Thursday, March 5, 2015

ကျောင်းသားသပိတ်စစ်ကြောင်းအားတားဆီးနေသည့် ပဲခူးတိုင်းအစိုးရအဖွဲ့အား ကန့်ကွက်ဆန္ဒပြ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ကျောင်းသားသပိတ်စစ်ကြောင်းအားတားဆီးနေသည့် ပဲခူးတိုင်းအစိုးရအဖွဲ့အား ကန့်ကွက်ဆန္ဒပြ
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းအတွင်း ကျောင်းသားသပိတ်စစ်ကြောင်းကို အာဏာပိုင်များက ပိတ်ဆို့တားဆီး နေသည့် အတွက် ပြည်မြို့ခံ နိုင်ငံရေးတက်ကြွသူများ က မတ်လ ၅ ရက်တွင် ပဲခူးတိုင်းအစိုးရအဖွဲ့ကို ကန့်ကွက်ဆန္ဒပြခဲ့သည်။
“ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွဲမယ်ဆိုရင် လက်မခံနိုင်ပါဘူး။ ပြည်သူမုန်းတဲ့ အစိုးရ ပြည်သူက တော်လှန်တာကို ခံချင်တဲ့အစိုးရ မဖြစ်ပါစေနဲ့ ” ဆန္ဒပြခေါင်းဆောင်ကိုကျော်ဆွေက ပြောသည်။
“မကွေးတိုင်းမန္တလေးတိုင်းမှာတောင် ကျောင်းသားတွေရဲ့သပိတ်စစ်ကြောင်း အောင်အောင်မြင်မြင် ထွက်ခွာနိုင်တယ်။ ပဲခူးတိုင်းမှာ ကျောင်းသားတွေကိုပိတ်ဆို့ပြီးအကြမ်းဖက်ဖို့ ကြံစည်နေတာ ကျတော်တို့ အင်မတန်သိက္ခာကျတယ်” ဟုလည်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူကိုဝင်းလှိုင်က ပြောသည်။
ဒီမိုကရေစီပညာေ၇းသပိတ် ပင်မစစ်ကြောင်းကို ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် ပိတ်မိနေခဲ့ပြီး အင်အားဖြည့်ရန်သွားရောက်သူများကိုလည်း အာဏာပိုင်များက နည်းလမ်းမျိုးစုံဖြင့် တားဆီးနေကြောင်း ဆန္ဒပြသူများက ပြောသည်။
ထိုနေ့နေ့လည် ၅နာရီအချိန်က ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် နိုင်ငံရေးတက်ကြွ လှုတ်ရှားသူများ စုဝေးကာ ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ဆန္ဒပြသူများက ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဥာဏ်ဝင်း နှင့် နယ်လုံဝန်ကြီးဦးသက်ထွန်းနှုတ်ထွက်ပေးရန် ဟောပြောခဲ့ကြသည်။
ဆန္ဒပြသူများသည်“ကျောင်းသားသပိတ်အား တားဆီးနေမှု ရုပ်သိမ်းပေးရေး ဒို့အရေး” “ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲမည့်အကြံ ဒို့လက်မခံ” “ ကျောင်းသားသပိတ်ကို နှောက်ယှက်သူ ဒို့ရန်သူ” “အင်အားသုံးခြိမ်းခြောက်နေမှု ရပ်တန့်ရေး ဒို့အရေး”စသည့် ကြွေးကြော်သံများကိုကြွေးကြော်ခဲ့သည်။
ဆန္ဒပြပွဲကို ခွင့်ပြုချက်ရယူထားခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်နေခဲ့သည်။သို့သော် တားမြစ်မှုတစ်စုံတရာပြုလုပ်ခြင်းမရှိခဲ့ပေ။ ဆန္ဒပြပွဲကိုလာရောက်စောင့်ကြည့်သူ ပြည်အမှတ်(၁)ရဲစခန်းမှူး ရဲအုပ်မျိုးဝင်းက “ခွင့်ပြုချက်ယူမထားတော့ဖွင့်မှာဘဲ” ဟုပြောသည်။


သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883


0 comments:

Post a Comment

Facebook Like Page