နတ္တလင်းလယ်သိမ်းခံတောင်သူများေ လးကြိမ်မြောက် ဆန္ဒဖေါ်ထုတ်
ပြည် မတ် ၈
ပဲခူးတိုင်းဒေသကြီးအနောက် သာယာဝတီခရိုင် နတ္တလင်းမြို့ နယ် အတွင်းရှိဒမငယ်ကျေးရွာအုပ်စုတွ င်ခမရ(၄)စစ်တပ်အပါအဝင် ခရိုင်အုပ်ချူပ်ရေးအဆင့်ဆင့်၊ြေ မစာရင်းဌာနနှင့် ဌာနဆိုင်ရာအချို့ မှသိမ်းဆည်း
ထားသောဧက ၄၅၀ အားပြန်လည်ရရှိရေးအတွက်စတုတ္ထ အကြိမ် ဆန္ဒဖေါ်ထုတ်ပွဲတခုကိုမတ်လ ၈ ရက် နံနက်(၁၀:၃၀)နာရီအချိန်ခန့်တွင် လယ်သမားအင်အား(၅၀)ခန့်နှင့် ပြုလုပ်ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲပါဝင်သူတယောက်မှဒီ မိုကရေစီတူဒေးသို့ ပြောသည်။
ယခုဆန္ဒဖေါ်ထုတ်ပွဲသည်လေးကြိမ်ြေ မာက်ဖြစ်ပြီး လွန်ခဲ့သော ၂၀၁၄ခုနှစ်နိုဝင်ဘာ(၁၇) ဒီဇင်ဘာ(၁၀)နှင့်၂၀၁၅ခုနှစ် ဇန်နဝါရီ(၂၅) ရက်များတွင်အဆိုပါကိစ္စနှင့်ပတ် သက်၍ဆန္ဒဖေါ်ထုတ်မှု(၃)ကြိမ်ပြုလု ပ်ခဲ့သော်လည်းမည်သို့မျှထူးခြား ခြင်းမရှိ
သောကြောင့်ယခုလိုနောက်တကြိမ် ဆန္ဒဖေါ်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲတွင်ပါဝင်သောလယ် သမားများကပြောသည်။
“အထက်ပိုင်းကဖြေရှင်းပေးပြီြး ဖစ်သော်လည်းအောက်ပိုင်းတွင်ယခု ထိပြေလည်မှုရှိအောင်ဖြေရှင်းပေး နိုင်ခြင်း
မရှိသေးဘူး အဲ့ဒါကြောင့်ကျွန်တော်တို့လယ်ယာ မြေတွေအထိကွင်းဆင်းစစ်ဆေးပေးဖို့ နဲ့ပြေလည်အောင်ဖြေရှင်းပေးဖို့ အတွက်အခုလိုထပ်ပီးဆန္ဒဖေါ်ထုတ်ရတာ ဖြစ်တယ်”ဟု ဆန္ဒဖေါ်ထုတ်ပွဲပါဝင်သူကိုထက်ဇော် လင်းမှ ပြောသည်။
အဆိုပါဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ရန် အတွက် မတ်လ ၂ ရက်နေ့ တွင်နတ္တလင်းမြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးသို့တရားဝင်
စာတင်ခဲ့ပြီးမတ်လ၄ရက်နေ့တွင် နတ္တလင်းခေတ္တ ရဲတပ်ဖွဲ့ မှူး ဦးဇော်လွင်မှ လက်မှတ်ရေးထိုး၍ခွင့် ပြုခဲ့ပြီး
ဆန္ဒဖေါ်ထုတ်ရာလမ်းကြောင်းတလျောက် နတ္တလင်း မြို့နယ်ရဲတပ်ဖွဲမှ လိုအပ်သောလုံခြုံရေးပေးခြင်းများပြုလုပ်ခဲ့သည်။
ဆန္ဒဖေါ်ထုတ်ပွဲကိုဒမငယ်ကျေးရွာအု န်းနှဲကန်လမ်းဈေးလမ်းနှင့်ဘုရားလမ်းတို့မှကျေးရွာအုပ်ချူပ်ရေး မှူးရုံးထိ
လမ်းလျှောက်ချီတတ်ခဲ့ကြပြီးဓါး မဦးချလယ်ယာမြေများပြန်လည်ရရှိေ ရး၊ခလရ(၄)မှသိမ်းဆည်းထားသောလယ် ယာမြေများပြန်လည်ရရှိရေး၊သိမ်း ဆည်းထားသောလယ်ဧက(၄၅၀)ပြန်လည်ရရှိရေး၊သိမ်းဆည်းခံလယ်ကိစ္စများကို တာဝန်ရှိသူများမှအမြန်ဆုံးစစ်ေ ဆးဖြေရှင်းပေးရေးစသောကြွေးကြော် သံများ နှင့်အဆိုပါစာသားပါ ဗွီနိုင်းများ၊ပိုစတာများ ကိုင်ဆောင်ကာလှည့်လည်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအနောက်သာယာ ဝတီခရိုင်နတ္တလင်းမြို့နယ် ဖလံပင်အုပ်စုသစ်ချိုခြံအတွင်းရှိလယ်ဧကများအနက် ၁၉၉၅ခုနှစ်တွင်သာယာဝတီခရိုင်အု ပ်ချုပ်ရေးမှူးမှ လယ်ဧကတစ်ထောင်အားဓါးမဦးချတောင် သူများကိုချထားပေးခဲ့သော်လည်း ဧက(၅၅၀)သာရရှိခဲ့ပြီးဧက( ၄၅၀ )မှာခမရ(၄)နှင့်ဌာနဆိုင်ရာအဆင့် ဆင့်တို့မှ
သိမ်းယူခဲ့ခြင်းဖြစ်ကြောင်းဆန္ဒေ ဖ်ါထုတ်သူလယ်သမားများကပြောသည်။ အဆိုပါဆန္ဒဖေါ်ထုတ်ပွဲကို နံနက်(၁၁)နာရီခန့်တွင် ကျေးရွာအုပ်ချူပ်ရေးမှူးရုံးရှေ့ ၌ ပြီးဆုံးသွားကြောင်းသိရသည်။
K3(pyay) ဒီမိုကရေစီတူဒေး
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment