းများအား ၂၀၁၄ ခုနှစ် ဇွန်လ  ၂၂-ရက်နေ့တွင် ကာတာနိုင်ငံမှာ ခမ်းနားစွာကျင်းပကြေငြာသွားခဲ့သော ကမ္ဘာ့အသိအမှတ်ပြုစာရင်းဝင်သွားသည်မှာတစ်နှစ်တိတိပြည့်ခဲ့ပါပြီ။ပျူခေတ်သည် မြန်မာနိုင်ငံမှာ B.C ၂-ရာစုမှ A.D ၉-ရာစုအထိနှစ်ပေါင်းတစ်ထောင်ကျော်ပျူမြို့တော်ကြီးဖြစ်ပေါ်လာခဲ့ပြီး ပျူလူမျိုးများသည် ပုဂံခေတ်၊ပင်းယခေတ်ကိုပင်ကျော်လွန်ကာ အင်းဝခေတ်အထိပျူလူမျိုးတို့ရှိကြောင်း သမိုင်းကျောက်စာများ၊မျက်မှောက်ခေတ် ၂၁-ရာစုခေတ်သို့ရောက်ရှိလာသောအခါ ပျူလူမျိုးတို့၏ ဘာသာစကား၊ပျူအက္ခရာ၊ပျူယဉ်ကျေးမှုတို့မှာတိမ်ကောခဲ့ရလေပါပြီ။အနည်းငယ်မျှသာတွေ့ရှိနေကြရသည့်မြေပေါ် မြေအောက်အထောက်အထားရရှိသမျှနှင့်သာ သက်သေတည်ခဲ့ရပါသည်။ထိုသို့သောသမိုင်းများစွာကို ကျွန်တော် ဦးခင်မောင်သန်း(ပျူသုတေသီ) စာအုပ်များတွင်ဖတ်ရှုလေ့လာဖူးပါသည်။ရှေးခေတ်မြို့ပြနိုင်ငံများတွင် တကောင်း၊ဗိဿနိုး၊ဟန်လင်း၊သရေခေတ္တရာ၊ဝေသာလီ၊သုဝဏ္ဏဘုမ္မိ ဆိုသည့်ရှေးမြို့ပြနိုင်ငံ ခြောက်နိုင်ငံရှိခဲ့သည်ကို ပျုသမိုင်းနှင့်ရှေးဟောင်းသမိုင်းစာအုပ်များစွာတွင်လေ့လာဖတ်ရှုဖူးခဲ့သည်။
ကျွန်တော်တို့နိုင်ငံတွင် ရှေးမင်းအဆက်ဆက်ကောင်းမှုများကြောင့်၊ရှေးခေတ်ပညာရှိအဘိုးအဘွားများကောင်းမှု့ကြောင့်၊ရှေးဟောင်းအမွေအနှစ်များစွာကိုမြင်တွေခဲ့ရသည်။ရှေးဟောင်းအမွေအနှစ်ဆိုသည်မှာ အုပ်တစ်ချပ်မှစ၍ မြေပေါ်မြေအောက်၊ရေပေါ်ရေများတွင် လွန်ခဲ့သော အနည်းဆုံးနှစ် ၁၀၀-ကျော်မှရှေးဟောင်းစာရင်းအဖြစ် ပြည်တွင်းပညာရှင်များမှတ်ချက်ပေးခဲ့ဘူးသည်။ ကမ္ဘာတွင် မြန်မာနိုင်ငံလောက်ရှေးဟောင်းသယံဇာတများသည့်နိုင်ငံမရှိဟုကျွန်တော်ကိုယ်တိုင်တွေးနေမိပါသည်။ လွန်ခဲ့သော နှစ်ပေါင်း၊ရာ၊ထောင်၊သောင်း၊သိန်း၊သန်းမက ရှေးဟောင်းအမွေအနှစ်များစွာရှိနေခဲ့ပါသည်။ယနေ့ခေတ်မြင်တွေ့ရသော နှစ်ပေါင်းတစ်ထောင်၊တစ်သောင်းဆိုသည့် အရှေ့တွင်မည်မျှမက ရာစုနှစ်တွေရှိနေခဲ့မည်ဆိုသည်က