Sunday, November 2, 2014

သမ္မတမဲဖောက်ပေးသော ကံစမ်းမဲပေါက်သည်ဆိုကာ ဖုန်းဆက်ပြီး ငွေလိမ်

Leave a Comment
စီဒီအမ်အေ ၄၅၀ မဂ္ဂါ ဟက်ဖုန်း(ကမ်းရိုးတန်းဖုန်း) ကိုင် သူအချို့ထံ ဖုန်းဆက်၍ ဘက်ဂျက် ပိုငွေများကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကံစမ်းမဲ ဖောက်ရာမဲပေါက်သည်ဆိုကာ ဗိုလ်ကြီးဟု ဆိုသူက ဘဏ်မှ တစ်ဆင့် ငွေလွှဲခိုင်းပြီးကျပ်သိန်း ဆယ်ချီလိမ်လည်မှုများရှိလာကြောင်း သတင်းရရှိသည်။

မကွေးတိုင်း၊ မြိုင်မြို့တွင် နေသူ ဖုန်းနံပါတ်-၄၉.. ကိုင်ထားသူတစ်ဦးထံ အောက်တို ဘာ ၃၀ ရက်က ဖုန်း အကြိမ်ကြိမ် ဆက်၍ ဗိုလ်မှူးကြီး ဆိုကာ ကံစမ်းမဲပေါက်၍ သိန်း  ၆၀၀ ရမည်ဟုဆိုသည်။ ကဲစမ်းမဲ ပေါက်ငွေရရန် အခွန်ငွေကျပ် ၁၂ သိန်း ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ် သို့ လွှဲခိုင်းကာ လိမ်သွားသည်။

‘‘ကမ်းရိုးတန်းဖုန်းတွေက ဈေးကျနေပြီ။ ဒီနှစ် ဘဏ္ဍာရေး နှစ် ဘတ်ဂျက်အတွက် သိန်း ၁,၂၀၀ ပိုနေတယ်။ သမ္မတကိုယ် တိုင်မဲနှိုက်ပြီးတော့ ပေးမယ်လို့ ပြောတယ်။ မဲနှိုက်ရွေးချယ်ခွဲတမ်း ချတာ ၂၇ ဦးပေါက်တယ်။ အဲဒီ ထဲကမှ လူနှစ်ဦးကို ရွေးချယ် ထားတာ ဦးလေးပါတယ်။ သိန်း ၆၀၀ ရမယ်။ ငွေဖြူဖြစ်အောင် ၁၀၀ ကို နှစ်ကျပ်တိုးနဲ့ ၁၂ သိန်း ကျတယ်။ အထက်ကိုဘောက် ချာနဲ့ တင်ပြရမယ်ဆိုပြီး တောက် လျှောက်ဆက်တာဆိုတော့ ယုံပြီး ငွေလွှဲပေးလိုက်တာ’’ဟု အလိမ်ခံ ရသူ မြိုင်မြို့နယ်နေသူက ဖြစ်စဉ် ကို ရှင်းသည်။

ထို့ကြောင့် မြိုင်မြို့နယ်တွင်ဘဏ်မရှိ၍ ပခုက္ကူမြို့ ကမ္ဘောဇ ဘဏ် သို့ သွားရောက်ပြီး မွန်းလွဲ ၂ နာရီတွင် ငွေလွှဲလိုက်ပြီး လွှဲသည့် ငွေကို ရန်ကုန်မြို့ ကမ္ဘောဇ ဘဏ်၊ လှိုင်ဘဏ်ခွဲတွင် အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လူတစ်ဦးက ထုတ်ယူသွားကာ အဆက်အသွယ်ပြတ်သွားသည်။

