ရထားလမ်းချိုင့်ခွက်အား သက်ဆိုင်ရာဌာနမှပြုပြင်ပေးပါရန်
ပြည့်သဲမောင်(ပြည်) 094236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးရှိ
ရထားခေါင်းတွဲများ ပြုပြင်ထိန်းသိမ်းရုံသို့သွားရန် အသုံးပြုလျှက်ရှိ
သော ရထားလမ်းသည် သဘာဝဘေးအန္တရာယ်ကြောင့် ချိုင့်ခွက်များ
ဖြစ်နေပါသည်။
အဆိုပါ ရထားလမ်းရှိချိုင့်ခွက်ငယ်များသည် သေးငယ်၍မပြောပလောက်
သော်လည်း အများပြည်သူများသွားလာရာတွင် အန္တရာယ်ရှိနေပါသည်။
ယခုအခါမိုးရာသီသို့ရောက်ရှိနေသည်ကတစ်ကြောင်း၊ရထားလမ်းဖြစ်သည်
ကတစ်ကြောင်းကြောင့် ဆိုင်ကယ်၊စက်ဘီး၊ဆိုက္ကားများသည် မကြာခဏ
ဆိုသလိုတိမ်းမှောက်မှုများဖြစ်ပေါ်နေသည်ကို သက်ဆိုင်ရာဌာနမှလူကြီး
များနှင့်ဝန်ထမ်းများ ကျွန်တော်တို့ ပြည်မြို့သူ ပြည်မြို့သားများအသိပင်ဖြစ်
ပါသည်။
သို့ပါသော ပြုပြင်လျှင်ငွေးကြေးကုန်ကျမှုနည်းပြီးအချိန်အနည်းငယ်သာပေးရ
သော အဆိုပါချိုင့်ခွက်ငယ်များအားသက်ဆိုင်ရာဌာနမှပြည်မြို့သူ ပြည်မြို့သား
များ အန္တရာယ်ကင်းရှင်းရေးကိုအလေးထားကာဆောင်ရွက်ပေးမည်ဆိုလျှင်
ပြည်မြို့သူ ပြည်မြို့သားများမှ ကျေးဇူးအထူးတင်ရှိမည်ဖြစ်ပြီး သက်ဆိုင်သော
ဌာနအနေဖြင့်တာဝန်ယူဖြေရှင်းတတ်သည့် သဘောလဲရောက်မည်ဖြစ်ပါ
သည်။
ထို့ကြောင့် အပြုသဘောဆောင်ကာ ကျွန်တော် ပြည့်သဲမောင် မှပြည်သား
တစ်ယောက်အနေဖြင့် သက်ဆိုင်ရာဌာနကိုအကူအညီတောင်းခံအပ်ပါသည်
ခင်ဗျာ။
ပြည့်သဲမောင်(ပြည်)09 4236 71883

0 comments:
Post a Comment