Wednesday, December 24, 2014

ကွယ်လွန်သူ ဦးအောင်ငြိမ်း (ခ) ဖိုးပြန့် ( ကိုကိုးကျွန်းပြန်) ( ၁၉၄၆-၂၀၁၄ ) ၏ကိုယ်ရေးဖြစ်စဉ် - ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment





ကွယ်လွန်သူ ဦးအောင်ငြိမ်း (ခ) ဖိုးပြန့် ( ကိုကိုးကျွန်းပြန်) ( ၁၉၄၆-၂၀၁၄ ) ၏ကိုယ်ရေးဖြစ်စဉ် -

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ၁၃၀၇-ခုနှစ်၊ တပေါင်းလဆန်း၈ရက်နေ့တွင် အဖ ဦးအောင်သိန်းနှင့် အမိ ဒေါ်မြတင်တို့မှ မွေးဖွါးခဲ့။ - ပြည်မြို့ အ.ထ.က(၁)တွင် ပညာသင်ယူခဲ့ပြီး ဗ.က.သ များအဖွဲ့ချုပ်(ပြည်ခရိုင်)ကျောင်းသားသမ္မဂ္ဂ ၏ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့။ - ၁၉၆၃-ခု၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြီးနောက်တွင်၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရင်း ၁၉၆၄-ခု၊ နိုဝင်ဘာတွင် ဗ.က.သများအဖွဲ့ချုပ်(ပြည်ခ ရိုင်)မှ ရဲဘော်ချစ်ဆွေ (ကိုးကိုးကျွန်းဖျက်သိမ်းရေး-၅၃ ရက်ကြာအစာငတ်ခံတိုက်ပွဲတွင် ကျဆုံးခဲ့ သူ) ရဲဘော်ချိုတို့နှင့် အတူမြေအောက်လှုပ်ရှားမှုများကို ဆောင်ရွက်စဉ် ပြည်မြို့တွင် ဖမ်းဆီးခံခဲ့ရ ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထိန်းသိမ်းခံခဲ့ရ။
- ၁၉၆၉-ခုနှစ်တွင် ကိုကိုးကျွန်းအကျဉ်းစခန်းသို့ ပို့ဆောင်ခံခဲ့ရပြီး ကိုကိုးကျွန်းအကျဉ်းစခန်း၏ ဒုတိယမြောက်တိုက်ပွဲဖြစ်သောရက် (၄၀)အစာငတ်ခံ တိုက်ပွဲတွင် တတိယအသုတ်မှ ပါဝင်ခဲ့။ - ကိုကိုးကျွန်းဖျက်သိမ်းရေး (၅၃) ရက်ကြာအစာငတ်ခံတိုက်ပွဲတွင် ပြည်ခရိုင် ဗ.က.သ များအဖွဲ့ချုပ် မှရဲဘော်ချစ်ဆွေအပါအ၀င် ရဲဘော်(၈)ဦး ကျဆုံးခဲ့ရပြီး ကိုကိုးကျွန်းအကျဉ်းစခန်းကို ဖျက်သိမ်းခဲ့ ကာ(၁၉၇၂)ခုနှစ်တွင် ပြည်မသို့ ပြန်လည်ရောက်ရှိခဲ့။ - ၁၉၈၈-ခုနှစ်၊ ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးတွင် ရှေ့တန်းမှတက်ကြွှစွာပါဝင်ခဲ့ပြီးထိုအရေး တော်ပုံကြီးအပြီးနောက်ပိုင်းတွင်လည်း မပြီးဆုံးသေးသည့်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလူပ်ရှားမူများတွင် ကိုကိုးကျွန်းပြန်တစ်ဦးအနေဖြင့်စိုက်လိုက် မက်တတ်ပါဝင်ခဲ့။ - မကွယ်လွန်မီအချိန်အထိဦးအောင်ငြိမ်းသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်) ၊နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ပြည်ခရိုင်)နှင့်၈၈-ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်း (ပြည်) တို့တွင်နာယက အဖြစ်ဖြင့် လက်တွေ့နိုင်ငံရေး လုပ်ငန်းများကို တာဝန် ယူဆောင် ရွှက်ခဲ့။
- ဦးအောင်ငြိမ်းသည် အဆုတ်ရောဂါကိုခံစားခဲ့ရပြီး ၊(၂၂.၁၂.၂၀၁၄) နေ့ည(၁၀း၃၀)နာရီအချိန်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့။ - ကွယ်လွန်ချိန်တွင် အသက် (၇၀)ရှိပြီဖြစ်ပြီး ၊ဇနီးနှင့်သားသမီး (၃)ဦးကျန်ရစ်ခဲ့။
 “…ပြည်တွင်းစစ်ရပ်စဲရေး ၊ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ တကယ်လိုအပ်ချက်ပဲ။ ဆင်းရဲမူနိမ့်ကျရေး၊ ဆင်းရဲမွဲတေမူပပျောက်ရေးလို့ပြောရင် ငြိမ်းချမ်းရေး ရအောင်လုပ်ပါ။ အဲဒီအခါမှ ပိုလာတဲစစ်အသုံးစရိတ်တွေကနေပြီးတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်မှာ ဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်……”
“…..ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဆန့်ကျင်တာ ၊ဆရာကြီးကိုဖုံးကွယ်တာ ၊ဆရာကြီးကို ဖျောက်ဖျက်တာဟာ ငြိမ်းချမ်းရေးကိုဆန့်ကျင်တာ ၊ငြိမ်းချမ်းရေးကိုကန့်ကွက်တာ၊ပြည်တွင်းစစ်ကို အဓွန့်ရှည်အောင် လုပ်နေတာသာဖြစ်တယ်လို့ ကျွန်တော်အခိုင်အမာပြောချင်တယ်……..” - “……၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ ဗမာပြည်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မူအခန်းကဏ္ဍမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများဟာအဓိကပါဝင်ခဲ့ကြတယ်ဆိုတာသက်သေပြခဲ့ကြ တယ်……… ……….သူရဲကောင်းပီသတဲ့ ကျောင်းသားတွေဟာ တက်တက်ကြွကြွနဲ့ အသက်ပေး စွန့်လွှတ်ခဲ့ကြ တယ်………..”
လွတ်လပ်သောကျောင်းသားသမဂ္ဂများပေါ်ပေါက်ရေးကိုကြိုးပမ်းကြ။

ကျန်ရစ်သူ မိသားစုများပေးဝေခဲ့သည့်စာအားပြန်လည်မျှဝေပါသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883 

0 comments:

Post a Comment

Facebook Like Page