Sunday, May 3, 2015

ဗြိတိသျှသံရုံးရှိ အင်္ဂလိပ်စာ စာမေးပွဲများကို IELS ကျောင်းမှ ပြည်မြို့တွင် ပထမအကြိမ် စာစစ်ဌာနအဖြစ် အောင်မြင်စွာကျင်းပပြီးစီးခဲ့ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ဗြိတိသျှသံရုံးရှိ အင်္ဂလိပ်စာ စာမေးပွဲများကို IELS ကျောင်းမှ ပြည်မြို့တွင် ပထမအကြိမ် စာစစ်ဌာနအဖြစ် အောင်မြင်စွာကျင်းပပြီးစီးခဲ့

ပြည့်သဲမောင်(ပြည်) 09 4236 71883
ဗြိတိသျှသံရုံးမှ ဦးစီး၊ အင်္ဂလန်နိုင်ငံ Cambridge University မှ ကျင်းပပြုလုပ်သော နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများဖြစ်သည့်
 CESOL – YLE (young Learners English Exams) များကို ပြည်မြို့၊
အမှတ် (၁၇၉၂) တရုတ်စုရပ်၊ တိုက်ကြားလမ်းရှိ (IELS) International
English Language School မှ ပထမအကြိမ် စာစစ်ဌာနအဖြစ် ကျင်းပ ပြုလုပ်ခဲ့ရာ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသိရသည်။

 ယခုနှစ် ဖြေဆိုသူကျောင်းသား/သူဦးရေ (၄၈)ဦးဖြစ်ပြီး အင်းမမြို့ပေါ်
ကျောင်း၊ ရွှေတောင်မြို့မှ ကျောင်းများ၊ ပြည်မြို့ အ.ထ.က (၁)၊ အ.ထ.က
 (၅)၊ ပန်းဘဲတန်းကျောင်း၊ ကျောင်းကြီးအိုးတန်း ကျောင်း၊ မူယာပင်ကျောင်း၊
 အောင်ဆန်းကျောင်း၊ ကိုးသောင်းကျောင်းမှ ကျောင်းသား/သူများ သည်
(၁.၁.၂၀၁၅) ရက်နေ့ အလုပ်သမားနေ့တွင် ပြည်မြို့၊ သရေခေတ္တရာ
ရတနာမြို့တော် ခန်းမတွင် အင်္ဂလိပ်စာအရေး၊ အဖတ်၊ နားထောင်မှု
စွမ်းရည်များ၊ စစ်ဆေးဖြေကြားခဲ့ရပြီး အင်္ဂလိပ်စာအပြောစွမ်းရည်ကို IELS ကျောင်းတွင် ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါစာမေးပွဲကို နံနက် (၈း၀၀)နာရီ မှ နေ့လည် (၁း၃၀)တွင် စာမေးပွဲအားလုံးပြီးဆုံးခဲ့ပြီး ၂၀၁၄ မေလတွင်လည်း IELS ကျောင်း
မှ ကျောင်းသား/ကျောင်းသူများသည် သံရုံးစာမေးပွဲ များကို
 ရန်ကုန်မြို့ရှိ MICT Park တွင် သွားရောက်ဖြေဆိုခဲ့ကြောင်း
ယခုနှစ်တွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများသောကြောင့် သံရုံးမှတာဝန်ရှိစာစစ်အဖွဲ့မှ လူကြီးများလာရောက် ကာ ပြည်မြို့တွင်
ပထမဆုံးကျောင်းအဖြစ် IELS တွင် ပထမအကြိမ်ကျင်းပခဲ့ကြောင်း IELS ကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်သိမ့်သိ့မ်သူ@ SMILE
 မှ ပြောသည်။

နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချသော
မိဘများကို များစွာကျေးဇူး တင်ကြောင်း၊ ကလေးများကိုယခုလို ပညာရေးလမ်းကြောင်းအပေါ် မြှင့်တင်ခွင့်ရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်းနှင့် နောင်နှစ်များတွင်လည်း ယခုထက်မကတိုးတက်သော ပညာရေးအခွင့်အလမ်းများစွာ ဖန်တီးပုံဖော်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း IELS ကျောင်းသည်
 မူကြိုပညာသင်မှစကာ တက္ကသိုလ်ပညာသင်အထိ အင်္ဂလိပ်စာ
ဘာသာရပ်ကို လေ့ကျင့်သင်ကြားပေးနေသောကျောင်းဖြစ်ပြီး
 အရေး၊ အဖတ်၊ အပြော ၊ နားထောင်မှုစွမ်းရည် (၄)မျိုး  စလုံး
တိုးတက်အောင်သင်ကြားပေးနေသော ကျောင်းတစ်ကျောင်း
ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမမှ ဆက်လက်ပြောကြားခဲ့သည်။

IELS ကျောင်းသည် စာသင်ကြားခြင်းအပြင်နှစ်စဉ်နှစ်တိုင်း အလှူပွဲ၊
 ပျော်ပွဲရွှင်ပွဲများကိုလည်း မိဘဆရာများနှင့်အတူ ကျောင်းသား/ကျောင်း
သူများအားလုံးတက်ကြွပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြ ပြီး ဒီနှစ်မှာတော့ ကဆုန်
လပြည့်နေ့ညောင်ရေသွန်းပွဲတော်တွင် တတိယအကြိမ်မြောက် စတုဒိသာ  အအေးအလှူတော်နှင့် မိဘများ၊ ကလေးများနှင့်အတူ ရွှေဆံတော်ဘုရားတွင်
ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူကာ ကလေးငယ်အားလုံး (၁၅)မိနစ်မျှ တရားထိုင်၊ ကုသိုလ်ယူကြကြောင်း သိရှိရသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883





0 comments:

Post a Comment

Facebook Like Page