Monday, December 29, 2014

ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ် ဆင်တဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

















ဓမ္မစကူးလ်ဖောင်ဒေးရှင်း  ဓမ္မစကူးလ် ဆင်တဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊
 က.စ.စ (၃၇)နယ်မြေ မင်္ဂလာ တပ်ဦးဂျာကုန်းကျောင်းတိုက်တွင်  ဓမ္မစကူးလ်ဖောင်ဒေးရှင်း အမြဲတမ်းဓမ္မစကူးလ် ဆင်တဲဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာ (၂၈)ရက်၊ တနင်္ဂနွေနေ့ နံနက် (၇း၃၀)အချိန်တွင် ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် နမောတဿ (၃)ကြိမ်ရွတ်ဆိုကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ မြို့နယ် သံဃ နာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဥာဏုတ္တရမထေရ်အရှင်သူမြတ်မှ သြ၀ါဒမြွက်ကြားခြင်း၊ ရပ်/ကျေး သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတေဇနိယမထေရ်အရှင်သူမြတ်မှ သြ၀ါဒမြွက်ကြားခြင်း၊ ဗိုလ်ရုံကျောင်းတိုက်မှ ဦးဥာဏောဘာသ အရှင်သူမြတ်မှ ဓမ္မစကူးလ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ စိုးမိုးရတနာကုမ္ပဏီလီမိတက်မှ သံဃာတော်အပါး (၂၀)အတွက် ယပ် (၂၀)လက်၊ ကျောင်းသား/ကျောင်းသူ များတူညီဝတ်စုံ အကျီ်င်္အဖြူနှင့်ဓမ္မစကူးလ် ရုံးအဖွဲ့သုံးရန် ကွန်ပျူတာ (၁)လုံးအပါအ၀င် ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုး (၁၇)သိန်းအား ဥက္ကဋ္ဌ ဦးသိန်းဖေမှ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကူးလ်ကော်မတီဝင် တစ်ဦး မှ ဓမ္မစကူးလ်နှင့်ပတ်သက်၍ ဖောင်ဒေးရှင်းတည်ဆောက်ခြင်း၊ အလှူငွေများနှင့်ပတ်သက်ပြီး ရှင်း လင်းပြော ကြားခြင်း၊ အလှူရှင်ဦးသိန်းဖေမှ မိမိလှူဒါန်းရသည့် ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားခြင်း၊ ဆင်တဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ဆင့်မှ ဓမ္မစကူးလ် ဆင်တဲဖွင့်လှစ်နိုင်သည့်အတွက် ၀မ်းသာ စကား ပြောကြားခြင်း၊ ဓမ္မစကူးလ်ဆင်တဲ၏ သင်ကြားရေးသရုပ်ပြအစီအစဉ်ဖြင့် တင်ဆက်ခြင်း တို့ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဆင်တဲ ဖွင့်ပွဲအခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် ဓမ္မစကူးလ်ဆင်တဲ ဆိုင်းဘုတ်တင်စက်ခလုပ်နှိပ်ဖွင့်လှစ်ခြင်းတို့ ဆောင် ရွက်ခဲ့ကြသည်။

ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ ဓမ္မစကူးလ်ဆင်တဲဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ဗုဒ္ဓဘုရားရှင်၏ အလွန် ပင်မြင့်မြတ်တန်ကြေးမဖြတ်နိုင်သည့် သာသနာတော်မြတ်ကြီးကို ကလေးဘ၀မှစတင်သိမြင်စေပြီး မိရိုးဖလာအမည်ခံဗုဒ္ဓဘာသာမှ ကျော်လွန်၍ငယ်စဉ်မှစကာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ပိုင်းခြား ဝေဖန်နိုင်သည့် အမျိုး၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်သော ပညာပြည့်ဝ နှလုံးလှသည့် လူချွန်၊ လူမော်၊ လူတော်၊  လူကောင်းများ ဖြစ်စေရန်အတွက် သော်လည်းကောင်း၊ အနာဂတ်တွင် နိုင်ငံတာဝန်ကိုပုခုံးပြောင်းတာဝန်ယူမည့်ကလေးများအနေဖြင့် ဗုဒ္ဓတရားတော်များ ကို သိရှိနားလည်တန်ဖိုးထားကာ ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်နှင့် ဗုဒ္ဓတရားတော်များကို လက်တွေ့ဘ၀တွင် အသုံးချနိုင်သော အဆင့်မြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာစေရေး ရည်သန်မျှော်တွေးကာ ဓမ္မစကူးလ် အမြဲတမ်းသင်တန်းကို တစ်ပတ်လျှင် တနင်္ဂနွေ (၁)ရက်၊ တစ်လလျှင် (၄)ကြိမ်၊ (၁၀) လတစ်ကြိမ် အပတ်စဉ်သင်တန်း များကို အမြဲတမ်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page