Wednesday, August 14, 2013

ကလောမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့၏ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့

Leave a Comment

ကလော  သြဂုတ်  ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့ သမဝါယမခန်းမ၌
ယမန်နေ့ မွန်းတည့် ၁ နာရီက ကလောမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့၏ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေနှင့် ဦးမြတ်စိုး၊ မြို့နယ်စီမံခန့် ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးနန္ဒာလှမြင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကော်မတီ အသီးသီးမှ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်စိုးနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းတို့က အမှာစကား ပြောကြားပြီး မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက မြို့ပြ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရပ်ကွက်/ကျေးရွာ အုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ အနေဖြင့် မိမိ ရပ်ကွက်/ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ကော်မတီနှင့် ဌာနဆိုင်ရာတို့က ဆောင်ရွက်မည့် အစီအစဉ် များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Facebook Like Page