Tuesday, April 21, 2015

မရင်.ကျက်သေးသောလူကြီးများ သရ၀ဏ်(ပြည်) ၁၉.၄.၂၀၁၅

Leave a Comment
မရင်.ကျက်သေးသောလူကြီးများ

မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်သည် ကုန်လွန်ခဲ.လေပြီ ။ ၁၃၇၇ သည် ကျွန်တော်တို.ထံပါးသို.ရောက်ရှိလာခဲ.လေပြီ ။ နှစ်တနှစ်ကူးပြောင်းသောအခါ မျှော်လင်.ချက်အသစ်တွေထားကြ၏ ။ လာမည်. ၁၃၇၇ အတွက်ကျွန်တော်တို.သည် မည်သည်.မျှော်လင်.ချက်များကို ထားကြမည်နည်း ။ ရောက်ရောက်ခြင်းဆောက်နှင်.ထွင်းဆိုသကဲ.သို. နှစ်သစ်ကူးပြောင်းစတွင် မြန်မာနိုင်ငံအတွက် သတင်းထူးနှစ်ခုကြား၏ ။ သတင်းနှစ်ခုစလုံးမှာ ကမောက်ကမသတင်းများချည်းဖြစ်သည် ။ပထမသတင်းမှာ အမေရိကန်အစိုးရနှင်.နိုင်ငံတကာအဖွဲ.အစည်းများအားစည်းရုံးပြောကြားပေးမည်.အဖွဲ.တစ်ဖွဲ.ကိုမြန်မာအစိုးရကဒေါ်လာငွေမြောက်မြားစွာပေး၍ငှားရမ်းလိုက်သည် ဆိုသည်.သတင်းဖြစ်သည် ။ အတော်ပင်အံ.သြရပါ၏ ။ မြန်မာအစိုးရကောင်းကြောင်း ကမ္ဘာသို.လည်ပြောပေးခအဖြစ် ပေးရသောငွေမှာ တစ်နှစ်အတွက်ငှားရမ်းခ အမေရိကန်ဒေါ်လာ ရှစ်သိန်းလေးသောင်း ဖြစ်သည် ။ထိုငွေများမှာ အစိုးရ၏ကိုယ်ပိုင်ငွေမဟုတ် ။ တိုင်းသူပြည်သားလူအများ၏ချွေးနှဲစာ ငွေကြေးများပင်ဖြစ်သည် ။ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ တစ်ထောင်ကျော်ရှိသည်ဖြစ်ရာ အမေရိကန်ဒေါ်လာ တစ်သိန်းလျင် မြန်မာငွေ ကျပ်သိန်းတစ်ထောင် ။ အမေရိကန်ဒေါ်လာ ရှစ်သိန်းလေးသောင်းဆိုလျှင် မြန်မာငွေကျပ် သိန်းရှစ်ထောင်.လေးရာ ကျသင်.မည်ဖြစ်သည် ။ မြန်မာအစိုးရသည် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ရှိ Podesta Group ဆိုသည်.အဖွဲ.အား ၎င်းတို.ကိုယ်စား အမေရိကန်အစိုးရနှင်. နိုင်ငံတကာအဖွဲ.အစည်းများကိုစည်းရုံးပြောကြားပေးရန် အမေရိကန်ဒေါ်လာ ရှစ်သိန်းလေးသောင်းဖြင်. တစ်နှစ်အတွက်ငှားရမ်းစာချုပ်ခဲ.သည်ဟု The Hill သတင်းဝက်ဘ်ဆိုက်ကဧပြီ ၁၆ ရက်တွင်ဖော်ပြခဲ.