Thursday, February 5, 2015
ကလေးတယောက် မီးဆော့ကစားရာမှ နေအိမ်မီးဖိုချောင်အား မီးလောင်ကျွမ်းခဲ့ရာနေအိမ်(၁၇)လုံး မီးလောင်ဆုံးရှုံးခဲ့ ပြည့်သဲမောင်(ပြည်)09 4236 71883
ကလေးတယောက် မီးဆော့ကစားရာမှ နေအိမ်မီးဖိုချောင်အား မီးလောင်ကျွမ်းခဲ့ရာနေအိမ်(၁၇)လုံး မီးလောင်ဆုံးရှုံးခဲ့
ပြည့်သဲမောင်(ပြည်)09 4236 71883
၎ နှစ်အရွယ် ကလေးတယောက်က ဇန်န၀ါရီလ (၄)ရက်နေ့ ည(၁၂း၄၅)မိနစ်
အချိန်ခန့် အုပ်ထိန်းသူမိဘများမရှိခိုက် ဂါတ်(စ်)မီးခြစ်ဖြင့် မီးဆော့ကစားရာမှ
မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ပန်းတောင်းမြို့နယ်ဥသျှစ်ပင်
ရဲစခန်းအနောက်ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ်(၁၇၀/၅)နှင့်(၁၇၀/၆)
အကြား ကျောင်းဦးကျေးရွာအနီး သာယာကုန်းကျေးရွာနေဒေါ်အေးအေးခိုင်၏ သားဖြစ်သူ ဇော်ထက်(၄)နှစ်သည် အုပ်ထိန်းသူမိဘများမရှိခိုက်ဂါတ်(စ်)မီးခြစ်
ဖြင့်ဆော့ကစားရာမှ နေအိမ်ထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ရာသက်ကယ်
မိုး ၊ထရံကာမြေစိုက်လယ်စောင့်တဲ(၁၂x၁၀x၁၀)နေအိမ်မီးဖိုချောင်အားမီးစ
တင်လောင်ကျွမ်းခဲ့ရသည်ဟု ပန်းတောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
မီးကူစက်လောင်ကျွမ်းခဲ့သဖြင့် အိမ်ထောင်စု(၁၇)ဖြစ်ခဲ့ကြသည်။ထိုသို့မီးစတင်
လောင်ကျွမ်းရာမှ နေအိမ်တဲအား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး တဲဘေးကပ် လျှက်ရှိနေအိမ်တဲ(၁၇)လုံးမီးကူးစက်လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁၇)စု
အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့သည်။အဆိုပါမီးလောင်ရာသို့ သန္ဓေမီးသတ်ယာဉ်(၁)စီး
အရန်မီးသတ်ယာဉ်(၂)စီး ဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့်မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် မီးလောင်ကျွမ်းနိုင်သည့် မီးခြစ်အား အလွယ်တကူပေါ့ဆစွာထားရှိ
သဖြင့်မီးလောင်မှုဖြစ်စေသောဒေါ်အေးအေးခိုင်အား အရေးယူပေးပါရန်
ပန်းတောင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမင်းမှတရားလိုပြုလုပ်တိုင်တန်းချက်
အရဥသျှစ်ပင်ရဲစခန်း(ပ)၁၀/၂၀၁၅ ပြစ်မှုပုဒ်မ-၂၈၅ အရအမှုရေးဖွင့်ကာ ဒုရဲအုပ်အောင်ဇော်ခိုင်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။
သတင်း ပြည့်သဲမောင်(ပြည်)09 4236 71883
0 comments:
Post a Comment