Sunday, November 2, 2014

စာသင်ပေးထားသည့်အတွက် လေလွင့်ကလေးများကို အလုပ်ခန့်လိုသူ ပေါများ

Leave a Comment


 စနစ်တကျ စာသင်ပေးထားသည့် အတွက် လေလွင့်ကလေးပင် ဖြစ်စေ ကာမူ အလုပ်ခန့်အပ်လိုသူ ပေါများ နေ သည်ဟု ပြည်မြို့အခြေစိုက်ကရုဏာ လက်များကွန်ရက် တည်ထောင်သူ ဦးမြင့်အေးက ပြောသည်။

ပြည်မြို့တွင် တောင်းရမ်းစား သောက်နေသော လေလွင့်ကလေးငယ် ထဲမှ အချို့ကို ၂ဝ၁၂ ခုနှစ် ဇွန်လမှ စကာ ကွန်ရက်တစ်ခု တည်ထောင်ပြီး စာသင်ပေးနေရာ ထိုထဲမှ ၁၅ ဦးမှာ လက်ရှိတွင် ပြင်ပအလုပ်များ ရသွား ကြပြီဟု ၄င်းက ဆိုသည်။

”ကိုယ်ကတော့ အာမခံပေးထားရ တာပေါ့” ဟု ဦးမြင့်အေးက ဆိုသည်။

ဆေးရုံသန့်ရှင်းရေးဝန်ထမ်း၊ ကားဝပ်ရှော့ စသည့်အလုပ်အကိုင် တို့တွင်ဖြစ်ပြီး လစဉ် လခများရကြ သည့်အတွက် ¤င်းတို့၏ မိဘတို့ကိုပင် ပြန်လည် လုပ်ကျွေးနေကြပြီ ဟု ဦးမြင့် အေးက ပြောသည်။

အလုပ်ရသွားသူတို့၏ အသက်မှာ ၁၄ နှစ်မှ ၁၆ နှစ်အရွယ်ရှိနေကြပြီး ကျောင်းတွင် သိပ်မနေချင်ကြတော့သူ များဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

ဒေါက်တာခင်မောင်လွင်က ”သူ တို့လေးတွေ(လေလွင့်ကလေး)ကို ပစ် မထားဘဲ တစ်ခုခုပျိုးထောင်ပေးလိုက် ခြင်းက လူ့အသိုင်းအဝိုင်းအပေါ် အပေါ်ရလဒ်ကောင်းတွေ   ဖြစ်စေပါ တယ်။ ကျွန်တော်ဆိုလည်း သူတို့လေး တွေကို စောင့်ရှောက်ထားမှု ပြုတဲ့အခါ မှာ တစ်လကြာတာနဲ့ ဘာတွေ့လဲဆို တော့ သူတို့ ခန္ဓာကိုယ်မှာ အနံ့ဆိုးမရှိ   တော့ဘူး။ စိတ်တွေလည်း ပြောင်းကုန် ပြီ” ဟု ပြောသည်။

ပြည်တွင်း လေလွင့်ကလေးငယ် ၁၅ဝ ကျော်နီးပါးရှိပြီး ထိုထဲမှ ၃ဝ ကျော်သာ ကွန်ရက်တွင် စာလာသင်နေ သည်။

Popular Myanmar News Journal

0 comments:

Post a Comment

Facebook Like Page