သည် ။ အော်…မြန်မာလူကြီးများလုပ်ပုံလုပ်ပုံ ။ အမေသေတာမငို (……….) ပေါ်တာငိုသည်ဟူသောစကားလို ကျွန်တော်တို.နိုင်ငံမှ လူကြီးများ အမေကျော်ဒွေးဒေါ်လွမ်းပုံမှာ ကမ်းကုန်အောင်ရှိပါပေသည် ။ တကယ်တော. နိုင်ငံတကာသို. နားပေါက်အောင် ကြားခံပွဲစားငှားသောအလုပ်မှာ လွယ်လွယ်ပြောရလျှင် ကိုယ်တိုင်ဂေါ်မစွံနိုင်လွန်းသဖြင်.အောင်သွယ်ဒေါ်ဘုမကိုပေးကမ်းကျွေးမွေးကာစစ်ကူခေါ်ရသော မည်သည်.မိန်းမပျိုမှမလိုချင်သည်. အရောင်းထိုင်းလူပျိုသိုးကြီးအဖြစ်နှင်.တူနေပေသည် ။ ထိုလူပျိုသိုးကြီးကို ရွာစဉ်လည်၍ ကြေငြာပွဲထုတ်ဖို. အောင်သွယ်တော်ဒေါ်ဘုမကိုအားကိုးသလိုပင် ယခုအစိုးရသည် ကိုယ်.အားကိုယ်ကိုးကာ ကိုယ်.နိုင်ငံ ကိုယ်.အစိုးရ၏ကောင်းသတင်းများကိုရွှန်းရွှန်းဝေအောင်ကမ္ဘာသို.လိုက်လံ ၀ါဒဖြန်.ရန် ဒေါ်လာငွေများဖောဖောသီသီ (ကိုယ်.ငွေမဟုတ်တိုင်း) ပေး၍ အဆန်းထွင်လိုက်ပြန်ပါချေပြီတည်း ။
မြန်မာနိုင်ငံတွင် အာဟာရချို.တဲ.နေသောကလေးသူငယ်များစွာရှိသည် ။ ကျန်းမာရေးစောင်.ရှောက်မှု သတ်မှတ်ချက်ထက်လျှော.နည်းနေသော ကလေးမိခင်များစွာရှိသည် ။ ကလေးတစ်ယောက်လျှင် ငွေ ငါးရာဖြင်. ထမင်းတစ်နပ်၀၀ချက်ပြုတ်ကျွေးမွေးလိုက်ပါလျှင် သူတို.အရေမရမဖတ်မရ သူတပါးကို Lobby ကြေးသွားပေးပြစ်သော ဒေါ်လာရှစ်သိန်းလေးသောင်းမှာ မြန်မာနိုင်ငံတစ်ဝှန်း၌ ကလေးပေါင်း ဆယ်.ခြောက်သိန်းရှစ်သောင်း ကို ထမင်း၀၀ကျွေး၍ရပါသည် ။ ကိုယ်.နိုင်ငံမှာထမင်းငတ်နေသော ကလေးနှင်.မိခင်များကို အစာရေစာလုံလောက်စွာကျွေးဖို.စိတ်ကူးမထွက်ပဲ ကိုယ်.အစိုးရ ဂုဏ်သတင်းကောင်းကောင်းထွက်ဖို.လုပ်နေကြခြင်းသည်ကား ယိုသူမရှက် မြင်သူရှက်သဖွယ်ရှိပါပေ၏။ တကယ်ဆိုလျှင် ကိုယ်ကောင်းလျှင်ခေါင်းဘယ်မှရွေ.သည်မဟုတ် ။ ကိုယ်ကသာ ကိုယ်.တိုင်းသူပြည်သားများကို မျှမျှတတမှန်မှန်ကန်ကန်အုပ်ချုပ်မည် ။ မတရားသောအခွင်.အရေးများကို ကိုယ်တိုင်လည်းမယူ ၊ သူများကိုလည်းမယူစေဘူးဆိုလျှင် ကျွန်တော်တို.ကောင်းပါသည်ဟု ကမ္ဘာကိုလည်အော်နေစရာပင်မလိုချေ ။ မာသာထရီဇာသည် သူကောင်းတာတွေလုပ်နေကြောင်း မည်သူ.