Sunday, February 15, 2015

သပိတ်မှောက်ကျောင်းသားများ မိဘရင်ခွင်ပြန်ရန် သီတဂူဆရာတော်မေတ္တာရပ်ခံ

Leave a Comment
သပိတ်မှောက်ကျောင်းသားများ မိဘရင်ခွင်ပြန်ရန် သီတဂူဆရာတော်မေတ္တာရပ်ခံ
#########################################################

 ကျောင်းသားသပိတ် ဆင်နွှဲနေသော မြန်မာနိုင်ငံအနှံ့မှ ကျောင်းသားများ မိဘရင်ခွင်ပြန် ရန် ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက စာရေးသားကာ မေတ္တာရပ်ခံလိုက်ကြောင်း သတင်းရရှိသည်။

‘‘သပိတ်မှောက်ကျောင်းသား အပေါင်းတို့ သားတို့၊ သမီးတို့ သည် အမျိုးသားပညာရေးဥပဒေ အတွက် ဒီမိုကရေစီစနစ်နှင့်အညီ စားပွဲဝိုင်းပေါ်အထိ တွေ့ဆုံဆွေး နွေးညှိနှိုင်းလျက် အောင်မြင်စေ ရန် ဆောင်ရွက်ခဲ့ကြသည်ကို သိရှိရသဖြင့် ဂုဏ်ယူမိပါကြောင်း’’ မေတ္တာရပ်ခံစာတွင် ဆရာတော် က မိန့်ကြားသည်။နိုင်ငံတော်အစိုးရ၊ လွှတ် တော်၊ NNER နှင့် သပိတ်မှောက် ကျောင်းသားတို့ တွေ့ဆုံညှိနှိုင်း သဖြင့် ရရှိလာသော ရလဒ်တို့ သည် ကောင်းမွန်ကြမည်ဟု ယုံ ကြည်ပါကြောင်း ကြေညာချက် တွင် ရေးသားထားသည်။

ထို့အပြင် စုပေါင်းလက်တွဲ ၍ ဆက်လက်ညှိနှိုင်းဆောင်ရွက် ကြရဦးမည့် လုပ်ငန်းတာဝန်တို့ကို လည်း ယခုကဲ့သို့ပင် ရင်းနှီးယုံ ကြည်စွာ ဆက်လက်၍ ညီညီ ညွတ်ညွတ် ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် သားတို့၊ သမီးတို့ ၏ လိုအင်ဆန္ဒကို မိဘများက စွမ်းနိုင်သမျှ ဖြည့်ဆည်းပေးသကဲ့ သို့ အစ်ကိုကြီး၊ အစ်မကြီးတို့က လည်း ဝန်းရံအားပေးကြသည်ကို လည်း တွေ့ရှိရပါကြောင်း ဖော်ပြ ပါရှိသည်။

‘‘သားတို့၊ သမီးတို့ နိုင်ငံ တော်အတွင်း အမျိုးမျိုး၊ အဖုံဖုံ ပဋိပက္ခဆူပူလှုပ်ရှားမှုများ၌ သားတို့၊ သမီးတို့သည် ငြိမ်းချမ်းရေး တည်ဆောက်သူများ (Peace Maker)အနေဖြင့် နိုင်ငံတော်ကို ဝိုင်းဝန်းကူညီကြ၍ နိုင်ငံတော်၏ လည်းကောင်း၊ သာသနာတော်၏ လည်းကောင်း သားလှရတနာ၊ သမီးလှရတနာများအဖြစ် ဒို့များ အမြဲမြင်ချင်လှပါသည်’’ဟု ဆရာ တော်က မိန့်သည်။

ယခုအခါ၌ မိမိတို့၏ အောင် မြင်မှုတို့ကို ဂုဏ်ယူလျက် မိမိတို့ ဆိုင်ရာ အရပ်ဒေသအသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင်သို့ အမြန်ဆုံးပြန်လည်ခိုဝင်၍ အနာ ဂတ်တိုင်းပြည်အတွက် ပညာရပ် များ ဆက်လက်ဆည်းပူးသင် ကြားကြပါရန် သီတဂူဆရာတော် က အထူးမေတ္တာရပ်ခံလိုက်သည်။

‘‘မနက်က ဆရာတော်က ဖုန်းဆက်ပြီးပြောတာ။ အခု ဆရာ တော်ကြေညာချက်ကိုပေးဖို့ ပဲခူး ဘက်က သပိတ်စခန်းသွားမယ်။ ဧရာဝတီဘက်က သပိတ်စခန်း တစ်ခုလည်း သွားပို့မယ်။ မလို လားအပ်တာမဖြစ်အောင်ပါ’’ဟု ကျောင်းသားသပိတ်စခန်းများသို့ ဆရာတော်မိန့်ကြားချက်စာကို သွားပို့မည့် ဆရာတော်၏ဒကာ တစ်ဦးက ပြောသည်။

သီတဂူ ဆရာတော်၏ မေတ္တာရပ်ခံမှုနှင့် ပတ်သက်၍ လေးစားသော်လည်း ခိုင်မာသော ရလဒ်မထွက်ပေါ်မီတွင် သပိတ် ရပ်ဆိုင်းရန်ခက်ခဲသော အခြေအနေကို နားလည်ပေးရန် ဒီမို ကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ပြောဆို သည်။

‘‘ဆရာတော်ဘုရားကြီးကို လေးစားပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ ရလဒ်မထွက်ဘဲနဲ့ နောက်ပြန် ဆုတ်ဖို့က ခက်ခဲပါတယ်။ အခုက ရလဒ်ကောင်းတွေရရှိနေပေမယ့် လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ သံသယဖြစ်စရာတွေ ရှိနေပါ တယ်’’ဟု သပိတ်မှောက်ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောသည်။

သို့သော် တနင်္ဂနွေည ၁၂ နာရီတွင် ထပ်မံရရှိသော သတင်းများအရ NNER မှ တာဝန်ရှိသူများမှာ ပဲခူးမြို့ နဂါးရုံကျောင်းတိုက်သို့ ရောက်ရှိသော မြေလတ်စစ်ကြောင်းနှင့် ထားဝယ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက်ထိုသပိတ်စစ်ကြောင်း နှစ်ခုမှာလွှတ်တော်ဆွေးနွေးမည်ကို စောင့်ကြည့်ကာ သပိတ်ကို ခေတ္တရပ်နားမည်ဟု NNER မှ ဒေါက်တာအာကာမိုးသူက ပြောသည်။


http://www.7daydaily.com/story/31863#.VOKVtM49XX4
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page