Wednesday, December 24, 2014

ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်မည့်အကြောင်း အသိပေးအကြောင်းကြားမှုအား ကန့်သတ်ချက်နှင့် မကိုက်ညီ ဟုဆိုကာ ငြင်းပယ်ခံရ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment


ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်မည့်အကြောင်း အသိပေးအကြောင်းကြားမှုအား
ကန့်သတ်ချက်နှင့် မကိုက်ညီ ဟုဆိုကာ ငြင်းပယ်ခံရ
ပြည့်သဲမောင်(ပြည်)09 4236 71883  ပြည် ဒီဇင်ဘာလ (၂၅)ရက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင်၊ ပြည်ခရိုင်နိုင်ငံရေး အင်အားစုများမှ ဒီဇင်ဘာ (၂၆)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်ဖြိုခွင်းခံရ၍ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် တရားမျှတမှုနှင့်ကုစားခွင့်ရရှိစေရေး ဒေသခံများ၏လက်ရှိနစ်နာ မှုများကို အကျေအလည်မဖြေရှင်းနိုင်မီ ၀မ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကိုရပ်ဆိုင်း
ထားရေး၊ သို့မဟုတ် အပြီးအပိုင်ဖျက်သိမ်းရေး စသည့်ရည်ရွယ်ချက်ဖြင့် ဆန္ဒထုတ်ဖော်မည့် ပြည်ခရိုင်နိုင်ငံရေး အင်အားစု များအား  ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်မည့်အကြောင်း အသိပေးအကြောင်းကြားမှုနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ
အခန်း (၂)၊ ပုဒ်မ (၃)အရ ကြိုတင်လျှောက်ထားမှုအား အနည်းဆုံး (၅) ရက်ကြို
တင်၍လျှောက်ထားရန်နှင့် သတ်မှတ်ပုံစံများနှင့်အတူ ပြန်လည်တင်ပြနိုင်ရေးဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးကအသိပေးအကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့
ကြောင်း နိုင်/ကျဉ်းဦးကျော်ဆန်းက ပြောသည်။

ထိုသို့ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်မည့်အကြောင်း အသိပေးအကြောင်း
ကြားခြင်းအား သတ်မှတ် ပုံစံများနှင့် မကိုက်ညီ၍ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပြန်လည်ပေး
ပို့သော်လည်း ဒီဇင်ဘာ (၂၆)ရက် နံနက် (၉း၀၀)နာရီအချိန်တွင် ဗိုလ်ချုပ်ကျောက်
ရုပ်ရှေ့တွင် စတင်စုဝေးပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။ 

သတင်းတို ပြည့်သဲမောင်(ပြည်)09 4236 71883 
ဟုဆိုကာ ငြင်းပယ်ခံရ

0 comments:

Post a Comment

Facebook Like Page