ကိုမျှ ငါးပြားတစ်စေ.ပင်ပေးကာ အရှက်မရှိလည်မကြော်ငြာဖူးပေ ။ ဂန္ဒီကြီးသည် သူကောင်းတာတွေလုပ်နေကြောင်း ကြေငြာမောင်းခတ်ပေးပါရန် မည်သည်.အဖွဲ.အစည်းကိုမှ ကူပါကယ်ပါ မခေါ်ဖူးခဲ. ။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ.အစိုးရအဖွဲ. မြန်မာပြည်ကိုဘယ်လောက်ချစ်ကြောင်း ၊ဘယ်လောက်ရိုးသားကြောင်း တကူးတက သူတပါးကိုလိုက်ပြောခိုင်းစရာမလိုပေ ။ တကူးတကလိုက်ပြောနေရသည်ဆိုကတည်းက ကိုယ်ပြောတာကို အများကမယုံ၍ဖြစ်သည် ။ မယုံကြည်ထိုက်သောလူတစ်ယောက်၏ကောင်းကြောင်းကို ကမ္ဘာသို.ပြန်.ဖို.မဆိုနှင်. မြို.တစ်မြို. ၊ ရပ်ကွက်တစ်ခု ၊ လမ်းတစ်လမ်းတွင်ပင် ပျံ.နှံ.ဖို.လွယ်ကူလိမ်.မည်မဟုတ်ချေ ။ ဒေ၀ဒတ်ကောင်းကြောင်းကို အရပ်သိအောင်မောင်းလည်ခတ်မည်ဆိုလျှင် Podesta Group မဆိုထားနှင်. သိကြားမင်းနားကင်းကြီးနှင်.ဆင်းလာပြီးပြောလည်း လူတွေကလက်ခံယုံကြည်မည်မဟုတ်ပေ ။ ထိုဒေါ်လာရှစ်သိန်းကို လစာတိုးတောင်းနေသော လှိုင်သာယာမှအလုပ်သမားများကို မုန်.ဖိုးဝေပေးလိုက်လျှင် လူထုကနည်းနည်းချစ်လာနိုင်သေးသည် ။ ထိုပိုက်ဆံဒေါ်လာရှစ်သိန်းကို စွမ်းအားရှင်နှင်.ပြည်သူ.ရဲများလက်ချက်ဖြင်. ရိုက်နှက်ဖမ်းဆီးခံရသော ကျောင်းသားပြည်သူများကို ဆေးဖိုးဝါးခ လျှော်ကြေးပေးလိုက်လျှင် လူသာဓုခေါ်၊ နတ်သာဓုခေါ်ဖြစ်ပေလိမ်.ဦးမည် ။ ထိုဒေါ်လာရှစ်သိန်းလေးသောင်း (မြန်မာငွေကျပ် သိန်းရှစ်ထောင်.လေးရာ ) ကို နေစရာအိမ်မရှိသောသက်ကြီးရွယ်အိုများအား သစ်ကလေးဝါးကလေးဖြင်. နေစရာအိမ်ကလေးတစ်နေရာဖန်တီးပေးနိုင်ပါက သိကြားမင်း၏ ရွေပရပိုဒ်ဝယ်မှတ်တမ်းတင်ခံရပေဦးမည် ။ ယခုတော. ရေထဲခဲချ ။ သဲထဲရေသွန် ။ပြန်လမ်းမရှိသောဝဲသြဃတွင်စုန်းစုန်းမြုပ်သည်.ပမာ ။ ရှေ.နေပေးငွေ ကြက်သောက်ရေ နတ်အုန်းရွှေချပြန်မရ ဆိုသည်.စကားအတိုင်း ၀န်ကြီးဌာနပေးငွေ ကြက်သောက်ရေ Podesta ငွေချ ပြန်မရ ဟူသည်.အတိုင်း ငွေသာကုန် တိုင်းပြည်အတွက်ဘာတစ်ခုမှမယ်မယ်ရရဖြစ်လာမှာမဟုတ်ကြောင်းသေချာပေ၏ ။

