Thursday, December 25, 2014

ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီးနေရာမှာတင် သေဆုံးသွားခဲ့သည့်ကိစ္စနှင့် ပက်သက်၍ပြည်မြို့တွင် ထိုင်သပိတ်စခန်းဖွင့်နေပြီ သတင်းတို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment


ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီးနေရာမှာတင် သေဆုံးသွားခဲ့သည့်ကိစ္စနှင့်
ပက်သက်၍ပြည်မြို့တွင် ထိုင်သပိတ်စခန်းဖွင့်နေပြီ
သတင်းတို ပြည့်သဲမောင်(ပြည်)09 4236 71883

ဒီဇင်ဘာ ၂၅ရက်နေ့ ညနေ ၄း၃၀အချိန်မှစတင်ကာ ဆားလင်းကြီးမြို့နယ်မိုးကြိုးပြင်
အလယ်ရွာက အသက်(၅ဝ)ကျော်အရွယ်ရှိတဲ့ ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီး
နေရာမှာတင် သေဆုံးသွားခဲ့သည့်ကိစ္စနှင့်ပက်သက်၍ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်
အနီးတွင် သပိတ်စခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၅ ရက်တိုင်တိုင် ထိုင်သပိတ်ဖွင့်သွား
မည်ဖြစ်ကြောင်းသိရသည်။
 အဆိုပါ သပိတ်စခန်းဖွင့်သူ ကိုမျိုးသူထွဠ်က'' ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီး
နေရာမှာတင် သေဆုံးသွားအောင်ပစ်မိန့်ပေးသူနှင့်  ဒေါ်ခင်ဝင်း အားပစ်သတ်ခဲ့သူကို















အရေးယူခြင်း မရှိပါက ထပ်မံ၍ ၁၅ရက်ကျော်သောအခါ အစာအငတ်ခံကာ ဆန္ဒပြထိုင်
သပိတ် ဆက်လက်ပြသွားမည်" ဖြစ်ကြောင်း ထိုင်သပိတ်ဆန္ဒပြသူ ကိုမျိုးသူထွဋ်ကပြော
သည်။
အကယ်၍များ ဒေါ်ခင်ဝင်း အား ပစ်မိန့်ပေးသူနှင့် ပစ်သတ်ခဲ့သူကို ၁၅ရက်မပြည့်မီ အရေး ယူပေးပါကသပိတ်စခန်းကိုရုတ်သိမ်းပေးမည် ဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားသည်။

သတင်းတို ပြည့်သဲမောင်(ပြည်)09 4236 71883

0 comments:

Post a Comment

Facebook Like Page