ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲမှ အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခြင်းနှင့်အတူ သတင်းရယူနေသော မီဒီယာသမားများကိုပါ ရိုက်နက်မှု၊ ဖမ်းဆီးမှုများ၊ ဖမ်းဆီးရန် လုပ်ဆောင်မှုများရှိနေကြောင်း သိရသည်။ Eleven Media Group မှ သတင်းထောက်များအပါအ၀င် မီဒီယာသမားများအား ရဲတပ်ဖွဲ့က ဖမ်းဆီးရန် လုပ်ဆောင်မှုများရှိနေသောကြောင့် တိမ်းရှောင်နေရကြောင်း သိရှိရပြီး ယခုကဲ့သို့ သတင်းရယူနေသော မီဒီယာသမားများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန်လုပ်ဆောင်ခြင်းမှာ သင့်လျော်ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တစ်ဆင့် ကန့်ကွက်သွားမည်ဖြစ်ပါသည်။
“ ကျွန်တော်တို့ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ နဲ့ ဆွေးနွေပြီးနောက်မှာ သူကလည်း စာနယ်ဇင်းကောင်စီရဲ့ သဘောထားကြေညာချက်ကို ချက်ချင်းထုတ်ပြန်နိုင်ဖို့ စီစဉ်နေပါတယ်လို့ ပြောတယ်။ မကြာမီမှာ အခုလို မီဒီယာသမားတွေကို ဥပဒေပြင်ပ ဖမ်းဆီးတာတွေနဲ့ ပတ်သတ်ပြီး ကန့်ကွက်မှုတွေပြုလုပ်သွားမှာပါ၊ ” ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲဝင်ဖြစ်သူ Eleven Media Group ၏ မန်းနေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်က ပြောကြားသည်။
Eleven Media Group မှကူးယူဖော်ပြသည်။
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment