Thursday, December 25, 2014

ခွင့်ပြုမိန့်မရသော်လည်း ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများအတွက် တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော် ပြည့်သဲမောင်(ပြည်)09 4236 71883သတင်းအတို

Leave a Comment




ခွင့်ပြုမိန့်မရသော်လည်း ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ
ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများအတွက်
တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော်

ပြည့်သဲမောင်(ပြည်)09 4236 71883သတင်းအတို

 ပြည် ဒီဇင်ဘာလ (၂၆)ရက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင်၊ ပြည်ခရိုင်နိုင်ငံရေး အင်အားစုများမှ
ဒီဇင်ဘာ (၂၆)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်ဖြိုခွင်းခံရ၍ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် တရားမျှတမှုနှင့်ကုစားခွင့်ရရှိစေရေး ဒေသခံများ၏လက်ရှိနစ်နာ မှုများကို 

အကျေအလည်မဖြေရှင်းနိုင်မီ ၀မ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကိုရပ်ဆိုင်း
ထားရေး၊ သို့မဟုတ် အပြီးအပိုင်ဖျက်သိမ်းရေး စသည့်ရည်ရွယ်ချက်ဖြင့်
ဆန္ဒထုတ်ဖော်ခဲ့ကျသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ၀မ်ပေါင်ကုမ္ပဏီကျရှုံးပါစေဆိုသော ရည်ရွှယ်ချက်ဖြင့်
ဝမ်ပေါင်ကုမ္ပဏီ ဟုရေးထားသောစာရွက်များနှင့်ဝမ်ပေါင်+ဦးပိုင် ဟုရေးသားထားသော
စာရွက်များအားမီးရှို့ခဲ့ကျပြီး
၁။လက်ပံတောင်းတောင် လူသတ်မှုတရားခံများ ဖေါ်ထုတ်ရေး ဒို့အရေး ဒို့အရေး
၂။ ပြည်သူ့အကျိုးစီးပွား လုံခြုံမှုအတွက် အစိုးရမှ တာဝန်ယူရေး ဒို့အရေး ဒို့အရေး
၃။ တရုတ် ၀မ်ပေါင်ကုမ္ပဏီ ကျူးကျော်မှုများ ဖျက်သိမ်းရေး ဒို့အရေး ဒို့အရေး
၎။ မြေသိမ်း၊ ယာသိမ်း၊ နယ်မြေသိမ်း မတရားမှုများ၊ အဓမ္မများချုပ်ငြိမ်းရေး ဒို့အရေး ဒို့အရေး
၅။ အကြမ်းဖက်လုပ်ရပ် ချက်ခြင်းရပ် ချက်ခြင်းရပ်
၆။ ၀မ်ပေါင်နှင့် ဦးပိုင်အား ကာကွယ်ပေးသော အစိုးရ အလိုမရှိ အ လိုမရှိ
ဟုကြွေးကြော်သ့များကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကျကြောင်းသိရည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
မှတ်ချက်။ ။သတင်းနှင့်ဓါတ်ပုံ ယူသုံးပါကခွင့်ပြုချက်တောင်းပါ ခင်ဗျာ....



0 comments:

Post a Comment

Facebook Like Page