Sunday, November 2, 2014

မုဒိမ်းမှု ကျဆင်းရေး အတွက် ဖုန်းဆိုင်များ ညစ်ညမ်း ဗီဒီယို အခွေဆိုင်များကို စစ်ဆေး အရေးယူ သွားမည်

Leave a Comment
မျိုးမင်းပိုင်

                     ဧရာဝတီတိုင်း ဒေသကြီး အတွင်း မုဒိန်းမှု ကျဆင်းရေး အတွက် ဖုန်းဆိုင်များနှင့်  ညစ်ညမ်း ဗီဒီယို အခွေဆိုင်များကို ပညာပေး ဟောပြောပွဲများ ပြုလုပ်၍ စီမံကိန်း တစ်ရပ်အနေ ဖြင့် စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

                   ““ပထမ အဆင့်အနေနဲ့ ဖုန်းဆိုင်တွေ ညစ်ညမ်း အခွေဆိုင်တွေကို စုံစမ်း အရေးယူသွားမယ်။ အင်တာနက် ဆိုင်တွေ အဆင့်ထိ ဆောင်ရွက် သွားဖို့ ကတော့ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်”” ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲမှူးဦးစီး ရဲခင်မောင်သင်း က The Messenger Media သို့ပြောသည်။

                   အင်တာနက်မှ ညစ်ညမ်းပုံများ၊ စာသားများ၊ ဗီဒီယို အခွေများကို ကြည့်ရှုရ လွယ်ကူ နေခြင်းကြောင့် မုဒိမ်းမှုများ ပိုမို ဖြစ်ပေါ် နေရကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သုံးသပ်ကာ ယခုကဲ့သို့ စစ်ဆေး အရေးယူ နေရခြင်း ဖြစ်ကြောင်း ရဲမှူး ခင်မောင်သင်းက ဆိုသည်။

                  ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၀၁၃ ခုနှစ်အတွင်း မုဒိမ်းမှု (၁၄၁) မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာ လကုန် အထိ မုဒိမ်းမှု (၁၁၆) မှု ဖြစ်ပွားခဲ့ရာ တစ်နှစ်ချင်း နှိုင်းယှဉ်ကပါက လျော့ကျ မသွာနိုင်ကြောင်း ရဲမင်းကြီး ဦးအောင်နိုင်သူက သုံးသပ်သည်။

                  ““ ကလေးသူငယ် လူကြီးမျိုးစုံ လာကြတယ်။ တချို့လည်း အင်တာနက်သုံး၊ ချက်တင် ထိုင်ကြသလို၊ တချို့လည်း ညစ်ညမ်း ဗီဒီယိုတွေ၊ စာတွေကို ဒေါင်းလုတ်ဆွဲပြီး ကြည့်တာတို့၊ ဖုန်းထဲ ထည့်သွားတာမျိုးတွေ ရှိတယ်”” ဟု ပုသိမ်မြို့မှ အင်တာနက်ဆိုင် ၀န်ထမ်း တစ်ဦးက ပြောသည်။

                  ၂၀၁၄ ခုနှစ် ၊ ဇူလိုင်လအတွင်း ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့မှ သမီးရည်းစား နှစ်ဦး၏ ညစ်ညမ်းပုံများ အင်တာနက် စာမျက်နှာနှင့် လူမှုကွန်ရက် တို့တွင် ပျံနှံ့ခဲ့မှုကြောင့် မြို့ခံ ပြည်သူများ၊ သံဃာတော်များ လူငယ်များ အကြား၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားမည့် အခြေအနေထိ စိုးရိမ် ပူပန်မှုများ ရှိခဲ့ဖူးသည်။

Messenger News Journal

0 comments:

Post a Comment

Facebook Like Page