Saturday, March 7, 2015

ဘိုးတော်ဦးလူငယ် ၏ ယတြာ

Leave a Comment
ဘိုးတော်ဦးလူငယ် ၏ ယတြာ
*****************************
တနေ့သောအချိန် နွေရက်ခါဦး မိုက်သောက်ပန်းတို့ပွင့်ဖူးဝေနေချိန်ဝယ် ခြံတခါးအ၀င်ဝမှ  ပဲပြုတ်စတော်ပဲ...
ဟူသော တစ်ဝမ်းတစ်ခါး ၀မ်းစားဖွေရှာနေသော ပဲပြုတ်သည် အဒေါ်ကြီးအား ကျွန်တော် လှမ်းခါခေါ်မိလေတော့တယ်....

အဒေါ်ကြီး ပဲပြုတ်(၁၀)သားပေးဗျာ..ဘယ်လောက်လည်း..ဟုကျွန်တော်မေးသောခါ ပဲပြုတ်သည်ဒေါ်လေးက...
"မောင်သတင်းယူမယ်ဆိုတော့ ၂၀၀ ကျပ်ပဲပေးပါ "..ဟုပြန်ပြောလေတော့သည်။

"ကျေးဇူးပါပဲ ဒေါ်လေးရယ် ညကကျန်တဲ့ ထမင်းကြမ်းခဲလေးနဲ့ စတော်ပဲပြုတ် အရမ်းလိုက်တယ်ဗျာ " ဟုကျွန်တော်ကကျေး
ဇူးတင်စကားပြန်ပြောကြားပြီးနောက်....ပဲပြုတ်သည်ဒေါ်လေးလည်း ဟောဒိကစတော်ပဲပြုတ်..ဟုအော်ကာ မြင်ကွင်းမှ ပျောက်ကွယ်
ပြီးနောက် ပဲပြုတ်နှင့် စတော်ပဲ မနက်စာထမင်းကြမ်းခဲနဲ့ ၀မ်းစာကိုပြည့်တင်းခဲ့ပါတော့တယ်...ထိုအချိန်ဝယ်....

ကိုလူငယ်  ကျွန်တော့သမီးလေး မနက်ဖြန်စာမေးပွဲဖြေတော့မယ် အဲဒါ ယတြာ ကောင်းလေးကူညီပါအုံးညီလေးရယ်..ဟုဆိုလာသော
အိမ်အ၀င်ဝမှ ကိုတိုးကြီး အသံကြားရတော့ ကဲပါ လာပါဗျာ တက်ပါအုံး စားပါအုံး ဟုဆိုကာ အိမ်တွင်းသို့ ကျွန်တော်လှမ်းခေါ်လိုက်ရ
လေတော့သည်.....ထိုအခါ ကိုတိုးကြီးက ကျတော့သမီးလေး အတွက်ကူညီပါအုံး ဟုထပ်မံတောင်းဆိုလာသောကြောင့် စားလက်စ
ထမင်းလေး အစအနဖျက်ကာ ဘေးနားရှိ လက်ဆေးဇလုံလေး လက်ဖြင့်ဆေးကာ ကဲခင်ဗျားသမီးက ဘယ်နှစ်တန်းလည်း ဘာနေ့
သမီးလည်းပြောဗျာ...ဟုဆိုကာ အနားရှိ လက်ဖက်ရည်ကြမ်းလေးတစ်ခွက် ခြိုက်ကနဲ မော့သောက်ပြီး ကိုတိုးကြီး၏ စကားအားပြန်
လည်နာထောင်လေတော့သည်.....

အကို့သမီးက (၁၀)တန်းပါ တနင်္လာသမီးပါ ဟုတ်ပြီး ဒါဆို ဂါထာတစ်ပုဒ်ပေးမယ်ဗျာ..ရော့ဗောပင် နဲ့ စာရွက်ဟုဆိုကာ ကိုတိုး
ကြီး၏ အနီးသို့တွန်းပို့လိုက်လေသည်...ကဲလိုက်မှတ်ပါ ဂါထာကတော့ အချိန်ရတိုင် ကျက်ရမယ်နော် စာမေးပွဲအောင်ဖို့အတွက်ပေါ့ဗျာ...

ခဏလေးနေပါအုံး ညီလေးရယ် အကို့သမီးက ဦးနှောင့်မှတ်ဥာဏ်အားနည်းတယ်နော် ရပါ့မလား...ရပါတယ်ဗျာ ကဲလိုက်ရေးပေတော့..
 ဥုံ စင်္ကြာ စင်္ကြာ နက်နက်ကြာ နေ့ရော ညပါ နက်နက်ကြာ စင်္ကြာ စင်္ကြာ နက်နက်ကြာ....ကဲအဲဒါလေးရွတ်ခိုင်းလိုက် ကိုတိုးကြီးသမီး
စာပေ ပြီးလိမ့်မယ်....စိတ်မရှိပါနဲ့ ညီလေးရယ် ပါဋိတွေနားမလည်လို့ အနက်လေးတော့ ဘာသာပြန်ပါအုံး ညီလေးရယ် အားကိုးပါ
တယ်ကွာ...

ကဲဟုတ်ပြီဗျာ သေချာမှတ်... ဥုံ စင်္ကြာ စင်္ကြာ နက်နက်ကြာ နေ့ရော ညပါ နက်နက်ကြာ စင်္ကြာ စင်္ကြာ နက်နက်ကြာ......ဆိုတာက
ဥုံ စာကျက် စာကျက် နာနာကျက် နေ့ရော ညပါ နာနာကျက် စာကျက် စာကျက် နာနာကျက်..လို့ အနက်ဘာသာပြန်လို့ရတယ်ဗျ....

အူလိုက်သဲလှိုက်ရယ်သံများ အိမ်ထဲဆူညံသွားလေတော့သည်။................

ရေးသားတင်ဆက်သူ....ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page