တွေးဆမရခဲ့ပါ။ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေထိန်းသိန်းစောင့်လျှောက်မှုများကြောင့် ယနေ့ကမ္ဘာ့အသိအမှတ်ပြုခံလိုက်ရသော သရေခေတ္တရာ၊ဟန်လင်း၊ပိဿနိုး ဆိုသည့်ပျူမြို့ဟောင်းများပေါ်ထွက်လာခဲ့သည်။မြို့ဟောင်းများအနေဖြင့် ကမ္ဘာအသိအမှတ်ပြုစာရင်းတွင်ပါဝင်နိုင်ခဲ့သောမြန်မာနိုင်ငံမှာ ပျူမြို့တော်များလက်ထက်ကတည်းကရှေးဟောင်းအမွေအနှစ်များစွာရှိခဲ့ပေလိမ့်ဟုတွေးဆလို့ရပပါသည်။
ကမ္ဘာ့အသိအမှတ်ပြုစာရင်းတွေပါရှိသော သရေခေတ္တရာ၊ဟန်လင်း၊ပိဿနိုး ပျူမြို့ဟောင်းသုံးခုအနက် သရေခေတ္တရာ ပျူမြို့ဟောင်း ကိုးမိုင်ပတ်လည်ခန့်ကျယ်ဝန်းသောကြောင့် ပျူမြို့ဟောင်းသုံးခုအတွင်း နှစ်ပေါင်းနှစ်ထောင်ကျော်ကာလကတည်းကယနေ့ထိ ရှေးဟောင်းယဉ်ကျေးမှုအနုပညာလက်ရာများစွာနှင့်အဆောက်အဦး၊စေတီဂှုဘုရားများလှစွာကျန်ရှိနေသေးပါသည်။အကျယ်ဆုံးမြို့ဟောင်းဖြစ်သလိုကမ္ဘာလှည့်ခရီးသည်အများဆုံးလာရောက်လေ့လာခဲ့သည့်မြို့ဟောင်းဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုလက်ရာပစ္စည်းများစွာနှင့်စေတီ၊ဂှုဘုရားများနှင့်အဆောက်အဦးများစွာယနေ့တိုင်ထင်ရှားနေခဲ့သည်။သို့သော်လည်း ယခုကဲ့သို့တန်ဖိုးမဖြတ်နိုင်သောရှေးဟောင်းအမွေအနှစ်များစွာကို နှစ်ပိုင်းခွဲခြားပြရပါမည်။ ပထမအပိုင်းအနေဖြင့် ရွေ့လျား၍မရသောရှေးဟောင်းအမွေအနှစ်များ၊ဒုတိယ ရွေ့လျား၍ရသောရှေးဟောင်းအမွေအနှစ်များဟူ၍သတ်မှတ်ရပါလိမ့်မည်။ရွေ့လျား၍မရသောအမွေအနှစ်ကို ထိန်းသိမ်းစောင့်လျောက်၍ရတန်ကောင်းပါသည်။ရာသီဥတုဒဏ် စောင့်လှောက်မှုကင်းမဲ့သောနေရာဒေသများနှင့် မြေအောက်ရေအောက်ထိုကဲ့သို့သော မြန်မာ့အမွေအနှစ်များသည်သာပျက်စီးလွယ်သလို ဖျက်စီးလို့သာလွယ်ကူပါလိမ့်မည်။တခြားမည့်သည့်အကြောင်းမှပျက်စီးဖို့မလွယ်ပါ။ ရွေ့လျား၍ရသောမြန်မာ့အမွေအနှစ်ပစ္စည်းများသည် ထိုင်းနိုင်ငံတွင်သာမက ကမ္ဘာအနှံ့သို့ယနေ့တိုင်ရောက်ရှိနေခဲ့သည်။စာရေးသူ၏ အသက်၂၇-နှစ်သာရှိပါသည်။အသက်မွေးဝမ်းကြောင်းအနေဖြင့် စေတီပုထိုးဘုရားများကို