Thursday, February 5, 2015

အရက်အတူတူသောက်ရင်း စကားများရန်ဖြစ်ရာ ညီဖြစ်သူက ဓားဖြင့်ဝင်ခုတ် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

အရက်အတူတူသောက်ရင်း စကားများရန်ဖြစ်ရာ ညီဖြစ်သူက ဓားဖြင့်ဝင်ခုတ်

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အရက်အတူတူသောက်
ရင်း စကားများ ရန်ဖြစ် လုံးထွေးသတ်ပုတ်နေစဉ်   အပြင်မှပြန်လာသောညီဖြစ်
သူက အနီးရှိတောင်ယာခုတ်သော ဓားကိုယူပြီး ခုတ်ခဲ့သဖြင့် တစ်ဦးသေဆုံး
သွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂)ရက်နေ့ ၊ နေ့လည် (၁း၃၀)နာရီအချိန်ခန့်တွင် တရားလိုဖြစ်သူမခင်ဦးကြည်သည် ကိုးခွတဲစုရှိ မိမိတောင်ယာတဲတွင်ရှိနေစဉ်
တောင်လယ်အုပ်စုအတွင်း လှည့်လည်ဆံပင်ညှပ် သွားလာနေသော ခင်ပွန်းဖြစ်
သူဦးကြည်လွင် ပြန်လည်ရောက်ရှိလာပြီး ကိုးခွတဲစုနှင့် ငါးမိုင်ခန့်ဝေးသော
 ကျောက်ထီးတဲစုတွင် သားဖြစ်သူ ကေးကေး (ခ) အောင်မျိုးထိုက် မှာ ဓားခုတ်
ခံရသဖြင့် သေဆုံးနေကြောင်း ပြောပြသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ လည်ပင်းဝဲ ဘက်ပြတ်ရှဒဏ်ရာ (၂)ချက်ရရှိကာ ကေးကေး (ခ) အောင်မျိုးထိုက် (၂၅)နှစ်သည် သေဆုံးနေ သည်ကို တွေ့ရှိရသည်ဟု ပေါက်ခေါင်းမြို့မရဲစခန်းမှ သိရသည်။

ဆက်လက်၍ အခင်းဖြစ်ပွားပုံအား မေးမြန်းရာတွင် ကျောက်ထီးတဲစုနေ မျိုးလွင်အောင်နှင့် အရက် အတူတူသောက်ရင်း စကားများရန်ဖြစ် လုံးထွေး
သတ်ပုတ်နေစဉ် အပြင်မှပြန်လာသော မျိုးလွင်အောင်၏ညီဖြစ်သူ အောင်ဇော်လင်း
မှ အနီးတွင်ရှိသော ကေးကေး(ခ) အောင်မျိုးထိုက်၏ တောင်ယာလုပ်သော
ဓားအားယူပြီး ကေးကေး (ခ) အောင်မျိုးထိုက်အားခုတ်သဖြင့် သေဆုံးသွား
 ကြောင်းသိရှိရသည်ဟုဆို၏ ။

ထို့ကြောင့် မိခင်ဖြစ်သူ ဒေါ်ခင်ဦးကြည်မှ ၄င်း၏သားဖြစ်သူ အောင်မျိုးထိုက်အား သတ်သွားသူကို အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ပေါက်ခေါင်းမြို့မရဲစခန်း (ပ) ၂၇ / ၂၀၁၅ ၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်ကာ အမှုအားစခန်းမှူး ဒုရဲမှူးခင်ဇော်ဦးမှ အောင်ဇော်လင်း (၂၉)နှစ်၊ မျိုးလွင်အောင် (၃၂)နှစ်၊
 တောင်ယာလုပ် ညောင်ကုန်းအုပ်စု/ကျေးရွာ ၊ ပေါက်ခေါင်းမြို့နယ်၊ နေသူ တို့အားအမှုဖြင့် ဖမ်းဆီးကာ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

0 comments:

Post a Comment

Facebook Like Page