‘‘ကမ္ဘောဇဘဏ်ကိုလိုက် တော့ မနေ့က လွှဲတာ။ ၂ နာရီ ခွဲလောက်မှာ ဦးဇော်ဘိုဘိုဆိုသူ  လာထုတ်တယ်။ ဘဏ်ကတော့ စခန်းတိုင် အမှုဖွင့်ဖို့ အကြံပြု တယ်။ ထုတ်ယူတဲ့လူရဲ့ စီစီတီဗွီ မှတ်တမ်းလည်း ရှိတယ်’’ ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ တယ်လီဖုန်းဖြင့် လိမ်လည်ခံရမှုများနှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုရဲမှူး ၀င်းကြည်ကို ဆက်သွယ်မေးမြန်း ရာ ‘‘ဒါမျိုးတွေလုပ်လာပြီဆို သက်ဆိုင်ရာရဲစခန်းကိုအကြောင်း ကြားသင့်တယ်။ ငွေမလွှဲခင်သက်ဆိုင်ရာရဲစခန်းကို သတင်းပေးပါ။ သူ့ကို သက်ဆိုင်ရာရဲ စခန်းကနေ ချိတ်ဆက်ပြီး အသွင်ယူပြီးဖမ်းမယ်’’ ဟု ဆိုသည်။

အလားတူဖြစ်စဉ်မျိုး မူဆယ်မြို့ရှိ ကျေးရွာတစ်ရွာမှ လူတစ်ဦးအား နိုင်ငံတော် ထောက်ပံ့ကြေးရမည်ဆိုကာ ဖုန်းဖြင့် အကြိမ်ကြိမ် အကြောင်းကြားခဲ့ပြီး ငွေကျပ်ကိုးသိန်း လွှဲပေးရန် ဖုန်းဆက်အ ကြောင်းကြားခြင်းများရှိကြောင်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်ဖော်ထုတ်ပေးစေချင်ကြောင်း အလိမ်ခံရသူအချို့ထံမှ သတင်း ရရှိသည်။

အောက်တိုဘာ ၁၄ ရက်က ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ နေသူတစ်ဦးအား ဆင်းရဲမှု လျှော့ ချရေးအတွက် မဲဖောက်ရာကျပ် သိန်း ၁,၃၀၀ မဲပေါက်သည်ဟု ဖုန်းနံပါတ်တစ်ခုမှ ဖုန်းဆက်ပြီး ထွန်းထွန်းစိုး ၁၂/တမန(နိုင်) ၀၀၃၃၈၄ သို့ ငွေ ၁၂ သိန်း လွှဲ ပေးခဲ့ရကြောင်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးလှဆွေက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ သည်။

ယင်းနောက် သိပ်မကြာမီ တွင် ‘‘ဖေ့စ်ဘွတ်ခ်သူငယ်ချင်း များ၏ ဖုန်းနံပါတ်များ ၀ိုင်းပေးမှု နှင့် ရိုးမဘဏ် CCTV ၏ ငွေ ထုတ်သူကို ရိုက်ကူးထားမှုကြောင့်၊ ရဲချုပ်ရုံးကို တိုက်ရိုက်ဖုန်းဆက် အကူအညီတောင်းခံခြင်းကြောင့် ငွေ ၁၂ သိန်း လိမ်ထုတ်သွားသူ ထွန်းထွန်းစိုးအား ရန်ကုန်မြို့တွင် ဖမ်းမိပြီး ဂန့်ဂေါရဲတပ်ဖွဲ့မှ သွား ခေါ်နေပြီဖြစ်ကြောင်း’’ ၎င်းက ဆက်လက်ရေးသားထားသည်။

မှတ်ချက်များအနေဖြင့် ဘဏ်တွင် ငွေလာရောက်ထုတ် သူ၏ မှတ်ပုံတင်နံပါတ်သိနေပြီ ဖြစ်သဖြင့် ရဲတပ်ဖွဲ့အနေဖြင့် အ လွယ်တကူဖမ်း၍ ရနိုင်ကြောင်း နှင့် ဆက်သွယ်သော ဖုန်းနံပါတ် ကိုလည်း ဆက်သွယ်ရေးတွင် Register လုပ်ထားသည့်အတွက် လိုက်ရလွယ်ကူကြောင်း မှတ် ချက်များ ပေးထားသည်။

7Day News Journal

0 comments:

Post a Comment

Facebook Like Page