မွေးမြူရေး လုပ်ငန်း၌ အာဟာရ ပညာရှင် အားနည်းမှုသည် အသားထုတ်လုပ်မှု ကဏ္ဍတွင် လိုအပ်ချက် တစ်ခုဖြစ်နေ
ရန်ကုန် ဇွန် ၂၈
ပြည်တွင်း အသားထုတ်လုပ်မှုကဏ္ဍ၌
ထုတ်လုပ်မှုပမာဏသည် အိမ်နီးချင်းအာဆီယံ ဒေသ
တွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်လျော့ နည်းနေဆဲဖြစ်ပြီး မြန်
မာနိုင်ငံတွင် မွေးမြူရေး ကဏ္ဍတွင် နားလည်တတ် ကျွမ်းပြီး လေ့လာ၍
အာဟာရစနစ်တကျကျွေးမွေးကာကြီး ထွားအောင် မွေးမြူ ရန် အသိပညာ
များဖြန့်ဝေပေးသည့် အာဟာရပညာရှင်ဦး ရေမှာ နည်းပါး နေပြီး
အသားထုတ်လုပ်မှု ကဏ္ဍတွင် လိုအပ်ချက်တစ်ခုဖြစ်နေကြောင်း သိရသည်။
''ကျွန်တော်တို့ ကြက်မွေးတဲ့နေရာမှာ USAID
လို အမေရိကန်နိုင်ငံအခြေစိုက် နည်းပညာ ဖြန့်ဝေတဲ့ သင်တန်းတွေ လုပ်ပေးတာ
အရမ်းကောင်းပါတယ်။ အာဟာရ အတွက် လုပ်ဆောင် ဖို့ ဆိုတာ မရှိမဖြစ်လို
အပ်ပါတယ်။
ဒါကြောင့် မွေးမြူရေးလုပ် ငန်းမှာ အဓိက
အားနည်းနေတာက အာဟာရ ပညာရှင်ပါပဲ။ အဲဒါ လေးတွေ ပေါ်ပေါက်လာ
ဖို့လိုအပ်နေပါတယ်''ဟု မန္တလေးတိုင်းဒေသ ကြီးမှ ကြက်မွေးမြူ သူလုပ်ငန်း
ရှင်တစ်ဦးက ပြောသည်။
ပြည်တွင်း၌ အသားထုတ်လုပ်မှုကဏ္ဍတွင်
ကြက်မွေးမြူမှုကိုသာ တွင်တွင်ကျယ် ကျယ်လုပ် ဆောင်လျက်ရှိပြီး ဆိတ်၊ ဝက်နှင့်
အမဲသားထုတ်လုပ်မှုများတွင် တစ်နိုင် တစ်ပိုင်သာ မွေးမြူ လေ့ ရှိကာ
ယခုနောက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စံပြဆိတ်ခြံများ ထူထောင်
မွေးမြူလာသူ တိုးပွားလာခဲ့ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် NGO
တစ်ခုဖြစ် သော USAID ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြ၀တီ..
မိုးအောင်
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment