အမြှောက်တပ်မှသိမ်းယူထားသောလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက်
ရွှေတောင်မြို့၌ ဆန္ဒထုတ်ဖော်
ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမှတ် (၅၀၉)၊
အမြှောက်တပ်မှ ဘို့လယ်ကုန်းကျေးရွာရှိ တရားမဲ့သိမ်းဆည်းထားသော လယ်ယာမြေများအား ပြန်လည်ရရှိရေးအတွက် ဇွန်လ (၂၈)ရက်နေ့ ၊
နံနက်(၈း၃၀)အချိန် အင်းအား(၃၀)ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရွှေတောင်မြို့၊ဘို့လည်ကုန်းကျေးရွာမှထော်လာဂျီနှစ်စီးဖြင့်ထွက်ခွာခဲ့ပြီး ကြာနီကန်ရပ်ကွက်(ရွှေနတ်တောင်) လမ်းဆုံမှစတင်ချီတက်ကာ
ရန်ကုန်-ပြည်လမ်း၊ ကြန်နီကန်လမ်း၊ လမ်းမတော်လမ်း၊ ဆယ်နာရီဈေး အာဇာနည်ကျောက်တိုင်ရှေ့တွင် ခေတ္တခဏရပ်နားပြီး ဦးခင်ဦးမှတရားမဲ့
သိမ်ဆည်းခံရမှု အထောက်အထားများ၊လယ်သမား/ယာသမားတို့၏
ဘ၀ကြေကွဲဖွယ် နစ်နာဆုံးရှုံးမှုများ၊တရားဥပဒေစိုးမိုးရေးဗဟုသုတများ
ခေါင်းစဉ်ဖြင့်ဟောပြောမှုများပြုလုပ်ခဲ့ပြီး ဆက်လက်၍ အာဇာနည်ကျောက်
တိုင်မှကင်ပွန်းခြုံလမ်း၊ရုံးဖြတ်လမ်းမှတဆင့် ဘုရားနီလမ်း၊စုပေါင်းရုံး(၁)လမ်း
သို့ချိုးကွေ့ပြီးရန်ကုန်-ပြည်လမ်းအတိုင်ချီတက်ကာရွှေနတ်တောင်လမ်းဆုံသို့
ပြန်လည်ရောက်ရှိပြီးဆန္ဒထုတ်ဖော်မှုအားပြီးဆုံး၍ လူစုခွဲခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများသည် “မတရားသိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်
ရရှိရေး ဒို့အရေး …ဒို့အရေး၊ တပ်နှင့်ပြည်သူချစ်ကြည်ရေး မတရားသိမ်းမြေ
ခုပြန်ပေး …ခုပြန်ပေး ၊ သားနှင့်သမီးတို့ ပညာရေး ဒီမြေရမှ ဘ၀လှမယ် …
ဘ၀လှမယ်၊ ဆင်းရဲတွင်းကလွတ်မြောက်ဖို့ တပ်သိမ်းမြေတွေ ပြန်ပေးဗျို့ …
ပြန်ပေးဗျို့၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး…ဒို့အရေး''ဟု ကြွေးကြော်
သံများကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသတင်းရရှိသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)09 4236 71883
0 comments:
Post a Comment