Sunday, May 3, 2015
ပြည်-တောင်ကုတ်ကားလမ်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျခဲ့သဖြင့် (၁) ဦးသေ (၉)ဦးဒဏ်ရာရ ပိုင်ထူး(ပြည်)
ပြည်-တောင်ကုတ်ကားလမ်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျခဲ့သဖြင့်
(၁) ဦးသေ (၉)ဦးဒဏ်ရာရ
ပိုင်ထူး(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ် ကားလမ်း၊ငါးဆယ်ပေး အုပ်စု၊ ဘုရားပေါ်ကျေးရွာအနီးတွင် (၃၀.၄.၂၀၁၅)ရက်နေ့ ည (၇း၀၀)နာရီအချိန်ခန့်တွင် ယာဉ် တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦးသေဆုံးပြီး ယာဉ်ပေါ်
ပါလာသူများ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်းသိရှိရသည်။
အမှုမှာ ပန်းတောင်းမြို့နယ်၊ မြို့မရဲစခန်းမြောက်ဘက် (၅)မိုင်
ခန့်၊ ပြည်-တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ် (၃/၂)
နှင့် (၃/၃)အကြား ငါးဆယ်ပေးအုပ်စု၊ဘုရားပေါ်ကျေးရွာအနီး
တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သဖြင့်
အမှတ် (၁၀) ယာဉ်ထိန်းတပ်ဖွဲ့စု (ပြည်) မှ ဒုရဲအုပ်ကျော်စိုးဦး၊
ပန်းတောင်းမြို့မရဲခစန်းမှ တာဝန်မှူးဒုရဲအုပ်နှင့်အဖွဲ့သည် သက်သေများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ဘက်
မှတောင်ကုတ်ဘက်သို့ လင်းလင်းထိုက် (၃၀)နှစ်၊ (ဘ) ဦးဥာဏ်လင်း၊
ခုံကြီးကျေးရွာ၊ လဲကျေးရွာအုပ်စု၊ပန်းတောင်းမြို့နယ်နေသူမောင်းနှင်
လာသော၂က/------- ၊ ဟီးနိုးအစိမ်းရောင်ယာဉ်သည် အရှိန်မထိန်းနိုင်
ဘဲလမ်း၏ ယာဘက်သို့ထိုးကျတိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်ပေါ်ပါလာ
သူများ ဒဏ်ရာရရှိခဲ့ ကြောင်း ရဲမှတ်တမ်းအရသိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လင်းလင်းထိုက်တွင်နဖူး
အလယ်ကွဲဒဏ်ရာ၊ နောက်စေ့ ကြေမွဒဏ်ရာ၊ ၀ဲမျက်ခုံးရိုးကျိုးဒဏ်ရာ၊
ယာခြေသလုံးကျိုးဒဏ်ရာ၊ ၀ဲဒူးစုတ်ပြဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ
တွင်သေဆုံးသွားခဲ့ပြီး ဇင်ဖြိုးသူတွင် ၀ဲခြေသလုံးပွန်းဒဏ်ရာ၊ ၀ဲလက်ဖျံ ပွန်း
ဒဏ်ရာ၊ ၀ဲပေါင်ပွန်းဒဏ်ရာ၊ ၀င်းထွဋ်တွင် ယာဒူးပွန်းဒဏ်ရာ၊ ၀ဲယာ
ပေါင်ပွန်းဒဏ်ရာ၊ ၀ဲလက်ပွန်းဒဏ်ရာ၊၀ဲချိုစောင်းပေါက်ပြဲဒဏ်ရာ၊ ဒေါ်နီနီ
တွင် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ အပေါ် နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ယာနား
ထင်ပေါက်ပြဲဒဏ်ရာ၊ ဒေါ်အေးမြိုင်တွင် ယာနားထင် ပေါက်ပြဲဒဏ်ရာ၊
ရင်ဘတ်အောင့်နာကျင်ဒဏ်ရာ၊ ထွန်းထွန်းနိုင်တွင် ၀ဲနဖူးပေါက်ပြဲဒဏ်ရာ၊
ဝဲပါးရိုးစုတ်ပြဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ မေးစေ့ပွန်းဒဏ်ရာ၊
ယာနားထင်ပွန်းဒဏ် ရာ ၊ ၀င်းဇော်ထွေးတွင် ကျောပွန်းဒဏ်ရာ၊ ယာတင်ပါး
နာကျင်ဒဏ်ရာ၊ မသွယ်သွယ်ဦးတွင် ၀ဲပုခုံးပွန်းဒဏ်ရာ၊ မယွန်းသီရိဇော်တွင်
ဝဲလက်ဖျံပွန်းဒဏ်ရာ၊ ၀ဲခြေခွင်ပွန်းဒဏ်ရာ၊ ၀မ်းဗိုက်ပွန်း ဒဏ်ရာ၊
မထားသက်သက်မွန်တွင် ၀ဲနားထင်ပွန်းဒဏ်ရာ၊ ဦးခေါင်းဝဲဘက်နာကျင်
ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ဒဏ်ရာရသူများသည် ပန်းတောင်းမြို့နယ်နေ
သူများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ လင်းလင်းထိုက်အား
အရေးယူပေးပါရန် ဒုရဲအုပ် ကျော်စိုးဦးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့်
ပန်းတောင်းမြို့မရဲစခန်း ယာဉ် (ပ) ၁၂/၂၀၁၅ ပြစ်မှုပုဒ်မ - ၃၀၄ - က /၃၃၈
ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ကာ အမှုအား ဒုရဲအုပ်ဇေယျာလင်းမှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်းသိရသည်။
ပိုင်ထူး(ပြည်)
0 comments:
Post a Comment