မှန်စီ၊ရွှေချ၊ငြမ်းထိုး၊ထီးတင်၊ပန်းရိုက် စသည့်မြန်မာမှုများစွာသောပညာသင်ကြား၍အသက်မွေးဝမ်းကြောင်းပြုခဲ့ရာ ရှေးဟောင်းစေတီပုထိုးများ၊ဘုန်းတော်ကြီးကျောင်းများစွာနှင့်နေ့စဉ်ဆိုသလိုထိတွေ့နေရသည်။မိမိရောက်ရှိသည့်ကျေးရွာများတွင် ရှေးဟောင်းအရုပ်လေးရောင်းချင်လို့ ဘယ်ဈေးလောက်ရမလည်း ဆိုသည့်စကားသံအများဆုံးကြားရသည်။ထိုသို့မေးလာသူတိုင်းပြောလေ့ရှိသောစကားရှိသည်။ “ကျွန်တော်တို့အခုမြင်နေရတာ အရင်ကလူကြီးတွေကောင်းလို့ သူတို့ထိမ်းသိမ်းခဲ့လို့ ပိုက်ဆံက ဘ၀မှာတစ်သက်ပဲသုံးရမယ်ထားအုံး နောင်ခင်ဗျားတို့သားသမီးတွေ ဒီလိုအမွေအနှစ်တွေကိုကြည့်နိုင်လေ့လာနိုင်မှာမဟုတ်သလို။ခင်ဗျားတို့ သားသမီးအတွက် မြန်မာသမိုင်းကြောင်း အထောက်အထား အမွေအနှစ်ဆိုတာတွေကို တခြားနိုင်ငံအထိ လေ့လာရတဲ့သူတွေဖြစ်ကုန်လိမ့်မယ်။ခင်ဗျားတို့ဘိုးဘွားတွေသာ ခင်ဗျားတို့လို ရောင်းစားမယ်ဆို အခုခင်ဗျားလက်ထဲက ရှေးဟောင်းပစ္စည်းကို ခင်ဗျားခုလိုကိုင်ခွင့်ရမှာမဟုတ်ဘူး။တန်ဖိုးဆိုတာ ငွေထက်ပိုတန်ကြေးရှိပါတယ်။အခုခင်ဗျားဘယ်လောက်လိုနေလို့လည်း။တန်ရာတန်ကြေးတော့ အမွေအနှစ်စောင့်လျှောက်တဲ့လူကြီးတွေမပေးနိုင်ခဲ့တောင် ထိုက်တန်သလောက်တော့ခံစားရမှာပါ။အမှန်ပြောမယ် နိုင်ငံတော်က အမွေအနှစ်ကိစ္စတွေမှာ ဘားချက်ချထားတာအင်မတန်နည်းလွန်းနေတယ်။ဒါကြောင့်လည်း ထိုက်တန်သလောက်တော့ခံစားရမယ်လို့ပြောချင်တာပါ” ဟု ကျွန်တော်အကြိမ်ပေါင်းများစွာမက ပြောခဲ့ဘူးပါတယ်။သို့သော်လည်း လောဘသားကောင်များလက်သို့ကျရောက်သွားသည်ကများနေသည်။မည်သည့်အကြောင်းကြောင့်မဆို ဘယ်အစိုးရ ဘယ်ပါတီ ဘယ်အကြီးအကဲတွေနိုင်ငံတော်ကိုခေါင်းဆောင်နေပါစေ။ကိုယ်ပိုင်အမွေအနှစ် တွေကို မိမိကိုယ်တိုင်ထိမ်းသိမ်းရပေလိမ့်မည်။မြန်မာနိုင်ငံသားတိုင်း မြန်မာ့မြေပေါ်နေ၊မြန်မာ့ရေပေါ်နေ၊မြန်မာ့နိုင်ငံတွင်းနေထိုင်သူများမှသာ မြန်မာ့အမွေအနှစ်ကို ပိုမိုသိမ်းသိမ်းနိုင်ရပါမည်။အကြောင်းအမျိုးမျိုးကြောင်း ပြည်ပရောက်သူများလည်း