Thursday, January 1, 2015

ကြက်ဖိုးငွေ (၁၅၀၀၀ိ/-)ပေးရမည့် ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment


ကြက်ဖိုးငွေ (၁၅၀၀၀ိ/-)ပေးရမည့် ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ
လူသတ်မှုဖြစ်ပွား

ပြည့်သဲမောင်(ပြည်) 09 4236 71883

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် မှတ်တိုင်နယ်မြေရဲစခန်းအရှေ့တောင် (၇)မိုင်၊(၄)ဖာလုံခန့် ဆည်ဘောင်ကုန်းတံတားအနီး၊ ကျွဲတဲကြီးရွာ၊ ကြို့ပင်သာ အုပ်စု၊
တွင်ကြက်ဖိုးငွေ (၁၅၀၀၀ိ/-)ပေးရမည့် ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှအသင့်
ပါလာသော ဓါးမြှောင်ဖြင့်ထိုးသွင်းခဲ့သဖြင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦးအဖမ်းခံရကြောင်း
သိရသည်။

အမှုမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ ၇း၃၀ အချိန်ခန့် တရားလိုသည် ခင်ပွန်းဖြစ်သူနှင့်
 အတူနေအိမ်၌ရှိနေစဉ် စိုးလေး(ခ)မြင့်နိုင်စိုး၊ ၀င်းဌေးတို့ အရက်သောက်စားပြီး
 နေအိမ်ရှေ့ရောက်လာကာ စိုးလေး(ခ)မြင့် နိုင်စိုးမှ ဖိုးသိန်းရေလာအုံးဟု ခေါ်သဖြင့် ခင်ပွန်းဖြစ်သူမှာ နေအိမ်ရှေ့ထွက်သွားခဲ့ပြီး ၀င်းဌေးမှ ကြက်ဖိုးငွေ ( ၁၅၀၀၀ိ/-)ထဲမှ
( ၅၀၀၀ိ/-) ပဲပေးမည်ဟု ပြောဆိုသံများကြားရပြီး ၄င်းတို့(၃)ဦးဆည် ဘောင်ကုန်းတံ
တားဘက် သို့ထွက်သွားကြကြောင်း ခဏအကြာတွင် တစ်ရွာတည်းနေ ဦးကျော်ဝင်း
ရောက်ရှိ လာပြီး၎င်းအား နင့်ယောင်္ကျားဖိုးသိန်း ဆည်ဘောင် ကုန်းတံတားဘေးတွင် လဲနေ ကြောင်းပြောပြသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ ဖိုးသိန်းတွင် လည်ပင်းဝဲ
ဘက် ထိုးသွင်းဒဏ် ရာ၊ ရင်ညွန့်ယာဘက်ထိုးသွင်းဒဏ်ရာ၊ ၀မ်းဗိုက်အလည့်တည့်
တည့် ထိုးသွင်းဒဏ်ရာ(အူထွက်)၊ ၀ဲဘက်ခါးစောင်းထိုးသွင်းဒဏ်ရာများရရှိပြီးသေ
ဆုံးနေသည်ကို တွေ့ရှိရသဖြင့် မခင်ဌေးမှ၎င်း၏ယောကျာ်းအားသတ်သွားသူကို
အရေးယူပေးရန် မှတ်တိုင်နယ်မြေရဲစခန်းသို့အမှုဖွင့် တိုင်တန်းခဲ့သည်ဟုရဲမှတ်
တမ်းများအရသိရသည်။

ဖြစ်စဉ်နှင့်ပက်သတ်၍ ကိုဝင်းဌေး(၃၆)နှစ် ကျွန်းတောလှအုပ်စု ဆင်လူးအုပ်စုပေါင်း
တည်မြို့နေသူနှင့်ကိုစိုးလေး(၄၂)နှစ် ကျွန်းတောလှအုပ်စု ဆင်လူးအုပ်စုပေါင်းတည်မြို့
နေသူနှစ်ဦးအား မှတ်တိုင်နယ်မြေရဲစခန်း(ပ)၂၃၆/၁၄ ပြစ်မှုပုဒ်မ - ၃၀၂ ဖြင့်အရေး
ယူဆောင်ရွက်ထားရှိပြီး အမှုအား ရဲအုပ်မျိုးကျော်သူမှလက်ခံစစ်ဆေးလျှက်ရှိကြောင်း
သိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)  09 4236 71883

0 comments:

Post a Comment

Facebook Like Page