Wednesday, April 22, 2015

ရွာမအုပ်စု၊ မိုဃ်းကောင်းကျောက်တော်ကြီးဘုရား (၁၀၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့်တတိယအကြိမ်မြောက် ဓမ္မသဘင်ဆင်ယင်ကျင်းပမည် ပြည့်သဲမောင် (ပြည်)၀၉ ၄၂၃၆၇၁၈၈၃

Leave a Comment

ရွာမအုပ်စု၊ မိုဃ်းကောင်းကျောက်တော်ကြီးဘုရား  (၁၀၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့်တတိယအကြိမ်မြောက် ဓမ္မသဘင်ဆင်ယင်ကျင်းပမည်

ပြည့်သဲမောင် (ပြည်)၀၉ ၄၂၃၆၇၁၈၈၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ရွာမအုပ်စု၊မိုဃ်းကောင်းကျောက်တော် ကြီးဘုရား (၁၀၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် တတိယအကြိမ်မြောက် 
ဓမ္မသဘင်ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တတိယအကြိမ်မြောက် နိုင်ငံကျော်ဓမ္မသဘင်ကို နိုင်ငံကျော်ဓမ္မကထိက
များဖြင့်(၄)ရက်တိုင်တိုင် တရားပွဲများကျင်းပပြုလုပ်မည်ဖြစ်ပြီး (၂၄.၄.၂၀၁၅)
ရက်နေ့တွင် အရှင်ပညာ (ဓမ္မဒူတ) ဆရာတော်ဘုရားမှလည်းကောင်း၊ (၂၅.၄.၂၀၁၅)ရက်နေ့တွင် အရှင်ပညာဇောတ (မြိုင်ဆရာတော်) မှ
လည်းကောင်း၊ (၂၆.၄.၂၀၁၅)ရက်နေ့တွင် ဒေါက်တာအရှင်ပညိဿရ (ဓမ္မဒူတ) ဆရာတော်မှလည်းကောင်း၊ (၂၇.၄.၂၀၁၅) ရက်နေ့တွင် ဒေါက်တာ အရှင်တေဇောသာရ (ချင်းတောင်တန်း) ဆရာတော်များမှ ညစဉ် (၈း၀၀)နာရီ
အချိန် တွင် တရားဓမ္မများပို့ချမည်ဖြစ်ပါသည်။ 

သို့ပါသောကြောင့် ဓမ္မသဘင်ကြီးပူဇော်သွားမည်ဖြစ်ရာ ရပ်ဝေး၊ ရပ်နီးရှိ 
တရားချစ်ခင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့အား တရားတော်များ
အတူတကွ နာယူကြရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်ဖိတ်ကြားအပ်ပါ
သည်။ မိုဃ်းကောင်းကျောက်တော်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်နှင့်ဓမ္မသဘင် ဆင်ယင်ကျင်းပရန်အတွက် ဓမ္မပူဇာလှူဒါန်းလိုပါက အောက်ဖော်ပြပါ 
ပုဂ္ဂိုလ်များထံတွင် လှူဒါန်းနိုင်ကြောင်း သိရသည်။ 

မိုဃ်းကောင်းကျောက်တော်ကြီးဂေါပကအဖွဲ့
ဂေါပကဥက္ကဋ္ဌ  ဦးသန့်ဇင်                ၀၉ ၄၂၃၇၃၅၁၄၅
ဒု-ဥက္ကဋ္ဌ      ဦးဝင်းမြင့်                   ၀၉ ၃၁၄၅၁၁၄၉
အတွင်းရေးမှူး ဦးတင်ဝင်း                ၀၉ ၃၁၄၅၁၁၅၄ 
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါ ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍
နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ပြည့်သဲမောင် (ပြည်)၀၉ ၄၂၃၆၇၁၈၈၃

0 comments:

Post a Comment

Facebook Like Page