တကယ်ဆိုလျှင် ကမ္ဘာပေါ်ရှိတိုင်းပြည်တိုင်း တိုင်းပြည်တိုင်း တွင် နိုင်ငံခြားရေးဌာန ၊ သံတမန်ဌာနများရှိကြပြီးဖြစ်ရာ ဘယ်အစိုးရကတော.ဘာလုပ်နေသည် ။ ဘယ်အစိုးရကတော. ဘယ်လို အဂတိလိုက်စားနေသည် စသည်ဖြင်. သံရုံးများသည် သက်ဆိုင်ရာနိုင်ငံအစိုးရများထံသို.အစီရင်ခံကြစမြဲဖြစ်သည် ။ ထို.ကြောင်.မြန်မာအစိုးရ ကောင်းကွက်ဆိုးကွက်အားလုံးကို အမေရိကန်အစိုးရကလည်းသိပြီးဖြစ်သည် ၊ အင်္ဂလန်ကလဲသတင်းရပြီးဖြစ်သည် ။ မြန်မာပြည်မှာ တိုင်းသူပြည်သားမျာကိုဖမ်းချုပ် ၊ရိုက်နှက် ၊ တရာစွဲ ၊ထောင်ချ ၊ စွမ်းအားရှင် ကိုထုတ်သုံး ၊ ရဲတို.က အကြမ်းဖက်ဖြိုခွဲ ၊ ကျောင်းသားများကို လိုက်လံဖမ်းဆီး ၊ အလုပ်သမားများကို ရိုက်နှက် စသည်.လုပ်ရပ်များတခုခုဖြစ်သည်နှင်. E.U အပါအ၀င်နိုင်ငံခြားတိုင်းပြည်ပေါင်းများစွာ၏ သံတမန်အစီရင်ခံစာများသည် သက်ဆိုင်ရာနိုင်ငံများသို. လူသတင်းလူချင်းဆောင်ကာ သတင်းတွေပို.လိုက်ပြီဖြစ်သည် ။ ထိုသို. မကောင်းသောသတင်းများ ကမ္ဘာသို.ရောက်ပြီးကာမှ အဖွဲ.တစ်ဖွဲ.ကိုငှားရမ်း၍ ကိုယ်.ကောင်းကြောင်းလိုက်ပြောစေသည်ဆိုခြင်းမှာ အလွန်ရယ်ရွှင်ဖွယ်ရာကောင်းနေပေ၏ ။ ထိုဒေါ်လာရှစ်သိန်းလေးသောင်းကိုပြန်တောင်း၍ရလျင်တောင်းလိုက်ပါ ။ အစိုးရဂုဏ်သတင်းတက်လာစေရန် ၊ တကမ္ဘာလုံးကချီးမွမ်လာစေရန် အကြံတစ်ခုသာပေးပါမည် ။ လိုက်လုပ်ကြည်.စမ်းပါ ။ လုပ်ရမည်မှာအခြားမဟုတ် ။ သာယာဝတီထောင်နှင်.အင်းစိန်ထောင်တွင်ဖမ်းဆီးထိမ်းသိမ်းထားသော ပညာရေးဥပဒေကိုသပိတ်မှောက်ဆန္ဒပြခဲ.သောကျောင်းသားကျောင်းသူများ ၊ ၀န်းရံလိုက်ပါသူများအားလုံးကို အကျဉ်းထောင်မှလွှတ်ပေးပြီး စွဲဆိုထားသောအမုများအားလုံး ပါယ်ဖျက်ပေးပါ ။ အလုပ်သမားများ၏ အနိမ်.ဆုံးလုပ်ခလစာကိုထိုက်တန်စွာသတ်မှတ်ပေးပါ ။ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကိုပြင်ဆင်ပေးပါ ။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမြန်ဆုံးခြေလှမ်းစပါ ။ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးပါ ။ နေစရာမရှိသောသက်ကြီးဆင်းရဲသားများအတွက်နေစရာစီစဉ်ပေးပါ ။ ထိုအရာများ လုပ်ပေးလိုက်နိုင်လျှင် ဒေါ်လာရှစ်သိန်းလေးသောင်းပင်မကုန်တော.ပါ ။ လုပ်ချင်လျှင် အမေရိကန်ကုမ္မဏီပင်ငှားစရာမလိုတော.ပါ ။တကမ္ဘာလုံးကချီးမွမ်းကြပါလိမ်.မည် ။