ပြည်ပတွေမှာရောက်ရှိနေသည့်မိမိနိုင်ငံအတွင်းအမွေအနှစ်များကို မိမိကိုယ်တိုင်ထိန်းသိမ်းမည်ဆိုပါက မိမိနိုင်ငံအပေါ်ကျေးဇူးဆပ်ရာကျပါသည်။လတ်တလော နိုင်ငံအတွင်းမြင်တွေ့နေရသည်မှာ ငွေကြေးအခက်ခဲကြောင့်မိမိလက်ထဲတွင်ရှိသော ရှေးဟောင်းအမွေအနှစ်များကို ငွေကြေးမက်လုံးပြကာဝယ်ယူသူ မသမာလူများကြောင့် ပြည်ပနိုင်ငံတွင်းရောက်ရှိနေလျှက်ရှိသည်။ထိုသို့သောအမွေအနှစ်များ ထိန်းသိမ်းစောင့်လျှောက်ရာတွင် ပြည်တွင်း ပြည်ပနေ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် လက်ရှိအစိုးရအပါအ၀င် နောင်အစိုးရများစွာမှာတာဝန်ရှိနေပါသည်။ရွေ့လျား၍ရသောမရသော ရှေးဟောင်းသယံဇာတများကို ငယ်စဉ်ကတည်းမှမိမိရင်သွေးသားသမီးများကိုလည်ကောင်း၊မြန်မာ့စာပေပညာရေးသမိုင်းများတွင်လည်းကောင်း မည့်ကဲ့သို့တန်ဖိုးထားရမည်။မည်ကဲ့သို့ ထိန်းသိမ်းစောင့်လျှောက်ကာကွယ်ရမည်ဆိုသည်များကိုအခြေခံသင်ကြားပေးနိုင်မှ စနစ်တကျသင်ကြားပေးနိုင်မှ စာတွေ့လက်တွေ့သင်ကြားမှုများပေးမှသာ နောက်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ခိုင်မြဲနေပါလိမ့်မည်။သမိုင်းဆိုသည်မှာ ရှေးဟောင်းစကားဖြစ်သောကြောင့် ရှေးဟောင်းအမွေအနှစ်များပျောက်ကွယ်ပါက မြန်မာသမိုင်းပါတိမ်မြုပ်ပျောက်ကွယ်နိုင်ပါကြောင်း သရေခေတ္တရာပျူမြို့ဟောင်းအတွင်းမှအပြန်…. “ပေါ့ပေါ့မတွေးနဲ့၊သမိုင်းပေးတဲ့တာဝန်၊ဘိုးဘွားချန်ထား၊ဒီစိတ်ထားနဲ့၊ဆက်လက်ထိန်းသိမ်း၊စိတ်မယိမ်းစေနဲ့၊မိမိနိုင်ငံ၊မိမိသမိုင်း၊ကိုယ်တိုင်ထိန်းရ၊ဒီတစ်ဘ၀၊တာဝန်ကြေပွန်၊နောင်လာနောက်သား၊မျိုးဆက်များတို့၊ဆက်လက်ထိန်းသိမ်း၊သမိုင်းပေးတာဝန်၊ကျေပွန်စေ၀ယ်၊အမွေအနှစ်၊မျိုးချစ်စေချင်၊သမိုင်းမှတ်တမ်း၊လက်ဆင့်ကမ်းနိုင်ကြပါစေ….
ဓါတ်ပုံ..နှင့်ဆောင်းပါး..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
သရေခေတ္တရာပျူခေတ် အေဒီ ၄-ရာစုမှ ၉-ရာစုအတွင်းတည်းထားခဲ့သည့် ဘဲဘဲဂှုဘုရား အားမြင်တွေ့ရစဉ်
0 comments:
Post a Comment
Facebook Like Page