ခုတလောတွေ.ရသောနောက်ထပ်ကမောက်ကမတစ်ခုမှာ စစ်အစိုးရလက်ထက် အာဏာရယူဖူးခဲ.ကြသော စစ်ဗိုလ်ချုပ်ဟောင်းကြီးများမှအမျိုးဘာသာသာသနာကိုအခြေခံသော နိုင်ငံရေးပါတီအသစ် တစ်ခုထူထောင်တော.မည်ဟူသော ကောလဟလပေါ်ထွက်မှုဖြစ်သည် ။ ကျားသေကိုအသက်သွင်းရန်ကြံလာမှုဟုသာပြောရပါတော.မည် ။ နိုင်ငံကို နှစ်ပေါင်းများစွာအောက်ဆုံးသို.ရောက်အောင် လုပ်ဆောင်သွားခဲ.သူများက အားမရနိုင်သေးပဲ အာဏာတကျော.ပြန်ဆာလောင်မှုကို ထင်ထင်ရှားရှားဖော်ပြလာသည်မှာလည်း မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်အတွက် တိုင်းပြည် ဂုဏ်ကျက်သရေလျော.ပါးစေသောကိစ္စဖြစ်သဖြင်. တကယ်ဟုတ်မဟုတ်စောင်.ကြည်.ရဦးမည် ။ တကယ်သာ အမျိုးဘာသာ သာသနာ အတွက်ဘာညာဖြင်. လူထုကိုသည်းခြေကြိုက်စကားများဖြင်. မှိုင်းတိုက်လာခဲ.လျှင် နိုင်ငံရေးကိုဘာသာရေးဖြင်.မဲမဆွယ်ရဟူသော ရွေးကောက်ပွဲဥပဒေဖြင်.ငြိမည်ဖြစ်သည် ။ ဗိုလ်ချုပ်ကြီးဟောင်းတို.ပြောလေ.ရှိသော အမျိုးသားနိုင်ငံရေး ၊ အမျိုးဘာသာသာသနာ ၊ပြည်ပရန်ကိုကာကွယ် ၊ကိုလိုနီနယ်ချဲ. စသည်.ဆီသည်မလက်သုတ်ဖတ်လိုစကားမျိုးတွေ နောက်ကွယ်မှ ထွေးပြီးသားတံတွေးပြန်မြိုသည်.တကျော.ပြန် အာဏာရှင်ဇာတ်လမ်းကိုသာစောင်.ကြည်.ရပေတော.မည် ။ ကျွန်တော်တို.နိုင်ငံဝယ် လူအချို.သည် ဘနဖူးသိုက်တူးဖို.ကြံရွယ်ချက်ဖြင်. မဟုတ်ကဟုတ်ကများ ဆောင်ရွက်နေကြသည်ဖြစ်ရာ အမေရိကန်မကောင်းကြောင်းတသက်လုံးပြောလာသူများက အမေရိကန်ကုမ္မဏီကိုငှား၍အောင်သွယ်ရှာသူရှာ ၊ လူထုထောက်ခံမှုမရှိပါလျက် စားခဲ.သမျှအားမရပဲ ပါတီထောင်ဦးမည်ဟုပြောသူကပြော ဖြင်. ယခုထက်တိုင်ရင်.ကျက်သောစကားများ ၊ ရင်.ကျက်သောအလုပ်များကိုမလုပ်နိုင်ကြပါတကား။

 
သရ၀ဏ်(ပြည်)
၁၉.၄.၂၀၁၅

တင်ဆက်..ပြည်သတင်းလူငယ်..09253311019

0 comments:

Post a Comment

Facebook Like Page